ဘဏ္ဍာရေး စည်းမျဥ်း မချိုးဖောက်မိစေရန် အသုံးစရိတ်တွေကို မဖြစ်မနေ လျော့ချနေရတာပါ။

မနှစ်က ကလပ်ရဲ့ အသုံးစရိတ် လစာငွေက ပေါင် ၂၉၆သန်းထိ ရှိခဲ့ရာမှ ယခုနှစ်မှာတော့ ပေါင် ၁၃၆သန်းထိ လျော့ ချနေခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ စီနီယာ ကစားသမား အချို့ကို လုပ်ခ လစာ လျော့ယူကြဖို့ ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ မက်သရူး အယ်လီမန်နီက ပီကေး၊ရော်ဘတ်တို၊ဘတ်စ်ကွက်ဇ်တို့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံပြီး လစာလျော့ချနိုင်ရေး ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

ကလပ်အသင်းကတော့ တတ်နိုင်သမျှ အသင်းရဲ့ လုပ်ခငွေတွေကို လျော့ချနိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၂၁-၂၂ ဘော လုံး ရာသီမှာ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဥ်း မချိုးဖောက်မိနိုင်စေဖို့ အဓိကထား လုပ်ဆောင်နေတာပါ။

ဒီလိုအခြေအနေကို ဆောင်ရွက်ချင်ရင်တော့ လက်ရှိ အသင်းမှာ ပေးချေနေတဲ့ လုပ်ခ လစာငွေတွေထဲက စုစု ပေါင်း ပေါင် ၁၅၆သန်းလောက်ကို လျော့ချနိုင်ဖို့ လိုအပ်နေတာပါ။

မနှစ်က အသင်းရဲ့ လစာ အကန့်အသတ်က ပေါင် ၂၉၆သန်း ရှိခဲ့ပြီး ယခုနှစ်မှာတော့ ၁၃၆သန်းအထိ လျော့ကျ သွားပါတယ်။

Sportရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကစားသမား တစ်ဦးချင်းစီကို ပုဂ္ဂိုလ်ရေးဆန်တဲ့ အီးလ်မေးတွေ ပေးပို့နေပြီး လက်ရှိ ကလပ် ကြုံတွေ့နေရတဲ့ ဘဏ္ဍာငွေ အခက်အခဲကို လစာငွေ လျော့ယူကြပြီး ဖြေရှင်းပေးနိုင်ဖို့ ညှိနှိုင်းနေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အသင်းရဲ့ ပုံရိပ် ကစားသမား မက်ဆီဟာ အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီး နဂို ရနေတဲ့ လစာကိုလည်း တစ်ဝက်တိတိ လျော့ယူပေးလိုက်ပါတယ်။

ဒါဟာ ဘာစီလိုနာအတွက်တော့ အင်မတန်မှ အားရှိစေမယ့် စာချုပ်တစ်ရပ် ဖြစ်လာခဲ့ပြီး နောက်ထပ်လည်း စီနီယာ ကစားသမားတွေက လစာ လျော့ယူပေးကြမယ်လို့ ကလပ်အသင်းက မျှော်လင့် နေတာပါ။

ကလပ်အသင်းအနေနဲ့ ကစးသမားတွေကို လစာလျော့ယူပေးကြဖို့ တောင်းဆိုနေပေမယ့်လည်း အခြား တစ်ဖက် မှာတော့ အသင်းအတွက် လိုအပ်တဲ့ ကစားသမား ဖြည့်တင်းမှုတွေကိုတော့ လုပ်ဆောင်နေပါတယ်။

အဂူရို၊ဒီပေး၊ဂါစီယာနဲ့အီမာဆင်ရွိုင်ရယ်တို့ကို ခေါ်ယူထားနိုင်တာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က