ကိုဗစ်စတင်ဖြစ်ပွားချိန်ကစပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့တွေ အများကြီးဖြစ်ပေါ်လာခဲ့ပြီး အဲဒီထဲကမှ အကောင်းဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၃ ခုကို ဖော်ပြပေးချင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်ကစပြီး ဘောလုံးလောကအတွင်းမှာ ကလပ်အသင်းတွေရဲ့အာရုံက အလွတ်ခေါ်ယူမှုဘက်ကို အာရုံစိုက်လာခဲ့ကြပါတယ်။

ဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးပိုင်းထိခိုက်နစ်နာမှုတွေရှိလာခဲ့ပြီး ငွေကိုအရင်လိုမသုံးနိုင်ချိန်မှာ ကလပ်အသင်းကြီးတွေကအစအလွတ်ရရှိမယ့်ကစားသမားတွေကို စောင့်ဆိုင်းကြည့်ရှုခဲ့ကြတာပါ။ ကိုဗစ်စတင်ဖြစ်ပွားချိန်ကစပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့တွေ အများကြီးဖြစ်ပေါ်လာခဲ့ပြီး အဲဒီထဲကမှ အကောင်းဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၃ ခုကို ဖော်ပြပေးချင်ပါတယ်။

Photo: Sky Sports

၁။ ဆွာရက်ဇ် (ဘာစီလိုနာ မှ အက်သလက်တီကို)

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာကို နည်းပြသစ်အဖြစ်ရော်နယ်ကိုးမန်းရောက်ရှိလာချိန်မှာတော့ အသင်းစီမံကိန်းထဲမပါဝင်ဘူးလို့ အပြောခံခဲ့ရသူပါ။ အသင်းတာဝန်ရှိသူတွေကလည်း ဆွာရက်ဇ်က အသက်အရွယ်ကြီးမြင့်လာပြီဖြစ်ကာ စွမ်းအင်ပြည့်မကစားနိုင်တော့ဘူးဆိုတဲ့

အကြောင်းပြချက်နဲ့ အသင်းကနေထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်က ဆက်ကစားချင်ပေမယ့် အသင်းကအလိုမရှိချိန်မှာတေ့ာ ဆွာရက်ဇ်တစ်ယောက် နူးကမ့်ကိုစွန့်ခွာပြီး အက်သလက်တီကိုကိုပြောင်းခဲ့ရပါတယ်။ ဒီအပြောင်းအရွှေ့မှာ ဘာကာက ယူရို ၂သန်းရရှိတယ်လို့ သတင်းတွေထွက်လာပေမယ့်

အတည်ပြုနိုင်ခြင်းမရှိဘဲ အလွတ်ခေါ်ယူမှုလို့သာ အားလုံးကသဘောပေါက်ခဲ့ကြပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကိုအတွက် ပထမဆုံးရာသီမှာပဲ လိဂ်ဂိုး ၁၉ ဂိုးသွင်းယူပေးပြီး အသင်းကို စပိန်အမှတ်ပေးဖလားရယူပေးနိုင်ခဲ့ပါတယ်။ အသင်းဟောင်းဘာစီလိုနာကတော့ ဆွာရက်ဇ်မရှိချိန်မှာ မက်ဆီတစ်ဦးတည်းကို

အားကိုးနေခဲ့ရပြီး ကိုပါဒယ်ရေးဖလားသာဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ သူ့ကိုထုတ်ပစ်ခဲ့တာမှားယွင်းကြောင်းကို ခြေစွမ်းနဲ့သက်သေပြခဲ့ပြီး အက်သလက်တီကိုနဲ့ ဖလားရယူနိုင်ခဲ့ချိန်မှာ ကွင်းအတွင်း ချုံးပွဲချငိုကြွေးတဲ့အထိ စိတ်ခံစားချက်ပြင်းထန်ခဲ့ပါတယ်။

Photo: Independent

၂။ ကာဗာနီ (ပီအက်စ်ဂျီ မှ ယူနိုက်တက်)

ဆွာရက်ဇ်နည်းတူ ဥရုဂွေးတိုက်စစ်မှူးလည်းဖြစ်၊ အသက်အရွယ်လည်း အတူတူပဲဖြစ်တဲ့ ကာဗာနီကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာ ယူနိုက်တက်ဆီ အလွတ်နဲ့ရောက်ခဲ့ပါတယ်။ တစ်နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နာမည်ကျော်ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရရှိခဲ့တဲ့ ကာဗာနီဟာ

နယ်မြေသစ်ပရီးမီးယားလိဂ်မှာတော့ လူငယ်တစ်ဦးအလားခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ဘောလုံးပညာနဲ့ သမ္ဘာကို ပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ နံပါတ် ၉ တိုက်စစ်မှူးစစ်စစ်ကို ပြန်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ကာဗာနီက လိဂ်ဂိုး ၁၀ ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၁၇ ဂိုးအထိ ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ်

ဆီမီးဖို်င်နယ်အဆင့်မှာ ရီုးမားကို နှစ်ကျော့ပေါင်း ၄ ဂိုးအထိ သွင်းယူခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာဆိုရင် ကွင်းလယ်တဝက်လောက်ကနေ ဂိုးသမားကိုပါကျော်သွင်းပြီး လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူပြခဲ့ပါတယ်။ လူငယ်ကစားသမားတွေအတွက် ဥပမာယူစရာတိုက်စစ်မှူးဖြစ်ခဲ့သလို သူ့ရဲ့စိတ်ဓာတ်ပြင်းပြမှုက ယူနိုက်တက်အတွက်ပါ အကျိုးအများကြီး

ရှိခဲ့ပြီး နောက်ထပ်စာချုပ်သက်တမ်းတစ်နှစ်တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်တို့အရေးနိမ့်ခဲ့လို့ ဆုဖလားလက်မဲ့ရာသီကြုံခဲ့ရပြီး ကာဗာနီကတော့ ဗိုလ်လုပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။

Photo: Sabah

၃။ သီယာဂိုဆေးလ်ဗား (ပီအက်စ်ဂျီ မှ ချယ်လ်ဆီး)

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့အချိန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ကုန်ဆုံးခဲ့ပြီလို့ ယူဆပြီး ပီအက်စ်ဂျီအသင်းက ဆေးလ်ဗားကိုလက်လွှတ်ခဲ့ပါတယ်။ ဘရာဇီးလ်နောက်ခံလူကို ချယ်လ်ဆီးနည်းပြလမ်းပတ်က ခေါ်ယူခဲ့ကာ အသင်းခံစစ်ပိုင်းမှာ အဓိကကစားသမားအဖြစ် ကစားစေခဲ့ပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ဦးဆောင်နိုင်မှုက

ချယ်လ်ဆီးမှာ တန်ဖိုးကြီးမားခဲ့ပြီး လမ်းပတ်ထုတ်ပယ်ခံရပြီး ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်လ်ရောက်လာချိန်မှာတော့ သီယာဂိုရဲ့အစွမ်းအစက ပိုမိုပေါ်လွင်ခဲ့ပါတယ်။ တူချယ်လ်လက်အောက်မှာ ချယ်လ်ဆီးဟာ ဂိုးသွင်းရခက်တဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပြီး သီယာဂိုက အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းနဲ့

အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်ခဲ့ပြီး သီယာဂိုဆေးလ်ဗားတစ်ယောက် ပီအက်စ်ဂျီမှာမရရှိခဲ့တဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ ဒီကစားသမားအတွက် ချယ်လ်ဆီးဟာ ပြောင်းရွှေ့ကြေးမပေးချေခဲ့ဘဲ ရရှိခဲ့တာဖြစ်လို့ ပိုမိုအဖိုးတန်ခဲ့ပြီး သူ့ရဲ့ဦးဆောင်မှုနဲ့အတူ ရူဒီဂါ၊ ရီဆီဂျိမ်းစ်တို့လို ကစားသမားတွေရဲ့ ခြေစွမ်းလည်း

တိုးတက်လာခဲ့ပြီး ချယ်လ်ဆီးရဲ့ အဓိကထောက်တိုင်တွေဖြစ်လာခဲ့ပါတယ်။ 





က္က