ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ လီဗာပူး ဂန္တဝင် ကစားသမားကြီး စတီဗင်ဂျာရတ် တာဝန်ယူကိုင်တွယ်နေတဲ့ စကော့တလန်ကလပ် ရိန်းဂျားအသင်းပဲ ဖြစ်ပါ တယ်။

ကမ္ဘာကျော် ဘောလုံးအသင်းတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်၊ဘာစီလိုနာနဲ့ ယူနိုက်တက်အသင်းတွေဟာ ဥရောပရဲ့ ဆုဖလား အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲမှာ ပါဝင်နေပေမယ့်လည်း အများဆုံး ပိုင်ဆိုင်ထားတဲ့ ထိပ် ဆုံးက အသင်းစာရင်းမှာတော့ မပါဝင်နေပါဘူး။

Photo: BBC

ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးအသင်းကို ဖော်ပြရာမှာတော့ သက်ဆိုင်ရာလိဂ်နဲ့ ဥရောပနဲ့ နိုင်ငံတကာ ပြိုင်ပွဲ အရပ်ရပ်မှာ ရရှိထားတဲ့ ဆုဖလား အရေအတွက်နဲ့ တိုင်းတာမယ်ဆိုရင်တောင် ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရီးရဲနဲ့ ဘာစီလိုနာ မပါဝင်သလို ယူနိုက်တက်လည်း ရှိမနေပါဘူး။ SPORTINGFREE သတင်းဌာနဲ့ ၂၀၂၁ခုနှစ်အထိ တွက်ချက် ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဆုဖလား အများ ဆုံး ပိုင်ဆိုင်ပြီး ဥရောပရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ လီဗာပူး ဂန္တဝင် ကစားသမားကြီး စတီဗင်ဂျာရတ် တာဝန်ယူကိုင်တွယ်နေတဲ့ စကော့တလန်ကလပ် ရိန်းဂျားအသင်းပဲ ဖြစ်ပါ တယ်။

Photo: The Telegraph

ရိန်းဂျားအသင်းဟာ ဥရောပမှာ ဆုဖလား အများဆုံး ဆွတ်ခူးထားပြီး အအောင်မြင်ဆုံးအသင်းဘွဲ့ကို ခံယူထားနိုင် လိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားမှာမဟုတ်ပါဘူး။လက်တွေ့မှာတော့ ရိန်းဂျားအသင်းဟာ ဆုဖလားပေါင်း ၁၁၉ လုံးကိုပိုင်ဆိုင်ထားပြီး လိဂ်အမှတ်ပေးဖလား ရရှိမှု အရေအတွက်မှာလည်း အခြားအသင်းအားလုံးထက် သာ လွန်နေတာကိုတွေ့ရပါတယ်။ပြည်တွင်းလိဂ် အမှတ်ပေးဖလား ၅၄လုံး၊စကော့တစ်ရှ် ရှုံးထွက်ဖလား ၃၃လုံးနဲ့ လိဂ်ရှုံးထွက်ဖလား ၂၇လုံးနဲ့ စုစု ပေါင်း ၁၁၉လုံးပိုင်ဆိုင်ထားတာပါ။


ရိန်းဂျားအသင်းပြီးတော့ ဒုတိယ ဆုဖလား အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်းကတော့ ဆဲလ်တစ်အသင်းပဲ ဖြစ် ပြန်ပါတယ်။ ဆဲလ်တစ်အသင်းဟာလည်း အမှတ်ပေးဖလား ၄၈ကြိမ်၊စကော့တစ်ရှ် ရှုံးထွက်ဖလား ၃၇ကြိမ်နဲ့ ဥရောပပြိုင်ပွဲဆုဖလားကို ပထမဆုံး ပိုင်ဆိုင်ထားတဲ့ စကော့တလန်ကလပ်အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ အဲ့နောက် အဆင့် ၃နေရာမှာတော့ ဘာစီလိုနာအသင်းက ရပ်တည်နေပြီး လာလီဂါ အမှတ်ပေးဖလားကို ၂၄ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂၆ကြိမ်၊ကိုပါဒီလာလီဂါ ၂ကြိမ်နဲ့ စပိန်စူပါဖလား ၁၁ကြိမ်တို့ကို ဆွတ်ခူးထားပါတယ်။ နိုင်ငံ တကာ ပြိုင်ပွဲတွေမှာတော့ ချန်ပီယံလိဂ် ၄ကြိမ်၊ဥရောပWinner’s Cup ၄ကြိမ်၊ဥရောပ စူပါဖလား ၄ကြိမ်၊ကလပ် ကမ္ဘာ့ဖလား ၂ကြိမ်တို့ကိုပိုင်ဆိုင်ထားပါတယ်။ စုစုပေါင်း ဆုဖလား အရေအတွက်ကတော့ ၈၇လုံးသာ ပိုင်ဆိုင်ထား နိုင်တာပါ။

Photo: The New York Time

ရီးရဲအသင်းက ပြည်တွင်းပြည်ပ ဆုဖလားပေါင်း ၈၅ကြိမ်နဲ့ စတုတ္ထနေရာမှာလည်းကောင်း၊ဘန်ဖီကာအသင်းက ၈၁ ကြိမ်နဲ့ ပဥ္စမနေရာမှာလည်းကောင်း၊ပေါ်တိုအသင်းက ၇၄ကြိမ်နဲ့ ဆဌမနေရာမှာလည်းကောင်း၊ဘိုင်ယန်မြူး နစ်အသင်းက ၆၉ကြိမ်နဲ့ သတ္တမနေရာမှာလည်းကောင်း၊မန်ချက်စတာယူနိုက်တက်အသင်းက ၆၈ကြိမ်နဲ့ အဌမ နေရာမှာလည်းကောင်း၊ဂျူဗင်တပ်အသင်းက ၆၂ကြိမ်နဲ့ နဝမနေရာမှာလည်းကောင်း အသီးသီး ရပ်တည်နေကြ တာတွေ့ရပါတယ်။





က္က