၂၀၂၁ခုနှစ်အတွင်းမှာလည်း ပြေးအားနှုန်းကြောင့် နာမည်ကျော်ကြားလာတဲ့ ကစားသမားတွေများစွာပေါ်ထွက်လာခဲ့ပြီး အများစုကတော့ လူငယ် ကစားသမားတွေသာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ ခေတ်အဆက်ဆက် သူမတူတဲ့ ပြိုင်စံရှား ကစားသမားတွေ များစွာ ထွက်ပေါ်ခဲ့ဖူး ပါတယ်။

အချို့က ဘောလုံး ကျွမ်းကျင်မှုကြောင့်၊အချို့က ဂိုးသွင်းစွမ်းရည်ကြောင့်၊အချို့က ပေးပို့မှု တိကျမှု ကြောင့်၊အချို့ကတော့ လျင်မြန်တဲ့ ပြေးအားကြောင့် အသီးသီး နာမည်ကြီး လူသိများကြပါတယ်။ယခု ၂၀၂၁ခုနှစ်အတွင်းမှာလည်း ပြေးအားနှုန်းကြောင့် နာမည်ကျော်ကြားလာတဲ့ ကစားသမားတွေများစွာပေါ်ထွက်လာခဲ့ပြီး အများစုကတော့ လူငယ် ကစားသမားတွေသာ ဖြစ်ပါတယ်။

Photo: FC Bayern Munich

ကိုင်စလီကိုးလ်မန်း(ဘိုင်ယန်မြူးနစ်)

အသက် ၂၄နှစ်အရွယ် ပြင်သစ် ဘယ်တောင်ပံ ကစားသမားလေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ လျင်မြန်တဲ့ အတက်အဆင်းကစားဟန်ကြောင့် နေရာတစ်ခုရရှိထားသလို ပြင်သစ်လက်ရွေးစင်အသင်းကြီးအတွက်လည်းအား ထားရတဲ့ ကစားသမားတစ်ဦး အဖြစ် ရှိနေပါတယ်။ သူ့ရဲ့ အမြန်နှုန်းဟာ တစ်နာရီကို ၃၄.၈၃ ကီလိုမီတာ နှုန်း အထိ ပြေးနိုင်တယ်လို့ သိရပါတယ်။

Photo: KingFut

မိုဟာမက်ဆာလာ(လီဗာပူး)

ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားစာရင်းဝင် တစ်ဦးဖြစ်တဲ့ အီဂျစ်ကင်းလို့ တင်စားခေါ်ဝေါ်ခြင်း ခံထားရသူကတော့ ဆာလာ ဖြစ်ပါတယ်။လျင်မြန်မှုနှင့်အတူ နေရာယူမှု အားကောင်းတဲ့ ဆာလာအတွက် သွင်းဂိုး တွေက လွယ်ကူစေပါတယ်။ လက်ရှိမှာ အသက် ၂၈နှစ်ရှိနေပြီ ဖြစ်ပေမယ့် ကြံ့ခိုင်မှု ကောင်းကြောင့် မြန်နှုန်းကို ထိန်းထားနိုင်ဆဲ ဖြစ်ပြီး တစ်နာရီကို ၃၅ ကီလိုမီတာအထိ ပြေးနိုင်တယ်လို့ သိရပါတယ်။

Photo: Daily Star

အက်ဒ်မာထရာအိုရီ(ဝုလ်)

လူသန်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ ထရာအိုရီဟာ ခန္ဓာကိုယ် တောင့်တင်းသလောက် ပြေးအားလည်း ကောင်းလှသူပါ။ ပုံမှန်ဆိုရင် ဝိတ်ကြီးတဲ့သူတွေဟာ ပြေးအား နည်းကြပေမယ့် ထရာအိုရီက နှစ်ခုစလုံးကို အချိုး ညီညီ တည်ဆောက်ထားနိုင်သူလို့ ဆိုရမှာပါ။ တစ်နာရီကို ၃၅.၃၂ကီလိုမီတာအထိ ပြေးနိုင်တဲ့ ထရာအိုရီကို စပိန် လက်ရွေးစင်အသင်းက ခေါ်ဆောင်ထားပါတယ်။

Photo: Daily Mail

အော်ဘာမီယန်း(အာဆင်နယ်)

အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂါဘွန်တိုက်စစ်မှူးကလည်း ကြံ့ခိုင်မှုကောင်းကို ထိန်းသိမ်းထား နိုင်ပြီး မြန်နှုန်းမြင့် ပြေးအားကိုလည်း ပိုင်ဆိုင်ထားဆဲပါ။ တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်အတွေ့တွေမှာဆိုရင် သူ့ ကိုတားယူဖို့ ခက်ခဲနေတာဟာ ဘောစနှင့်အတူ ပြေးအားကြောင့်လို့ ဆိုရမှာပါ။ တစ်နာရီကို ၃၅.၅ ကီလိုမီတာ အထိ ပြေးနိုင်ပါတယ်။

Photo: STARTSports

ကိုင်လီဘတ်ပေ(ပီအက်စ်ဂျီ)

လိပ်နင်ဂျာလေးအလား ပေါ့ပါး သွက်လျက်တဲ့ ဘတ်ပေကတော့ အသက် ၂၁နှစ်အရွယ်နဲ့မမျှတဲ့ အောင်မြင်မှုတွေ ကို ပိုင်ဆိုင်ထားသူပါ။ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဘာစီလိုနာအသင်းဖက်ကို ဟက်ထရစ်သွင်းယူပြီး ကစားပြ သွားတာကတော့ အားလုံးအမြင်ပါ။သူ့ရဲ့ ပြေးအားကလည်း တစ်နာရီကို ၃၆ ကီလိုမီတာအထိ ရှိနေပါတယ်။

Photo: Goal.com

အဲရစ်ဟာလန်း(ဒေါ့မွန်)

အသက် ၂၁နှစ်သာရှိသေးတဲ့ နော်ဝေး တိုက်စစ်မှူးလေး ဟာလန်းကတော့ မြင့်မားတဲ့ အရပ်ကြောင့် အပြေးနည်း မယ်လို့ ယူဆလို့ရပေမယ့်လည်း တကယ်တမ်းမှာတော့ သူမတူတဲ့ ခြေလှမ်းကြဲကြီးတွေနဲ့ လျင်မြန်လွန်းသူပါ။ လက်ရှိမှာလည်း ဒေါ့မွန်အသင်းရဲ့ အမြန်ဆုံး ကစားသမားဘွဲ့ကို ခံယူထားနိုင်ပြီး တစ်နာရီ အမြန်နှုန်း ၃၆.၀၄ ကီ လိုမီတာ ပြေးအားရှိပါတယ်။

Photo: Goal.com

အယ်လ်ဖွန်ဆို ဒေဗီးစ်(ဘိုင်ယန်မြူးနစ်)

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ကစားနေရတဲ့ ဒေဗီးစ်ဟာ ဘာစီလိုနာအသင်းနဲ့ ပွဲတုန်းက ပြိုင်ဖက် ကစားသမားကို ကျော်ဖြတ် ပြခဲ့တဲ့ ကစားဟန်ဟာ ပြောမဆုံးနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ အခုချိန်ထိတော့ တွက်ချက်ဖော်ပြထားတဲ့ စာရင်းတွေအရ ဒေဗီးစ်ဟာ ဘောလုံးလောကရဲ့ အမြန်ဆုံး ကစားသမား အဖြစ် တစ်နာရီကို ကီလိုမီတာ ၃၆.၅၁ အထိ ပြေးနိုင်ပြီး တင်ရှိထားပါတယ်။





က္က