စတီးဝပ်‌ ဒေါင်းနင်းဟာ ကစားသမားဘဝက အပြီးတိုင် အနားယူခဲ့ပါပြီ။

အနားယူချိန်မှာတော့ ၃၇နှစ်ရှိပြီ ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် မတူညီတဲ့ ကလပ်အသင်းပေါင်း ၆သင်းမှာ ပွဲ ၇၀၀ကျော်ကစားခဲ့ပြီး ဂိုး၇၀ကျော် သွင်းနိုင်ခဲ့ပါတယ်။

မြန်မာ ဘောလုံး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ဒေါင်းနင်း ဒေါင်းနင်းဆိုပြီး စွဲဆို စမှတ်ပြုခဲ့ရဖူးသူ တစ်ဦး ဖြစ်ခဲ့သူ တစ်ဦးဟာ အခုအခါမှာတော့ ဘောလုံး ကစားခြင်းကနေ အပြီးအပိုင် အနားယူခဲ့ပါပြီ။

ဒေါင်းနင်းဟာ အနားယူချိန်မှာ အသက် ၃၇နှစ်ရှိနှင့်ပြီ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ကလပ်အသင်းကတော့ ချန်ပီ ယံရှစ်ကလပ် ဘလက်ဘန်းအသင်းမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀လောက် ကျင်လည်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အနားယူချိန်မှာ ဆုံးဖြတ်ချက်တွေ ဟာ ခက်ခဲမှာ မှန်ပေမယ့် သူဟာ ပြတ်သားစွာပဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒေါင်းနင်းရဲ့ သမိုင်းကို ပြန်လှန်ကြည့်ရမယ်ဆိုရင် ရင်ဘတ်ပေါ်မှာ ၈သုံးလုံး တံဆိပ်ကလေးနဲ့ ရဲရဲတောက် ကလပ် အသင်းတစ်သင်းရှိခဲ့ပါတယ်။

မြန်မာ ပရိသတ်တွေက ဘိုရို ဘိုရိုဆိုပြီး တိုတိုတုတ်တုတ် ခေါ်လေ့ရှိတဲ့ မစ်ဒယ်ဘရော့ အသင်းမှာ ‌ဒေါင်းနင်းဟာ လူငယ်ဘဝ ခြေရည်ခြေသွေးကို တောင်ပံ တစ်လျှောက် ပြသရင်း ပရီးမီးယားလိဂ် ဇာတ်ခုံပေါ်ကို တက်ကခဲ့ပါ တယ်။

အဲ့နောက် ၂၀၀၉မှာ ဘိုရို တန်းဆင်းတော့ ဒေါင်းနင်းဟာ အက်စတန်ဗီလာအသင်းထံကို ကူးပြောင်းပြီး ပရီးမီးယား လိဂ်ဇာတ်ကို ထပ်ကခဲ့ပါသေးတယ်။

လူလတ်ပိုင်းအရွယ်မှာတော့ ဒေါင်းနင်းဟာ အတွေ့အကြုံရော ပညာရော ပြည့်ဝလာလို့ လီ‌ဗာပူးအသင်းကြီးက ခေါ်ယူခဲ့သလို အင်္ဂလန် လက်ရွေးစင်အသင်းအတွက်လည်း အားထားလာရပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားမှာ တစ်ကြိမ် ၂၀၁၂ ယူရိုပြိုင်ပွဲမှာ တစ်ကြိမ် ဒေါင်းနင်းဟာ အင်္ဂလန်အတွက် ရွေးချယ်ခြင်း ခံခဲ့ရပြီး နိုင်ငံအသင်းအတွက်လည်း ကိုယ်စားပြုခွင့်ရခဲ့ပါတယ်။

အခြားအသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းမှာလည်း ကစားခဲ့သလို နောက်ဆုံး ဘိုရိုမှာ တစ်ကျော့ ပြန်ကစား ပေးပြီး တန်းပြန်တက်လာအောင်လည်း ကူညီနိုင်ခဲ့သူပါ။

ဘယ်သန် ကစားသမားကောင်းတွေထဲမှာ ဒေါင်းနင်းကို ချန်ထားလို့ မရပါဘူး။ဒေါင်းနင်းဟာ လွန်ခဲ့တဲ့ ၁၂နှစ် လောက်က ပေါင် သန်း ၂၀တန်တဲ့ ကစားသမားတစ်ဦးဆိုတာ ယခု ပေါက်ဈေးအရ ချိန်ထိုးကြည့်နိုင်ပါတယ်။

မတူညီတဲ့ ကလပ်အသင်း ၆သင်းမှာ ပွဲပေါင်း ၇၀၀ကျော်နဲ့ ဂိုးပေါင်း ၇၀ကျော် သွင်းခဲ့နိုင်တဲ့ ဒေါင်းနင်းဟာ နိုင်ငံ အသင်းအတွက်လည်း ၃၅ပွဲကစား ပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က