အပြောင်းအရွှေ့အတွက် စိတ်လှုပ်ရှားနေတာပါ။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ စျေးကွက်မပိတ်ခင်မှာ အသင်းပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေပြီး ရီးရဲလ်မက်ဒရစ်ကလည်း ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။


လီဗာပူးလ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဟိုဆေးအင်းနရစ်က သူ့ရဲ့အသင်းဟောင်းကိုသာ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီရောက်ရှိလာခဲ့မယ်ဆိုရင် ကိုယ်လုံးတီးနဲ့ရေကူးကန်ထဲ ခုန်ချမှာကို Live လွှင့်ပြသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီကနေ ထွက်ခွာချင်နေတဲ့ ဘတ်ပီကို လီဗာပူးလ်က ကာလရှည်စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ 


အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ စျေးကွက်မပိတ်ခင်မှာ အသင်းပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေပြီး ရီးရဲလ်မက်ဒရစ်ကလည်း ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဘတ်ပီက ငြင်းဆန်ထားလို့လည်း သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေအတွက် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ 


အန်ဖီးလ်မှာ ၅ နှစ်ကြာကစားခဲ့တဲ့ အင်းနရစ်ဟာ လီဗာပူးလ်အပေါ် သံယောဇဉ်ရှိနေဆဲဖြစ်ပြီး ဘတ်ပီရဲ့သတင်းနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံလူက သူ့ရဲ့အင်စတာဂရမ်မှာ "ဘတ်ပီသာ ရောက်လာခဲ့မယ်ဆိုရင်တော့ ရေကူးကန်ထဲ ဘာမှမဝတ်ဘဲ ခုန်ချမယ့်ဟာကို ကျွန်တော် Live လွှင့်သွားမယ်" လို့ ရေးသားခဲ့ပါတယ်။ 


ဘတ်ပီကို ပီအက်စ်ဂျီက မရောင်းချချင်နေပေမယ့် ကစားသမားရဲ့ ဆန္ဒကပြင်းပြနေတာလည်းဖြစ်ပါတယ်။ တကယ်လို့သာ စာချုပ်သစ်လည်းမချုပ်ဆိုနိုင်၊ ရောင်းလည်းမရောင်းချခဲ့ဘူးဆိုရင်တော့ လာမယ့်ဇန်နဝါရီလမှာ ဘတ်ပီက နှစ်သက်ရာအသင်းနဲ့ အကြိုသဘောတူညီမှုရယူထားနိုင်မှာဖြစ်ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့သွားတော့မှာလည်းဖြစ်ပါတယ်။ 



က္က