အမြဲတမ်းနိုင်နေကျ အမ်ပိုလီကို ရှုံးနိမ့်ခဲ့တာပါ။

ရော်နယ်ဒိုကို အသင်းကနေ ပြန်လည်ရောင်းထုတ်လိုက်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ အမ်ပိုလီနဲ့ပွဲမှာတော ့အိ်မ်ကွင်းမှာပဲအရေးနိမ့်သွားခဲ့ပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်ဆီရောင်းချဖို့ သဘောတူအပြိး ပထမဆုံးကစားတဲ့ပွဲမှာပဲ အရေးနိမ့်ခဲ့တာဖြစ်ကာ ပေါ်တူဂီတိုက်စစ်မှူးကို လွမ်းစေဖို့ အကြောင်းတွေဖန်နေပြီလားလို့တောင် ဆိုရပါတော့မယ်။ 

ဒီဘာလာ၊ ချီယေဆာတို့ကို တိုက်စစ်မှာအသုံးပြုခဲ့ပြီး ဒန်နီလိုကို ကွင်းလယ်အဖျက်နေရာမှာ အသုံးပြုခဲ့တဲ့ အယ်လီဂရီရဲ့ လူထုတ်ပုံကလည်း ထူးဆန်းပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ အမ်ပိုလီက တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပြီး ကျန်ပွဲချိန်တွေမှာ ဂျူဗီတို့ ချေပဂိုးတောင် ပြန်မရခဲ့ဘဲ အရေးနိမ့်ခဲ့ကာ ရာသီအဖွင့် ၂ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ လူစားလဲမှုတွေပြုလုပ်ခဲ့ပေမယ့် ဂျူဗီတို့အတွက် ကယ်တင်ရှင်မဲ့နေခဲ့ပါတယ်။ ဒါဟာ အရေးအကြောင်းဆို အသင်းကိုကယ်တင်ပေးနေကျ ရော်နယ်ဒိုကို သတိရဖို့ဖြစ်နေခဲ့ရပါတယ်။ အူဒီနီးနဲ့ပွဲမှာလည်း ၂ ဂိုးစီသရေကျနေချိန် ရော်နယ်ဒိုဝင်လာခဲ့ပြီး လှပတဲ့ခေါင်းတိုက်သွင်းချက်ကနေ အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့လို့သာ ဂျူဗီတို့ နိုင်ပွဲမရခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ရော်နယ်ဒိုက အသင်းရဲ့ ထိပ်သီးဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူ့ကိုတည်ပြီး အသင်းကစားဟန်ကို ဖော်ဆောင်ခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ အယ်လီဂရီက ဒီလိုမျိုးမပြုလုပ်ချင်တော့ဘဲ ဒီဘာလာ၊ မိုရာတာ၊ ချီယေဆာတို့ကို ပိိုမိုဦးစားပေးနေချင်ပြီး ရော်နယ်ဒိုနဲ့ အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့ကာ အဆုံးသတ်မှာ အသင်းကနေထွက်ခွာခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ 



က္က