စုပေါင်းအားက အရေးကြီးတယ်လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအတွက် နှစ်ပေါင်းများစွာကစားပေးခဲ့တဲ့ မက်ဆီဟာ ရာသီသစ်မစခင်မှာပဲ ပီအက်စ်ဂျီကိုု အလွတ်ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဘာစီလိုနာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။ 


ဘာစီလိုနာအသင်းကွင်းလယ်လူဘက်ကွက်စ်က သူတို့အသင်းကနေ မက်ဆီထွက်ခွာခဲ့လို့ Shock ဖြစ်ခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကိုတော့ သူတို့ရယူနိုင်စွမ်းရှိသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအတွက် နှစ်ပေါင်းများစွာကစားပေးခဲ့တဲ့ မက်ဆီဟာ ရာသီသစ်မစခင်မှာပဲ ပီအက်စ်ဂျီကိုု အလွတ်ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဘာစီလိုနာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။ 

ဘာစီလိုနာအသင်းသားတွေအပါအဝင် ပရိသတ်တွေဟာ မက်ဆီထွက်ခွာမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ဘက်ကွက်စ်ကတော့ အသင်းအပေါ် ယုံကြည်မှုပြည့်ဝနေပြီး မက်ဆီမရှိတော့ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို သူတို့ရယူနိုင်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


မက်ဆီထွက်ခွာခဲ့မှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဘက်ကွက်စ်က "တကယ်ကို ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်၊ သူက ဘာစီလိုနာအတွက်ရော၊ ကျွန်တော့်အတွက်ပါ အရာအားလုံးကို ပေးဆပ်ခဲ့တဲ့ကစားသမားပါ၊ ဒါက လွယ်လွယ်နဲ့ ကျေညက်သွားဖို့ခက်တဲ့ ခံစားချက်လည်းဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပုံပြင်ပြောင်းလဲဖို့အခွင့်အရေးရှိပါတယ်၊ ရာသီအစပဲရှိနေသေးပြီး လီယိုမပါဘဲ ကစားတာကို အထိုင်ကျအောင် လုပ်ရပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


ဘာကာကတော့ လာမယ့်ချန်ပီယံလိဂ်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့အဖွင့်ပွဲစတင်ကစားရမှာဖြစ်ပါတယ်။ ဘက်ကွက်စ်က "ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီမှာ ရေပန်းမစားဘဲနဲ့ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်၊ စုပေါင်းအားက အရေးကြီးတဲ့အရာဖြစ်ပြီး ကျွန်တော်တို့မှာ လီယိုရဲ့ တစ်ဦးချင်းအရည်အသွေးတွေမရှိတော့ဘူးဆိုတာကို သိပါတယ်၊ ကျွန်တော်တို့ဒီမှာရှိနေတယ်၊ အခက်အခဲတွေကို စိတ်လှုပ်ရှားပြီး သတိထားမိပါတယ်၊ ဒါပေမယ့် ရည်မှန်းချက်တွေရှိနေပြီး ချန်ပီယံလိဂ်ဖလားကို ရယူချင်ပါတယ်" လို့ ဆိုပါတယ်။ 



က္က