ရာသီသစ်မှာလည်း သူ့ခြေစွမ်းက တောက်ပနေဆဲပါ။

တစ်ပွဲကို ပျမ်းမျှအားဖြင့် ဟာလန်းက သွင်းဂိုး ၂ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားကာ ဒေါ့မွန်ကို အကျိုးပြုနေဆဲဖြစ်ပါတယ်။ 


စနေနေ့က ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒေါ့မွန်က ဟော့ဖန်ဟိမ်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုး ၂ ဂိုးအထိ ရရှိခဲ့တဲ့ ဒေါ့မွန်ဟာ ဟော့ဖန်ဟိမ်းရဲ့ ချေပဂိုးတွေကြောင့် သရေကျသွားခဲ့ရပြီး နာကျင်အချိန်ပိုမှာမှ ဟာလန်းက အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ အသင်းကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ 

ဒီဂိုးကတော့ ဟာလန်းအတွက် ဘွန်ဒက်လီဂါသွင်းဂိုး ၃ ဂိုးမြောက်ဖြစ်ပြီး ဒီရာသီမှာဆိုရင်တော့ ၅ ပွဲကစားအပြီးမှာ ၆ ဂိုးသွင်းယူကာ ၃ ကြိမ်အထိ ဖန်တီးပြီး ခြေစွမ်းပြနေပြီဖြစ်ပါတယ်။ ဒါဟာ တစ်ပွဲကို ပျမ်းမျှအားဖြင့် ဟာလန်းက သွင်းဂိုး ၂ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားကာ ဒေါ့မွန်ကို အကျိုးပြုနေဆဲဖြစ်ပါတယ်။ 

ဘွန်ဒက်လီဂါအဖွင့်ပွဲဖြစ်တဲ့ ဖရန့်ဖတ်နဲ့ပွဲမှာလည်း ဟာလန်းက သွင်းဂိုး ၂ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပိုကယ်ဖလားပထမအဆင့်ပွဲစဉ်မှာ ဝီဟန်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့စဉ်ကလည်း သူက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ ပင်တိုင်ဂိုးသွင်းရှင်အဖြစ် ရှိနေခဲ့ပြီး ဘယ်လိုမှပစ်ပယ်လို့မရတဲ့ ကစားသမားတစ်ဦးဆိုတာကို သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


မနေ့က ကစားခဲ့တဲ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်ကလည်း ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပြီး ဟာသာဘာလင်ကို ၅-၀ နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ လီဝန်ဒေါစကီးက ဟက်ထရစ်သွင်းယူခဲ့ပြီး လိဂ်ဂိုး ၅ ဂိုးအထိ ရရှိသွားခဲ့ပါတယ်။ ဒါဟာ ရာသီအစမှာပဲ လီဝန်ဒေါစကီးနဲ့ ဟာလန်းတို့ရဲ့ အားပြိုင်နေမှုတွေကို မြင်တွေ့နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ အရှုံးပေးခဲ့ရတဲ့ ဟာလန်းတစ်ယောက် ဒီတစ်ကြိမ်မှာ အနိုင်ယူနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပြီဖြစ်ပါတယ်။ 



က္က