• International Sports
    ပီအက်စ်ဂျီတိုက်စစ်မှူးကို စိတ်ဝင်စားလာပြီဖြစ်တဲ့ ရီးရဲလ်
Pyae Phyo Thein
[Unicode Version]

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် (၄၈)ပွဲ ကစားပေးပြီး (၄၀)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

Edinson-Cavani-PSG-vs-Celtic-Champions-League-2017-1100x757.jpg 

ရီးရဲလ်အတွက် တစ်ရာသီကို ပျှမ်းမျှ ဂိုးပေါင်း (၅၀)လောက် သွင်းယူပေးနိုင်တဲ့ ရော်နယ်ဒိုရဲ့ နေရာအတွက် ရီးရဲလ်မက်ဒရစ်ဟာ ရော်နယ်ဒိုလိုပဲ ဂိုးသွင်းအားကောင်းတဲ့ ကာဗာနီကို မျက်စိကျလာတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နာပိုလီအသင်းက ပီအက်စ်ဂျီကို ပြောင်းရွှေ့လာပြီးနောက် ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

image.assets.pressassociation.io2_.33843287-86b68bf4b453fe7f39befe036ce9d2cb635f3ca7.jpg 

ဒါပေမယ့်လည်း ရီးရဲလ်အနေနဲ့ ကာဗာနီကို ခေါ်ယူရရှိနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရဖွယ်လည်း ရှိနေပါတယ်။ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်လ်ခီလိုင်ဖီရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကစားသမားရဲ့ ဆန္ဒပေါ်မှာ မူတည်နေခဲ့ပြီ ဖြစ်ပါတယ်။

ကော်တိုရစ်နဲ့ ရီးရဲမက်ဒရစ်အသင်း သဘောတူညီမှု ရရှိ 

ကာဗာနီနဲ့ပီအက်စ်ဂျီတို့ဟာ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ပြီးခဲ့တဲ့ ရာသီကမှ စာချုပ်သစ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ တစ်နှစ်ကို လုပ်ခလစာ ယူရို (၁၂)သန်း ရရှိနေသူဖြစ်ပြီး သူ့ရဲ့ လစာမြင့်မားမှုက ရီးရဲလ်အတွက် အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ ပီအက်စ်ဂျီကလည်း ကစားသမားအတွက် အနည်းဆုံး ယူရိုသန်း ၁၀၀ ရရှိမှ ရောင်းချမယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

3Gduepif0T1UGY8H4xMDoxOjBzMTt2bJ.jpg 

ပီအက်စ်ဂျီအသင်းဖော် နေမာနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေဖြစ်နေသလို နေမာကို ဦးစားပေးနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ လုပ်ရပ်တွေကြောင့်လည်း ကာဗာနီဟာ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူး ဘာပေရဲ့ ခြေစွမ်းပြသမှုနဲ့အတူ ပီအက်စ်ဂျီရဲ့ ရေရှည်စီမံကိန်းမှာ သူ့ရဲ့ အခန်းကဏ္ဍက မှေးမှိန်နေတယ်လို့ ကာဗာနီက ယူဆခဲ့ပါတယ်။

[Zawgyi Version]

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းကထြက္ခြာခဲ့တဲ့ တိုက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ကာဗာနီကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ကာဗာနီဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ပီအက္စ္ဂ်ီအတြက္ (၄၈)ပြဲ ကစားေပးျပီး (၄၀)ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး ျဖစ္ပါတယ္။

ရီးရဲလ္အတြက္ တစ္ရာသီကို ပွ်မ္းမွ် ဂိုးေပါင္း (၅၀)ေလာက္ သြင္းယူေပးႏိုင္တဲ့ ေရာ္နယ္ဒိုရဲ႕ ေနရာအတြက္ ရီးရဲလ္မက္ဒရစ္ဟာ ေရာ္နယ္ဒိုလိုပဲ ဂိုးသြင္းအားေကာင္းတဲ့ ကာဗာနီကို မ်က္စိက်လာတာ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ နာပိုလီအသင္းက ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕လာျပီးေနာက္ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ထာ၀ရဂိုးသြင္းအမ်ားဆံုး ကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္အေနနဲ႔ ကာဗာနီကို ေခၚယူရရွိႏိုင္ဖို႔ ခက္ခက္ခဲခဲၾကိဳးစားရဖြယ္လည္း ရွိေနပါတယ္။ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ဥကၠဌ အယ္လ္ခီလိုင္ဖီရဲ႕ စိတ္ၾကိဳက္အျဖစ္ဆံုး ကစားသမားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ အေျပာင္းအေရႊ႕ ျဖစ္ေပၚလာဖို႔အတြက္ ကစားသမားရဲ႕ ဆႏၵေပၚမွာ မူတည္ေနခဲ့ျပီ ျဖစ္ပါတယ္။

ေကာ္တိုရစ္နဲ႔ ရီးရဲမက္ဒရစ္အသင္း သေဘာတူညီမႈ ရရွိ 

ကာဗာနီနဲ႔ပီအက္စ္ဂ်ီတို႔ဟာ ၂၀၂၀ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနျပီး ျပီးခဲ့တဲ့ ရာသီကမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။ အသက္ (၃၁)ႏွစ္အရြယ္ ဥရုေဂြးတိုက္စစ္မွဴးဟာ တစ္ႏွစ္ကို လုပ္ခလစာ ယူရို (၁၂)သန္း ရရွိေနသူျဖစ္ျပီး သူ႔ရဲ႕ လစာျမင့္မားမႈက ရီးရဲလ္အတြက္ အဟန္႔အတားတစ္ခု ျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီကလည္း ကစားသမားအတြက္ အနည္းဆံုး ယူရိုသန္း ၁၀၀ ရရွိမွ ေရာင္းခ်မယ္လို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းေဖာ္ ေနမာနဲ႔ ဆက္ဆံေရး သိပ္အဆင္မေျပျဖစ္ေနသလို ေနမာကို ဦးစားေပးေနတဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ လုပ္ရပ္ေတြေၾကာင့္လည္း ကာဗာနီဟာ အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနတယ္လို႔ သတင္းမ်ား ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါ့အျပင္ ျပင္သစ္တိုက္စစ္မွဴး ဘာေပရဲ႕ ေျခစြမ္းျပသမႈနဲ႔အတူ ပီအက္စ္ဂ်ီရဲ႕ ေရရွည္စီမံကိန္းမွာ သူ႔ရဲ႕ အခန္းက႑က ေမွးမွိန္ေနတယ္လို႔ ကာဗာနီက ယူဆခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs