ထူးခြားသတင်းတွေကို စုစည်းပေးလိုက်ပါတယ်။
Kyaw Ko Ko Sint

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- ချယ်ဆီးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမား ဂျန်အော့ဘလက်ရဲ့စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ Mundo Deportivo က ရေးသားထားပါတယ်။ ချယ်ဆီးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်တဲ့ ကော်တိုရစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားရှာဖွေနေတာဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာအသင်းရဲ့ လက်ခံနိုင်ဖွယ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ အင်နီယေစတာရဲ့နေရာမှာ အစားထိုးဖို့အတွက် ပေါ့ဂ်ဘာကို ယယ်ရီမီနာ၊ အန်ဒရီဂိုးမက်စ်တို့အပြင် ပေါင် ၄၅ သန်းအထိပေးချေမယ်လို့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

 

- တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းရဲ့နောက်ခံကစားသမား တိုဘီအယ်ဒါဝီလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း သတ်မှတ်ထားတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ပြီလို့ ယုံကြည်ရပါတယ်။

 

- ဝက်စ်ဟမ်းအသင်းဟာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒန်နီဒရင့်ဝါတာကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး ယင်းအပြောင်းအရွှေ့အမှန်တကယ်ဖြစ်ပေါ်ဖို့ကတော့ ရီးရဲမက်ဒရစ်အသင်းကနေ လူကာမိုဒရစ် ထွက်ခွာမှဖြစ်နိုင်မှာဖြစ်ပါတယ်။

တစ်ရာသီ ဂိုး ၅၀ သွင်းတဲ့ရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့မလွယ်ဘူးလို့ ဝန်ခံခဲ့တဲ့ တိုနီခရူးစ် 

အင်တာမီလန်အသင်းဟာ မိုဒရစ်ကို အလိုရှိနေပြီး မိုဒရစ်ကိုသာ အမှန်တကယ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ကွင်းလယ်ကစားသမား ဗီစီနိုကို ချယ်ဆီးအသင်းထံ ရောင်းချမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ ဗီစီနိုုကို ခေါ်ယူနိုင်ခဲ့ပြီဆိုမှသာ အသင်းရဲ့ကွင်းလယ်ကစားသမား ဒရင့်ဝါတာကို ဝက်စ်ဟမ်းအသင်းထံ အငှားချပေးသွားမယ်လို့ သိရပါတယ်။

 

- အာဆင်နယ်အသင်းဟာ ဒဏ်ရာကြောင့် ၁၀ ပတ်ခန့်အနားယူရမယ့် အသင်းရဲ့ဘယ်နောက်ခံကစားသမား ကိုလာစီနက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အေစီမီလန်အသင်းရဲ့ဘယ်နောက်ခံကစားသမား ရီကာဒိုရိုဒရီဂွက်ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ရီကာဒိုရိုဒရီဂွက်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၃၀ ခန့်အသုံးပြုမယ်ဆိုရင် ရရှိနိုင်မယ်လို့ သိရပြီး အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့အတွက် ညှိနှိုင်းဖို့ အချိန်မလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။


Author


က္က