• International Sports
    ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းတိုများ
Pyae Phyo Thein
[Unicode Version]

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- Daily Mail ရဲ့ ဖော်ပြချက်အရ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာဟာ အသင်းဖော်များနဲ့ CEO အိဒ်ဝုဝက်ဒ်တို့ကို ဘာစီလိုနာကို ပြောင်းရွှေ့ချင်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူဟာ ဘာစီလိုနာအသင်းနဲ့ (၅)နှစ် စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတချို့က ဖော်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာကို အသင်းမှ ဆက်လက်ထိန်းသိမ်းဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ သိရပါတယ်။

30720469102_c1d70a572d_o-8.jpg

Photo : The Boot Room

 

- ချယ်လ်ဆီးနောက်ခံလူ ဇူးမားကို အငှားခေါ်ယူဖို့အတွက် အဲဗာတန်အသင်းက ကြိုးစားနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးနေပေမယ့် အဲဗာတန်ကတော့ ဇူးမားကို အရခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ မန်ယူနောက်ခံလူ ရိုဟို နဲ့ ဘာစီလိုနာနောက်ခံလူ မီနာတို့ကို ခေါ်ယူဖို့ အဲဗာတန်က ကြိုးစားခဲ့ပေမယ့် မခေါ်ယူနိုင်သေးဘဲ ဇူးမားကို ထပ်မံစိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

Tiemoue-Bakayoko-2-800-445.jpg

Photo : Goal.com

 

- စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုကို အငှားခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ Sky Italia ရဲ့ဖော်ပြချက်အရ မိုနာကိုအသင်းကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြောင်းရွှေ့ခဲ့တဲ့ ဘာကာယိုကိုဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့် ရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ အေစီမီလန်က ဘာကာယိုကိုကို အငှားခေါ်ယူပြီးပါက အပြီးသတ်ခေါ်ယူမှု ပြုလုပ်ဖို့ပါ ကြိုးစားနေတာ ဖြစ်ပါတယ်။

skysports-mateo-kovacic-croatia_4343391.jpg

Photo : Sky Sports

 

- ချယ်လ်ဆီးဂိုးသမား ကော်တွိုက်စ်ကို ရရှိဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကွင်းလယ်လူ ကိုဗာဆစ်ကို ချယ်လ်ဆီးအသင်းထံ အငှားပြောင်းရွှေ့ခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဘက်က ကမ်းလှမ်းခဲ့တာ  ဖြစ်ပြီး တချို့သတင်းများအရ ကိုဗာဆစ်ဟာ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုတောင် ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

skysports-jack-grealish-aston_4376746.jpg

Photo : Sky Sports

 

- တော့တင်ဟမ်ဟော့စပါးအသင်းဟာ အက်စတန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီလစ်ချ်ကို ပေါင် ၂၅သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဂရီလစ်ချ်ကို ပရီးမီးယားလိဂ်အသင်း အများအပြားက စိတ်ဝင်စားနေပြီး စပါးအသင်းက လက်ဦးမှု ရရှိအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

[Zawgyi Version]

ဗုဒၶဟူးေန႔ နံနက္ပိုင္းအတြက္ ေနာက္ဆံုးရ အေျပာင္းအေရႊ႕သတင္းမ်ားကို စုစည္းေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။

 

- Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ မန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာဟာ အသင္းေဖာ္မ်ားနဲ႔ CEO အိဒ္၀ု၀က္ဒ္တို႔ကို ဘာစီလိုနာကို ေျပာင္းေရႊ႕ခ်င္တဲ့အေၾကာင္း ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ အသက္ (၂၅)ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဘာစီလိုနာအသင္းနဲ႔ (၅)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ျပီလို႔ သတင္းတခ်ိဳ႕က ေဖာ္ျပမႈေတြလည္း ရွိခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ ေပါ့ဂ္ဘာကို အသင္းမွ ဆက္လက္ထိန္းသိမ္းဖို႔ အစြမ္းကုန္ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

Photo : The Boot Room

 

- ခ်ယ္လ္ဆီးေနာက္ခံလူ ဇူးမားကို အငွားေခၚယူဖို႔အတြက္ အဲဗာတန္အသင္းက ၾကိဳးစားေနတယ္လို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္သိမ္းခါနီးေနေပမယ့္ အဲဗာတန္ကေတာ့ ဇူးမားကို အရေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ မန္ယူေနာက္ခံလူ ရိုဟို နဲ႔ ဘာစီလိုနာေနာက္ခံလူ မီနာတို႔ကို ေခၚယူဖို႔ အဲဗာတန္က ၾကိဳးစားခဲ့ေပမယ့္ မေခၚယူႏိုင္ေသးဘဲ ဇူးမားကို ထပ္မံစိတ္၀င္စားလာတာ ျဖစ္ပါတယ္။

Photo : Goal.com

 

- စီးရီးေအကလပ္ ေအစီမီလန္အသင္းဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ ဘာကာယိုကိုကို အငွားေခၚယူဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ Sky Italia ရဲ႕ေဖာ္ျပခ်က္အရ မိုနာကိုအသင္းကေန ျပီးခဲ့တဲ့ ေဘာလံုးရာသီက ေျပာင္းေရႊ႕ခဲ့တဲ့ ဘာကာယိုကိုဟာ ခ်ယ္လ္ဆီးအသင္းမွာ ပံုမွန္ကစားခြင့္ ရရွိဖို႔ ခက္ခဲေနတယ္လို႔ သိရပါတယ္။ ေအစီမီလန္က ဘာကာယိုကိုကို အငွားေခၚယူျပီးပါက အျပီးသတ္ေခၚယူမႈ ျပဳလုပ္ဖို႔ပါ ၾကိဳးစားေနတာ ျဖစ္ပါတယ္။

Photo : Sky Sports

 

- ခ်ယ္လ္ဆီးဂိုးသမား ေကာ္တြိဳက္စ္ကို ရရွိဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းကြင္းလယ္လူ ကိုဗာဆစ္ကို ခ်ယ္လ္ဆီးအသင္းထံ အငွားေျပာင္းေရႊ႕ခြင့္ေပးမယ္လို႔ ကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။ Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္ဘက္က ကမ္းလွမ္းခဲ့တာ  ျဖစ္ျပီး တခ်ိဳ႕သတင္းမ်ားအရ ကိုဗာဆစ္ဟာ ခ်ယ္လ္ဆီးကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈေတာင္ ရရွိသြားခဲ့ျပီလို႔ သိရပါတယ္။

Photo : Sky Sports

 

- ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အက္စတန္ဗီလာအသင္းရဲ႕ ကြင္းလယ္လူ ဂရီလစ္ခ်္ကို ေပါင္ ၂၅သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ျပီ ျဖစ္ပါတယ္။ ခ်န္ပီယံရွစ္ကလပ္အသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပေနတဲ့ ဂရီလစ္ခ်္ကို ပရီးမီးယားလိဂ္အသင္း အမ်ားအျပားက စိတ္၀င္စားေနျပီး စပါးအသင္းက လက္ဦးမႈ ရရွိေအာင္ ၾကိဳးစားေနတာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs