• International Sports
    ရီးရဲလ်အသင်းဖော်ဟောင်းကို တူရင်ထံ ဖိတ်ခေါ်လိုက်တဲ့ ရော်နယ်ဒို
Pyae Phyo Thein
[Unicode Version]

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းဖော်ဟောင်း မာဆယ်လိုကို ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ ယူရိုသန်း ၁၀၀ နဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့အပြီးမှာ ရော်နယ်ဒိုက အသင်းဖော်ဟောင်းလည်းဖြစ်၊ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ မာဆယ်လိုကို ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

4EEE62B200000578-0-image-a-39_1533736964002.jpg

Photo : Daily Mail

 

ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်ခြမ်းတိုက်စစ်ပိုင်းမှာ (၉)နှစ်ကြာ တွဲဖက်ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုနဲ့မာဆယ်လိုတို့ဟာ အခြားကစားသမားတွေထက် ပိုမိုတဲ့ဆက်ဆံရေးမျိုး ရှိသူတွေဖြစ်ပါတယ်။ အီတလီမှာ ပြန်လည်လက်တွဲဖို့အတွက် ရော်နယ်ဒိုက အလိုရှိနေပြီး ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ Tuttosport က ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့အတွက် မန်ယူကို ငြင်းပယ်ခဲ့တဲ့ ဝှစ်ဆဲလ် 

GettyImages-676269534.jpg 

မာဆယ်လိုဟာလည်း တူရင်ကလပ်ကို လိုက်ပါပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။ စပိန်မှာ ဆုဖလားအများအပြား ရရှိခဲ့ပြီးတဲ့နောက် ဘရာဇီးလ်ခံစစ်ကစားသမားဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလား (၃)လုံးရအပြီးမှာ နည်းပြဇီဒန်း၊ အဓိကတိုက်စစ်မှူးရော်နယ်ဒိုတို့နဲ့ လမ်းခွဲခဲ့ပြီး ဖြစ်ပါတယ်။

4EEE629B00000578-0-image-a-41_1533736977544.jpg

Photo : Daily Mail

 

ဂျူဗင်တပ်စ်အသင်းကတော့ အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို လက်လွှတ်ဆုံးရှုံးခဲ့ရပါက မာဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆန်ဒရိုကို ပြင်သစ်ကလပ် ပီအက်စ်ဂျီက စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ဆန်ဒရိုအတွက် ပီအက်စ်ဂျီက ပေါင်၃၆သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

marcelo-and-cristiano-ronaldo-cropped_wc311zchb2vb1top1ibgnd7c9.jpg

Photo : Goal.com

 

မာဆယ်လိုအနေနဲ့ ရော်နယ်ဒိုရဲ့ ဖိတ်ခေါ်မှုကို လက်ခံမှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ အသင်းရဲ့ အဓိကကစားသမားတစ်ဦးကို ထိန်းသိမ်းဖို့ ကြိုးစားရဦးမှာ ဖြစ်ပြီး တစ်ဖက်မှာလည်း ကွင်းလယ်လူ လူကာမိုဒရစ်ကို အင်တာမီလန်အသင်းက စိတ်ဝင်စားနေတာကြောင့် အဓိကကစားသမားအများအပြားကို ထိန်းသိမ်းဖို့ အရေးကြီးလာပြီ ဖြစ်ပါတယ်။

[Zawgyi Version]

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ရီးရဲလ္အသင္းေဖာ္ေဟာင္း မာဆယ္လိုကို ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕လာဖို႔ တုိက္တြန္းေျပာဆိုမႈေတြ ျပဳလုပ္လိုက္ပါတယ္။ ယူရိုသန္း ၁၀၀ နဲ႔ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕အျပီးမွာ ေရာ္နယ္ဒိုက အသင္းေဖာ္ေဟာင္းလည္းျဖစ္၊ ခင္မင္ရင္းႏွီးတဲ့ သူငယ္ခ်င္းလည္းျဖစ္တဲ့ မာဆယ္လိုကို ဖိတ္ေခၚလိုက္တာ ျဖစ္ပါတယ္။

Photo : Daily Mail

 

ရီးရဲလ္မက္ဒရစ္ရဲ႕ ဘယ္ျခမ္းတိုက္စစ္ပိုင္းမွာ (၉)ႏွစ္ၾကာ တြဲဖက္ကစားခဲ့ဖူးတဲ့ ေရာ္နယ္ဒိုနဲ႔မာဆယ္လိုတို႔ဟာ အျခားကစားသမားေတြထက္ ပိုမိုတဲ့ဆက္ဆံေရးမ်ိဳး ရွိသူေတြျဖစ္ပါတယ္။ အီတလီမွာ ျပန္လည္လက္တြဲဖို႔အတြက္ ေရာ္နယ္ဒိုက အလိုရွိေနျပီး ဖိတ္ေခၚခဲ့တာ ျဖစ္တယ္လို႔ Tuttosport က ေဖာ္ျပသြားခဲ့တာ ျဖစ္ပါတယ္။

ေဒါ့မြန္ကို ေျပာင္းေရႊ႕ဖို႔အတြက္ မန္ယူကို ျငင္းပယ္ခဲ့တဲ့ ၀ွစ္ဆဲလ္ 

 

မာဆယ္လိုဟာလည္း တူရင္ကလပ္ကို လိုက္ပါေျပာင္းေရႊ႕ဖို႔ စဥ္းစားေနတယ္လို႔ Tuttosport က ေဖာ္ျပခဲ့ပါတယ္။ စပိန္မွာ ဆုဖလားအမ်ားအျပား ရရွိခဲ့ျပီးတဲ့ေနာက္ ဘရာဇီးလ္ခံစစ္ကစားသမားဟာ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်န္ပီယံလိဂ္ဖလား (၃)လံုးရအျပီးမွာ နည္းျပဇီဒန္း၊ အဓိကတိုက္စစ္မွဴးေရာ္နယ္ဒိုတို႔နဲ႔ လမ္းခြဲခဲ့ျပီး ျဖစ္ပါတယ္။

Photo : Daily Mail

 

ဂ်ဴဗင္တပ္စ္အသင္းကေတာ့ အသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္ဆန္ဒရိုကို လက္လႊတ္ဆံုးရံႈးခဲ့ရပါက မာဆယ္လိုကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဆန္ဒရိုကို ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီက စိတ္၀င္စားေနတာလည္း ျဖစ္ပါတယ္။ ဆန္ဒရိုအတြက္ ပီအက္စ္ဂ်ီက ေပါင္၃၆သန္းနဲ႔ ေခၚယူႏိုင္ဖို႔ ၾကိဳးစားေနတာျဖစ္ပါတယ္။

Photo : Goal.com

 

မာဆယ္လိုအေနနဲ႔ ေရာ္နယ္ဒိုရဲ႕ ဖိတ္ေခၚမႈကို လက္ခံမွာလားဆိုတာ စိတ္၀င္စားစရာ ျဖစ္လာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ကေတာ့ အသင္းရဲ႕ အဓိကကစားသမားတစ္ဦးကို ထိန္းသိမ္းဖို႔ ၾကိဳးစားရဦးမွာ ျဖစ္ျပီး တစ္ဖက္မွာလည္း ကြင္းလယ္လူ လူကာမိုဒရစ္ကို အင္တာမီလန္အသင္းက စိတ္၀င္စားေနတာေၾကာင့္ အဓိကကစားသမားအမ်ားအျပားကို ထိန္းသိမ္းဖို႔ အေရးၾကီးလာျပီ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs