အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ မိုရာတာအနေနဲ့ မနှစ်က နွေရာသီက ရီးရဲကနေ ချဲလ်ဆီးကို ရောက်လာခဲ့ သူ ဖြစ်ပြီး ၁၂လ အကြာမှာတော့ အခုလို သတင်းပြန်လည်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Photo - 101 Great Goals
အပတ်စဉ် ကျင်းပနေကျဖြစ်တဲ့ လိဂ် ပွဲစဉ်တွေ မစတင်မီ ယနေ့ သောကြာနေ့နံနက်ပိုင်းရဲ့ နောက်ဆုံးရ အားကစားသတင်းများကို စုစည်း ဖော် ပြပေးသွားမှာ ဖြစ်ပါတယ်။
လီဗာပူးလ်ကို ပေါင် (၂)ဘီလျံနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့ အာရပ်သူဌေး ရှိတ်ခါလက်
- တူရကီ ကလပ် ဂါလာတာစာရေး အသင်းအနေနဲ့ လန်ဒန်ကလပ် ချဲလ်ဆီးအသင်းက နောက်ခံလူ ဂယ်ရီ ကာဟေးလ်ကို စိတ်ဝင်စားနေတယ် လို့ သိရပါတယ်။ အင်္ဂလန်ဝါရင့် နောက်ခံ ကစားသမားတစ်ဦးဖြစ်တဲ့ ကာဟေးလ်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ နောက် ဆုံး ၁၂ လသာ ကျန်ရှိနေသေးပြီး စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ထားခြင်း မရှိဘူးလို့ သိရပါတယ်။
Photo - chelseanews24.com
- စပိန် လူဝယ်ရာသီ မပိတ်သေးတဲ့ ကာလမှာတော့ ချဲလ်ဆီးအသင်းက မိုရာတာက အသင်းဟောင်းဖြစ်တဲ့ ရီးရဲကို ပြန်ဖို့ရှိနေတယ်ဆိုတဲ့ အရိပ် အယောင်တွေ ပြလာပါတယ်။ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ မိုရာတာအနေနဲ့ မနှစ်က နွေရာသီက ရီးရဲကနေ ချဲလ်ဆီးကို ရောက်လာခဲ့ သူ ဖြစ်ပြီး ၁၂လ အကြာမှာတော့ အခုလို သတင်းပြန်လည်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Photo - Goal.com
- တစ်ချိန်က မန်စီးတီးအသင်းနဲ့အတူ နာမည်ကြီးခဲ့တဲ့ ဘာလော့တယ်လီတစ်ယောက်ကတော့ လက်ရှိမှာ ပြင်သစ် ကလပ် နိုက်စ်အသင်းမှာ ကစားနေပါတယ်။ ဒါပေမယ့် မနှစ်ကရာသီမကုန်ခင်မှာ ရာသီကုန်ရင် အသင်းက ထွက်မယ်လို့ ဆုံးဖြတ်ထားပြီးအခုတော့ နိုက်စ်အသင်းမှာပဲ ဆက်နေတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
Photo - The National
- အာဆင်နယ်အသင်းကတော့ လူဝယ်ရာသီကုန်သွားပေမယ့်လည်း လာမယ့် လူဝယ်ရာသီမှာ ခေါ်ယူနိုုင်ဖို့ အခုကတည်းက စောင့်ကြည့်နေတဲ့ ကစားသမားရှိပါတယ်။သူကတော့ ဆဲလ်တစ်အသင်းက မူဆာ ဒမ်ဘီလီဖြစ်ပြီး ယခင် နည်းပြ အာစင်ဝင်းဂါးလက်ထက်ကတည်းက စောင့်ကြည့် ခြင်းခံနေရသူလို့သိရပါတယ်။အခု နည်းပြသစ် အူနိုင်းလက်ထက်မှာ ခေါ်ယူနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
Photo - Daily Star
- အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ကစားသမားတစ်ဦးဖြစ်တဲ့ ရော့ဒ်ဝဲလ်အနေနဲ့အခုတော့ အသင်းသစ်တစ်သင်းကို ရရှိခဲ့ ပါပြီ။ဒီအသင်းကတော့ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းဖြစ်ပြီး ရာသီကုန်အထိ တစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။
Photo - Twitter