ပြီးခဲ့တဲ့ စပိန်ကို ၂-၁ ဂိုးနဲ့ ရှုံံးခဲ့တဲ့ ပွဲတုန်းက ဘယ်နောက်ခံလူ လုခ်ရှော ဦးခေါင်းဒဏ်ရာရခဲ့တာကြောင့်လည်း နောက်တန်းကို အားဖြည့်တဲ့ အနေနဲ့ အင်္ဂလန်လူငယ်အသင်းက ချီဝဲလ်နဲ့ တိုက်စစ်အားဖြည့်တဲ့အနေနဲ့ ဂရေးတို့ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
Photo - Getty Images
လာမယ့် အင်္ဂါနေ့မှာ ကစားရမယ့် ဆွစ်ဇာလန်အသင်းနဲ့ နေးရှင်းလိဂ် ပွဲစဉ်အတွက် အင်္ဂလန်အသင်းရဲ့ လူစာရင်းကို အနည်းငယ် အပြောင်းအ လဲ ပြုလုပ်ခဲ့ရပါတယ်။
နယ်သာလန်ကို ဂိုးသွင်းယူပြီး ဇီဒန်းရဲ့ စံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီရော့ဒ်
လက်စတာအသင်းက လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူအားဖြည့်ခဲ့ရတာ ဖြစ်ပြီး သူတို့ကတော့ နောက်ခံလူ ချီဝဲလ်နဲ့တိုက်စစ်မှူး ဂရေးတို့ ဖြစ်ပါတယ်။
Photo - Getty Images
အသက် ၂၁နဲ့ ၂၂ အရွယ်သာရှိသေးတဲ့ သူတို့ကတော့ အင်္ဂလန် လူင်ယအသင်းမှာ ကစားနေတာဖြစ်ပြီး နည်းပြဆောက်ဂိတ်က အရေးပေါ်ခေါ် ယူလိုက်ရတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောအနေနဲ့ပြီးခဲ့တဲ့စပိန်နဲ့ ပွဲတုန်းက ဦးခေါင်းဒဏ်ရာရရှိခဲ့လို့ အရေးပေါ်ကုသမှု ခံယူခဲ့ရတာကြောင့် အခုတစ်ကြိမ် ဆက်ကစားမယ့် ဆွစ်ဇာလန်နဲ့ပွဲကိုတော့ မပါဝင်နိုငတော့ပါဘူး။
Photo - Getty Images
ဒါကြောင့် အသက် ၂၁ နှစ်အရွယ် ဘယ်နောက်ခံလူလေး ချီဝဲလ်ကို အစားထိုးခေါ်ယူလိုက်တာ ဖြစ်သလို တိုက်စစ် အားဖြည့်တဲ့အနေနဲ့လည်း ဂရေးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဆောက်ဂိတ်အနေနဲ့ အတိုးတက်ဆုံး လူငယ်တွေ ဖြစ်တဲ့ သူတို့ကို အခုလို လက်ရွေးစင်အဆင့်ကို ဆွဲတင်ခဲ့တာ ဖြစ်ပြီး သူတို့ကိုယ်တိုင် ကလည်း လက်စတာအသင်းကြီးမှာ ပွဲထွက်ခွင့်တွေ မကြာခဏရထားသူတွေ ဖြစ်ပါတယ်။
Photo - Getty Images
ဂရေးကတော့ ၂၀၁၆ ခုနှစ်က ဘာမင်ဂမ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ဒီနှစ်မှာတော့ အသင်းအတွက် ၄ ပွဲကစားပြီး တစ်ဂိုး သွင်းယူ ထားနိုင်သလို ချီဝဲလ်ကတော့ လက်ရှိ အသင်းဖော် မက်ဂွီးနဲ့အတူ အင်္ဂလန်နောက်တန်းကို တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။