• International Sports
    ၂၀၁၈-၂၀၁၉ ရာသီမှာ ယခုအချိန်အထိ ဂိုးပေါက်ရှာမတွေ့သေးတဲ့ကြယ်ပွင့်ကစားသမား ၁၂ ဦး
Kyawko Ko
[Unicode Version]

ဥရောပထိပ်သီးလိဂ် ၅ ခုဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် ခေတ္တရပ်နားထားပြီး ယခုအပတ်မှာ လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးခရစ်စတီယာနိုရော်နယ်ဒိုနဲ့ အေစီမီလန်ကို ပြောင်းရွှေ့သွားတဲ့ ဟီဂူအင်တို့ဟာ ခုအချိန်အထိ ဂိုးပေါက်ရှာမတွေ့သေးဘဲ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဂိုးပေါက်ပျောက်နေတဲ့ နောက်ထပ် ကြယ်ပွင့်ကစားသမား ၁၀ ဦး ထပ်ရှိနေပါသေးတယ်။

1536838180_23466.jpg

Photos: Soccerladuma

 

ကြယ်ပွင့်ကစားသမားတွေရဲ့ ဂိုးပေါက်ရှေ့မှာ ဂိုးပေါက်ပျောက်ဆုံးနေခြင်းဟာ အကြောင်းအမျိုးမျိုးရှိကောင်းရှိနိုင်ပြီး နိုင်ငံတကာအားလပ်ရက်က ၎င်းတို့ထဲက အချို့ကစားသမားတွေကို ဂိုးပေါက်ပြန်လည်ရှာတွေ့စေနိုင်မှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ကြယ်ပွင့်ကစားသမားစာရင်းမှာ အကြီးမားဆုံးကြယ်ပွင့်ကစားသမားဆိုတာ အငြင်းပွားစရာမလိုဘဲ ဂျူဗင်တပ်အသင်းအတွက် ဂိုးပေါက်ရှာမတွေ့သေးတာကတော့ အံ့အားသင့်စရာဖြစ်ပါတယ်။

အပစ်ပယ်ခံရွာလေးရဲ့စွန့်ဦးတီထွင်သူ (သို့) ဆာဒီယိုမာနေး 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ ဂျူဗင်တပ်အသင်းအတွက် မိနစ် ၂၇၀ ကစားထားပြီး ဂိုးကန်သွင်းမှု အကြိမ် ၂၀ ကျော်ပြုလုပ်ထားပြီးဖြစ်ပေမယ့် ဂိုးမသွင်းယူနိုင်သေးတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကလည်း ယခုရာသီအစ ၃ ပွဲစလုံးမှာပါဝင်ကစားပေးခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်အများစုကတော့ ဒီယေဂိုကော်စတာ ဂိုးသွင်းဖို့ သိပ်မကြာလောက်တော့ဘူးလို့ ခံစားနေရပါတယ်။

1536838148_d5331.jpg

Photos: Soccerladuma

 

လက်စတာစီးတီးအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ယူရို ၆၈ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ မာရက်ဇ်ကလည်း ဂိုးကံခေနေပါတယ်။ မာရက်ဇ်အနေနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့ ကစားကွက်ပုံစံနဲ့ ရင်းနှီးဖို့အချိန်လိုသေးသလို အသင်းဖော်တွေနဲ့ အချိတ်အဆက်သိပ်မမိသေးပါဘူး။

Marca ရဲ့စာရင်းအရ နောက်ထပ် ဂိုးပေါက်ရှာမတွေ့သေးတဲ့ ကြယ်ပွင့်ကစားသမားတွေကတော့ အလက်ဆစ်ဆန်းချက်ဇ်(မန်ချက်စတာယူနိုက်တက်)၊ အိုဇေးလ်(အာဆင်နယ်)၊ ဒီဘာလာ(ဂျူဗင်တပ်)၊ အဲရစ်ဆင်(စပါး)၊ အဆန်စီယို-ရီးရဲမက်ဒရစ်(ဥရောပနေးရှင်းလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့)၊ တီမိုဝါနာ(လိုက်ပ်ဇစ်)၊ သောမတ်စ်လီမာ(အက်သလက်တီကိုမက်ဒရစ်)၊ အီကာဒီ(အင်တာမီလန်)။

[Zawgyi Version]

ဥေရာပထိပ္သီးလိဂ္ ၅ ခုဟာ ႏုိင္ငံတကာပြဲစဥ္ေတြေၾကာင့္ ေခတၱရပ္နားထားၿပီး ယခုအပတ္မွာ လိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ေတာ့မွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းရဲ႕ ၾကယ္ပြင့္တုိက္စစ္မွဴးခရစ္စတီယာႏုိေရာ္နယ္ဒုိနဲ႔ ေအစီမီလန္ကို ေျပာင္းေရႊ႕သြားတဲ့ ဟီဂူအင္တုိ႔ဟာ ခုအခ်ိန္အထိ ဂိုးေပါက္ရွာမေတြ႕ေသးဘဲ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ဂိုးေပါက္ေပ်ာက္ေနတဲ့ ေနာက္ထပ္ ၾကယ္ပြင့္ကစားသမား ၁၀ ဦး ထပ္ရွိေနပါေသးတယ္။

Photos: Soccerladuma

 

ၾကယ္ပြင့္ကစားသမားေတြရဲ႕ ဂိုးေပါက္ေရွ႕မွာ ဂိုးေပါက္ေပ်ာက္ဆံုးေနျခင္းဟာ အေၾကာင္းအမ်ိဳးမ်ိဳးရွိေကာင္းရွိႏုိင္ၿပီး ႏုိင္ငံတကာအားလပ္ရက္က ၎တို႔ထဲက အခ်ိဳ႕ကစားသမားေတြကို ဂိုးေပါက္ျပန္လည္ရွာေတြ႕ေစႏုိင္မွာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ဂိုးေပါက္ေပ်ာက္ဆံုးေနတဲ့ ၾကယ္ပြင့္ကစားသမားစာရင္းမွာ အႀကီးမားဆံုးၾကယ္ပြင့္ကစားသမားဆုိတာ အျငင္းပြားစရာမလုိဘဲ ဂ်ဴဗင္တပ္အသင္းအတြက္ ဂိုးေပါက္ရွာမေတြ႕ေသးတာကေတာ့ အံ့အားသင့္စရာျဖစ္ပါတယ္။

အပစ္ပယ္ခံရြာေလးရဲ႕စြန္႔ဦးတီထြင္သူ (သို႔) ဆာဒီယိုမာေနး 

ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ၂၀၁၈-၂၀၁၉ ရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ မိနစ္ ၂၇၀ ကစားထားၿပီး ဂိုးကန္သြင္းမႈ အႀကိမ္ ၂၀ ေက်ာ္ျပဳလုပ္ထားၿပီးျဖစ္ေပမယ့္ ဂိုးမသြင္းယူႏုိင္ေသးတာျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္ၾကယ္ပြင့္တုိက္စစ္မွဴး ဒီေယဂိုေကာ္စတာကလည္း ယခုရာသီအစ ၃ ပြဲစလံုးမွာပါဝင္ကစားေပးခဲ့ၿပီး ဂိုးသြင္းယူႏုိင္ဖို႔ ရုန္းကန္ေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္အမ်ားစုကေတာ့ ဒီေယဂိုေကာ္စတာ ဂိုးသြင္းဖို႔ သိပ္မၾကာေလာက္ေတာ့ဘူးလို႔ ခံစားေနရပါတယ္။

Photos: Soccerladuma

 

လက္စတာစီးတီးအသင္းကေန မန္ခ်က္စတာစီးတီးအသင္းကို ယူရို ၆၈ သန္းနဲ႔ ေျပာင္းေရႊ႕လာတဲ့ မာရက္ဇ္ကလည္း ဂိုးကံေခေနပါတယ္။ မာရက္ဇ္အေနနဲ႔ မန္စီးတီးနည္းျပ ပက္ဂြါဒီယိုလာရဲ႕ ကစားကြက္ပံုစံနဲ႔ ရင္းႏွီးဖုိ႔အခ်ိန္လိုေသးသလုိ အသင္းေဖာ္ေတြနဲ႔ အခ်ိတ္အဆက္သိပ္မမိေသးပါဘူး။

Marca ရဲ႕စာရင္းအရ ေနာက္ထပ္ ဂိုးေပါက္ရွာမေတြ႕ေသးတဲ့ ၾကယ္ပြင့္ကစားသမားေတြကေတာ့ အလက္ဆစ္ဆန္းခ်က္ဇ္(မန္ခ်က္စတာယူႏိုက္တက္)၊ အိုေဇးလ္(အာဆင္နယ္)၊ ဒီဘာလာ(ဂ်ဴဗင္တပ္)၊ အဲရစ္ဆင္(စပါး)၊ အဆန္စီယို-ရီးရဲမက္ဒရစ္(ဥေရာပေနးရွင္းလိဂ္ပြဲစဥ္မွာ ဂိုးသြင္းယူႏုိင္ခဲ့)၊ တီမိုဝါနာ(လိုက္ပ္ဇစ္)၊ ေသာမတ္စ္လီမာ(အက္သလက္တီကိုမက္ဒရစ္)၊ အီကာဒီ(အင္တာမီလန္)။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs