• International Sports

    ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး

Kyawko Ko
[Unicode Version]

ဘောလုံးသမားတိုင်းရဲ့အိပ်မက်ဟာ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖို့နဲ့ ကလပ်အသင်းအတွက် ဥရောပရဲ့အမြင့်မားဆုံး အောင်မြင်မှုဖြစ်တဲ့ ဥရောပချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ခြေစွမ်း ပိုင်ဆိုင်တဲ့ကစားသမားတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့်အသင်းတွေကို ပြောင်းရွှေ့ပြီး ၎င်းတို့ရဲ့အိပ်မက်ကို အသက်သွင်းဖို့ ခေတ်အဆက်ဆက်က ကြိုးစားခဲ့ကြပါတယ်။

အပစ်ပယ်ခံရွာလေးရဲ့စွန့်ဦးတီထွင်သူ (သို့) ဆာဒီယိုမာနေး 

ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒို၊ မက်ဆီ၊ ဇာဗီ၊ ပေါလ်စခိုး၊ ဖိလစ်လမ်း စတဲ့ ကစစားသမားတွေဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ယင်းကစားသမားတွေနည်းတူ ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းပိုင်ဆိုင်ခဲ့ကြပေမယ့် ချန်ပီယံလိဂ်ဖလားကို လုံးဝကိုင်မြှောက်ခွင့်မရခဲ့ဘဲ လွဲချော်ခဲ့ကြတဲ့ ကစားသမား ၅ ဦးရှိခဲ့ပါတယ်။

 

၅။ ဖေဘီယိုကနာဗားရိုး

ea35a-1536903335-800.jpg

Photos: Sportskeeda

 

အီတလီဂန္တဝင်ခံစစ်ကစားသမား ကနာဗားရိုးဟာ အင်တာမီလန်၊ ဂျူဗင်တပ်၊ ရီးရဲမက်ဒရစ်၊ ပါးမားအသင်းတို့မှာ ကစားခဲ့ဖူးပြီး ပြည်တွင်းအမှတ်ပေးဖလား၊ ဘလွန်းဒီအော်နဲ့ ကမ္ဘာ့ဖလားကိုတောင် ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကို ကြယ်စင်စုအသင်းအဖြစ် စုဖွဲ့ခဲ့စဉ်က ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်မရရှိခဲ့သူဖြစ်ပါတယ်။ ကနာဗားရိုးဟာ ၂၀၀၃ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံဖြစ်ဖို့ သိပ်မဝေးကွာတော့တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အေစီမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆန်စီရိုကွင်းမှာ အဝေးဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ကနာဗားရိုးအနေနဲ့ အရင်တုန်းက ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ဒီလောက်ထိနီးစပ်မှုမရှိခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကနာဗားရိုးဟာ ဂျူဗင်တပ်၊ ရီးရဲမက်ဒရစ်အသင်းတို့လို ထိပ်သီးအသင်းကြီးတွေကိုတောင် သွားရောက်ကစားခဲ့ပေမယ့် ကလပ်အသင်းကစားသမားဘဝရဲ့အအောင်မြင်ဆုံး ဆုဖလားတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို မရယူနိုင်ခဲ့ပါဘူး။

 

၄။ ရုဒ်ဗန်နစ္စတယ်ရွိုင်း

703bf-1536903460-800.jpg

Photos: Sportskeeda

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ၇၃ ပွဲမှာ ၅၆ ဂိုးအထိ သွင်းယူပြီး စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ဖလားကို ဘယ်တုန်းကမှ မရရှိခဲ့တဲ့ ဂိုးသွင်းအများဆုံးစာရင်းဝင် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ မတူညီတဲ့အချိန်တွေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ထိပ်တန်းအဆင့်ခြေစွမ်းရှိတဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့တဲ့အတွက် နောင်တရစရာဖြစ်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်း ၃ သင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မန်ယူနဲ့ ရီးရဲမက်ဒရစ်အသင်းတို့နဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ၎င်းရဲ့ရှေ့က ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ လက်တစ်ကမ်းအကွာရောက်ခဲ့တဲ့ ကနာဗားရိုးလိုပဲ နစ္စတယ်ရွိုင်းကလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ကနာဗားရိုးနည်းတူ နစ္စတယ်ရွိုင်းလည်း ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ လေဗာကူဆင်အသင်းကို အဝေးဂိုးနဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်ဆုံးရှုံးခဲ့ပါတယ်။

 

၃။ ဘူဖွန်

a76e7-1536905479-800.jpg

Photos: Sportskeeda

 

ပရိသတ်တွေအားလုံး ချန်ပီယံလိဂ်ဆုဖလားကို ရရှိစေချင်တဲ့ကစားသမားကို ပြပါဆိုရင် အီတလီဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို ပြရမှာပါ။ စီးရီးအေဖလားကို ၁၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ ဘူဖွန်ဟာ ချန်ပီယံလိဂ်ဖလားနဲ့လက်တကမ်းအကွာကနေ အမြဲလှည့်ပြန်ခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဘူဖွန်ဟာ ချန်ပီယံလိဂ်ဖလားကို မရရှိဘဲ ပွဲအများဆုံးပါဝင်ကစားခဲ့တဲ့ ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပြီး ၁၂၅ ပွဲအထိ ကစားခဲ့တာဖြစ်ပါတယ်။ ဘူဖွန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ကြိမ်အထိ ရှုံးနိမ့်ထားတဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ ဆုဖလားမရရှိခဲ့ဘဲ အခြားကစားသမားတွေထက် ဆိုးရွားတဲ့ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဘူဖွန်ရဲ့ရင်နာဖွယ်ဗိုလ်လုပွဲရှုံးနိမ့်မှုမှတ်တမ်းတွေကတော့ ၂၀၀၃ ခုနှစ်မှာ အီတလီပြိုင်ဘက် အေစီမီလန်အသင်းနဲ့ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာ၊ ၂၀၁၇ ခုနှစ်မှာ ရီးရဲမက်ဒရစ်တို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

 

၂။ ဇလာတန်အီဘရာဟီမိုဗစ်

310fb-1536905680-800.jpg

Photos: Sportskeeda

 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့အသင်း ၇ သင်းအတွက် ကစားပေးခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ မတူညီတဲ့အသင်း ၆ သင်း(မန်ယူအသင်းနဲ့ ဂိုးမသွင်းနိုင်ခဲ့)အတွက် ဂိုးသွင်းယူခဲ့တဲ့ကစားသမားဖြစ်ပြီး ဘူဖွန်က ၎င်းရဲ့စံချိန်ကို မချိုးဖျက်မီအချိန်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်မရရှိဘဲ ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ မြင့်မားတဲ့အဆင့်အတန်းမှာရှိနေတဲ့ ထိပ်တန်းလိဂ်တွေမှာ နှစ်ပေါင်းများစွာ ခြေစွမ်းပိုင်းတည်ငြိမ်စွာနဲ့ ကစားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်ရောက်နိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ဖို့ ကံဇာတာမပါလာဘူးလို့ ပြောရလောက်အောင်ပဲ တေ့လွဲလွဲခဲ့သူဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ မှာ မိုဗစ်ရဲ့အသင်းဟောင်း အင်တာမီလန်အသင်းက မိုဗစ်ပါဝင်ကစားပေးနေတဲ့ ဘာစီလိုနာအသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အင်တာမီလန်အသင်း ချန်ပီယံလိဂ်ရရှိတဲ့ယင်းနှစ်မတိုင်မီ ၁ နှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ရရှိမယ့်နှစ်မှာလည်း အေစီမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

 

၁။ ရော်နယ်ဒို

7682e-1536903942-800.jpg

Photos: Sportskeeda

 

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ဖူးတဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဘလွန်းဒီအော် ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၄၀  ပါဝင်ကစားပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ရော်နယ်ဒိုဟာ ဥရောပရဲ့အမြင့်မားဆုံးအောင်မြင်မှုဆီကိုတော့ မရောက်ရှိနိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအချိန်ကတော့ ၂၀၀၃ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်အသင်းကို ၂ ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ယင်းနှစ်က ဗိုလ်လုပွဲမှာ အီတလီအသင်းအချင်းချင်း ပြန်လည်တွေ့ဆုံခဲ့ကြပြီး အေစီမီလန်အသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ ဂျူဗင်တပ်အသင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

ေဘာလံုးသမားတုိင္းရဲ႕အိပ္မက္ဟာ လက္ေရြးစင္အသင္းနဲ႔အတူ ကမၻာ့ဖလားကို ကိုင္ေျမွာက္ဖို႔နဲ႔ ကလပ္အသင္းအတြက္ ဥေရာပရဲ႕အျမင့္မားဆံုး ေအာင္ျမင္မႈျဖစ္တဲ့ ဥေရာပခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမွာက္ေပးႏုိင္ဖုိ႔ ျဖစ္ပါတယ္။ ကမၻာ့ထိပ္တန္းအဆင့္ေျခစြမ္း ပိုင္ဆုိင္တဲ့ကစားသမားေတြဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏုိင္မယ့္အသင္းေတြကုိ ေျပာင္းေရႊ႕ၿပီး ၎တုိ႔ရဲ႕အိပ္မက္ကို အသက္သြင္းဖို႔ ေခတ္အဆက္ဆက္က ႀကိဳးစားခဲ့ၾကပါတယ္။

အပစ္ပယ္ခံရြာေလးရဲ႕စြန္႔ဦးတီထြင္သူ (သို႔) ဆာဒီယိုမာေနး 

ေဘာလံုးသမုိင္းတစ္ေလွ်ာက္အေကာင္းဆံုးကစားသမားေတြျဖစ္တဲ့ ခရစ္စတီယာႏုိေရာ္နယ္ဒို၊ မက္ဆီ၊ ဇာဗီ၊ ေပါလ္စခုိး၊ ဖိလစ္လမ္း စတဲ့ ကစစားသမားေတြဟာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမွာက္ႏုိင္ခဲ့ၾကတဲ့ ကစားသမားေတြျဖစ္ပါတယ္။ ယင္းကစားသမားေတြနည္းတူ ကမၻာ့ထိပ္တန္းအဆင့္ ေျခစြမ္းပိုင္ဆုိင္ခဲ့ၾကေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို လံုးဝကိုင္ေျမွာက္ခြင့္မရခဲ့ဘဲ လြဲေခ်ာ္ခဲ့ၾကတဲ့ ကစားသမား ၅ ဦးရွိခဲ့ပါတယ္။

 

၅။ ေဖဘီယိုကနာဗားရိုး

Photos: Sportskeeda

 

အီတလီဂႏၱဝင္ခံစစ္ကစားသမား ကနာဗားရိုးဟာ အင္တာမီလန္၊ ဂ်ဴဗင္တပ္၊ ရီးရဲမက္ဒရစ္၊ ပါးမားအသင္းတို႔မွာ ကစားခဲ့ဖူးၿပီး ျပည္တြင္းအမွတ္ေပးဖလား၊ ဘလြန္းဒီေအာ္နဲ႔ ကမၻာ့ဖလားကိုေတာင္ ကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းကို ၾကယ္စင္စုအသင္းအျဖစ္ စုဖြဲ႕ခဲ့စဥ္က ၾကယ္ပြင့္ကစားသမားတစ္ဦးအျဖစ္ ပါဝင္ခြင့္ရခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမွာက္ခြင့္မရရွိခဲ့သူျဖစ္ပါတယ္။ ကနာဗားရိုးဟာ ၂၀၀၃ ခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အင္တာမီလန္အသင္းနဲ႔အတူ ခ်န္ပီယံျဖစ္ဖို႔ သိပ္မေဝးကြာေတာ့တဲ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ခဲ့ေပမယ့္ ေအစီမီလန္အသင္းကို ရံႈးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ဆန္စီရိုကြင္းမွာ အေဝးဂိုးနဲ႔ ရံႈးနိမ့္ခဲ့တဲ့ပြဲစဥ္ဟာ ကနာဗားရိုးအေနနဲ႔ အရင္တုန္းက ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔အတြက္ ဒီေလာက္ထိနီးစပ္မႈမရွိခဲ့ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ကနာဗားရိုးဟာ ဂ်ဴဗင္တပ္၊ ရီးရဲမက္ဒရစ္အသင္းတုိ႔လို ထိပ္သီးအသင္းႀကီးေတြကိုေတာင္ သြားေရာက္ကစားခဲ့ေပမယ့္ ကလပ္အသင္းကစားသမားဘဝရဲ႕အေအာင္ျမင္ဆံုး ဆုဖလားတစ္ခုျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကို မရယူႏုိင္ခဲ့ပါဘူး။

 

၄။ ရုဒ္ဗန္နစၥတယ္ရြိဳင္း

Photos: Sportskeeda

ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္မွာ ဂိုးသြင္းအမ်ားဆံုး ကစားသမားတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ရုဒ္ဗန္နစၥတယ္ရြိဳင္းဟာ ၇၃ ပြဲမွာ ၅၆ ဂိုးအထိ သြင္းယူၿပီး စတုတၳေျမာက္ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ႏုိင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ နစၥတယ္ရြိဳင္းဟာ ခ်န္ပီယံလိဂ္ဖလားကို ဘယ္တုန္းကမွ မရရွိခဲ့တဲ့ ဂိုးသြင္းအမ်ားဆံုးစာရင္းဝင္ ကစားသမားလည္းျဖစ္ခဲ့ပါတယ္။

နစၥတယ္ရြိဳင္းဟာ မတူညီတဲ့အခ်ိန္ေတြမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ၿပီး ထိပ္တန္းအဆင့္ေျခစြမ္းရွိတဲ့ တုိက္စစ္မွဴးျဖစ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို မရရွိခဲ့တဲ့အတြက္ ေနာင္တရစရာျဖစ္ခဲ့ပါတယ္။ နစၥတယ္ရြိဳင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသင္း ၃ သင္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး မန္ယူနဲ႔ ရီးရဲမက္ဒရစ္အသင္းတို႔နဲ႔ အေအာင္ျမင္ဆံုးျဖစ္ခဲ့ပါတယ္။ ၎ရဲ႕ေရွ႕က ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔ လက္တစ္ကမ္းအကြာေရာက္ခဲ့တဲ့ ကနာဗားရိုးလိုပဲ နစၥတယ္ရိြဳင္းကလည္း ဆီမီးဖုိင္နယ္အဆင့္အထိ တက္ေရာက္ႏုိင္ခဲ့ပါတယ္။ ကနာဗားရိုးနည္းတူ နစၥတယ္ရြိဳင္းလည္း ၂၀၀၂ ခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင့္မွာ ေလဗာကူဆင္အသင္းကို အေဝးဂိုးနဲ႔ ရံႈးနိမ့္ၿပီး ဗိုလ္လုပြဲတက္ေရာက္ခြင့္ဆံုးရံႈးခဲ့ပါတယ္။

 

၃။ ဘူဖြန္

Photos: Sportskeeda

 

ပရိသတ္ေတြအားလံုး ခ်န္ပီယံလိဂ္ဆုဖလားကို ရရွိေစခ်င္တဲ့ကစားသမားကို ျပပါဆုိရင္ အီတလီဝါရင့္ဂိုးသမားႀကီး ဘူဖြန္ကို ျပရမွာပါ။ စီးရီးေအဖလားကို ၁၁ ႀကိမ္ ကိုင္ေျမွာက္ႏုိင္ခဲ့ၿပီး ၂၀၀၆ ကမၻာ့ဖလားခ်န္ပီယံ ဘူဖြန္ဟာ ခ်န္ပီယံလိဂ္ဖလားနဲ႔လက္တကမ္းအကြာကေန အၿမဲလွည့္ျပန္ခဲ့ရသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ဘူဖြန္ဟာ ခ်န္ပီယံလိဂ္ဖလားကို မရရွိဘဲ ပြဲအမ်ားဆံုးပါဝင္ကစားခဲ့တဲ့ ကစားသမားအျဖစ္ စံခ်ိန္သစ္ ေရးထုိးႏုိင္ခဲ့ၿပီး ၁၂၅ ပြဲအထိ ကစားခဲ့တာျဖစ္ပါတယ္။ ဘူဖြန္ဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၃ ႀကိမ္အထိ ရံႈးနိမ့္ထားတဲ့ကစားသမားျဖစ္ၿပီး ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ ဆုဖလားမရရွိခဲ့ဘဲ အျခားကစားသမားေတြထက္ ဆုိးရြားတဲ့ကစားသမားအျဖစ္ မွတ္တမ္းတင္ခဲ့ပါတယ္။ ဘူဖြန္ရဲ႕ရင္နာဖြယ္ဗိုလ္လုပြဲရံႈးနိမ့္မႈမွတ္တမ္းေတြကေတာ့ ၂၀၀၃ ခုႏွစ္မွာ အီတလီၿပိဳင္ဘက္ ေအစီမီလန္အသင္းနဲ႔ျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္မွာ ဘာစီလိုနာ၊ ၂၀၁၇ ခုႏွစ္မွာ ရီးရဲမက္ဒရစ္တို႔ကို ရံႈးနိမ့္ခဲ့တာျဖစ္ပါတယ္။

 

၂။ ဇလာတန္အီဘရာဟီမိုဗစ္

Photos: Sportskeeda

 

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မတူညီတဲ့အသင္း ၇ သင္းအတြက္ ကစားေပးခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္တဲ့ အီဘရာဟီမိုဗစ္ဟာ ခ်န္ပီယံလိဂ္ဖလားကို တစ္ႀကိမ္မွ မရယူႏုိင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္္။ အီဘရာဟီမိုဗစ္ဟာ မတူညီတဲ့အသင္း ၆ သင္း(မန္ယူအသင္းနဲ႔ ဂိုးမသြင္းႏုိင္ခဲ့)အတြက္ ဂိုးသြင္းယူခဲ့တဲ့ကစားသမားျဖစ္ၿပီး ဘူဖြန္က ၎ရဲ႕စံခ်ိန္ကို မခ်ိဳးဖ်က္မီအခ်ိန္အထိ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အႏုိင္မရရွိဘဲ ပြဲအမ်ားဆံုးပါဝင္ကစားေပးထားတဲ့ကစားသမားအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာ ျမင့္မားတဲ့အဆင့္အတန္းမွာရွိေနတဲ့ ထိပ္တန္းလိဂ္ေတြမွာ ႏွစ္ေပါင္းမ်ားစြာ ေျခစြမ္းပိုင္းတည္ၿငိမ္စြာနဲ႔ ကစားႏုိင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ဆီမီးဖုိင္နယ္အဆင့္အထိသာ တက္ေရာက္ႏုိင္ခဲ့ပါတယ္။ အီဘရာဟီမိုဗစ္ဟာ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမွာက္ဖို႔ ကံဇာတာမပါလာဘူးလုိ႔ ေျပာရေလာက္ေအာင္ပဲ ေတ့လြဲလြဲခဲ့သူျဖစ္ပါတယ္။ ၂၀၀၉-၂၀၁၀ မွာ မိုဗစ္ရဲ႕အသင္းေဟာင္း အင္တာမီလန္အသင္းက မိုဗစ္ပါဝင္ကစားေပးေနတဲ့ ဘာစီလိုနာအသင္းကို ၿပိဳင္ပြဲကေန ထြက္ခြာေစခဲ့ပါတယ္။ အီဘရာဟီမိုဗစ္ဟာ အင္တာမီလန္အသင္း ခ်န္ပီယံလိဂ္ရရွိတဲ့ယင္းႏွစ္မတုိင္မီ ၁ ႏွစ္မွာ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္ရရွိမယ့္ႏွစ္မွာလည္း ေအစီမီလန္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

 

၁။ ေရာ္နယ္ဒို

Photos: Sportskeeda

 

ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံမျဖစ္ဖူးတဲ့ အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္ၿပီး ဘလြန္းဒီေအာ္ ၂ ႀကိမ္၊ ကမၻာ့ဖလား ၂ ႀကိမ္၊ လာလီဂါဖလား ၂ ႀကိမ္ ကိုင္ေျမွာက္ႏုိင္ခဲ့သူျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပြဲေပါင္း ၄၀  ပါဝင္ကစားေပးခဲ့ၿပီး ကမၻာ့အေကာင္းဆံုးတုိက္စစ္မွဴးအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ေရာ္နယ္ဒိုဟာ ဥေရာပရဲ႕အျမင့္မားဆံုးေအာင္ျမင္မႈဆီကိုေတာ့ မေရာက္ရွိႏုိင္ခဲ့ပါဘူး။

ေရာ္နယ္ဒိုရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အေအာင္ျမင္ဆံုးအခ်ိန္ကေတာ့ ၂၀၀၃ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာျဖစ္ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ရီးရဲမက္ဒရစ္အသင္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ဂ်ဴဗင္တပ္အသင္းကို ၂ ေက်ာ့ေပါင္း ၄ ဂိုး ၃ ဂိုးနဲ႔ ရံႈးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။ ယင္းႏွစ္က ဗိုလ္လုပြဲမွာ အီတလီအသင္းအခ်င္းခ်င္း ျပန္လည္ေတြ႕ဆံုခဲ့ၾကၿပီး ေအစီမီလန္အသင္းက ပင္နယ္တီအဆံုးအျဖတ္နဲ႔ ဂ်ဴဗင္တပ္အသင္းကို အႏုိင္ရရွိၿပီး ဗိုလ္စြဲသြားခဲ့တာျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs