မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတာပါ။
Pyae Phyo Thein

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တိုက်စစ်အားသန် ကစားသမား ဆွန်ဟောင်မင်ကို ဂျာမနီ ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရပြီးနောက် စစ်မှုထမ်းခွင့် ကင်းလွတ်ခဲ့တဲ့ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က စိတ်ကူးလာခဲ့တာလည်း ဖြစ်ပါတယ်။



Photo : 90 min

 

ပရီးမီးယားလိဂ်မှာ အစွမ်းအစရှိတဲ့ ကစားသမားတစ်ဦးအဖြစ် ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ စပါးအတွက် ပြိုင်ပွဲစုံ (၄၇)ဂိုး သွင်းယူပေးထားခဲ့ပြီး (၂၆)ကြိမ် ဖန်တီးပေးထားတဲ့ ဆွန်ဟောင်မင်ကို အလိုင်းယင့်ဇ်အရီဇာကို ခေါ်ယူဖို့ ဘိုင်ယန်က စိတ်ဝင်စားနေတယ်လို့ Calciomercato သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photo : 90 min

 

အသက် (၂၆)နှစ်အရွယ် ဆွန်ဟောင်မင်ဟာ ဘွန်ဒက်လီဂါအတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး ဒီသတင်းဟာ ကောလဟလ မဟုတ်ဘူးလို့လည်း အဆိုပါ သတင်းဌာနက အခိုင်အမာဖော်ပြခဲ့ပါတယ်။ အသင်းရဲ့ တောင်ပံနေရာတွေမှာ ကင်စလေကိုးမန်း ရှိနေခဲ့ပြီး အကောင်းဆုံး ကစားပြနိုင်ပေမယ့် ကိုးမန်း ဒဏ်ရာရရှိနေခဲ့မှုက ဆွန်ဟောင်မင်ကို ဘိုင်ယန်က ခေါ်ယူဖို့ စိတ်ဝင်စားရခြင်း အကြောင်းရင်းလည်း ဖြစ်ပါတယ်။

Photo : 90 min

ဒါပေမယ့်လည်း ဆွန်ဟောင်မင်ရဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုက ဘိုင်ယန်အတွက် အနည်းငယ် အခက်အခဲရှိနေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်အဖြစ် တိုလစ်ဆိုကို ပေါင် (၃၇)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်အတွက် ဘိုင်ယန်မြူးနစ်ဟာ အနည်းဆုံး ပေါင်သန်း (၄၀)ခန့် သုံးစွဲရမှာလည်း ဖြစ်ပါတယ်။

Photo : 90 min

 

ဆွန်ဟောင်မင်ကတော့ ဘွန်ဒက်လီဂါကလပ် ဟမ်းဘတ်အသင်းမှာ (၃)ရာသီကြာ ကစားခဲ့ပြိး လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့ကာ (၂)ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ လေဗာကူဆင်ကနေ စပါးကို ၂၀၁၅ မှာ ပေါင် ၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ ခြေစွမ်းပြကစားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က