ဒီနေ့မှာ ကစားရတော့မှာပါ။
Pyae Phyo Thein

ဥရောပရဲ့ ဒုတိယအမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ဒီနေ့မှာ စတင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့ ပါဝင်နေတာမို့ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချယ်လ်ဆီးဟာ ဂရိကလပ် PAOK နဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်အတွက် အချက်အလက်၊ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

Photo : 90 min

 

- ချယ်လ်ဆီးအသင်းမှာ ဟာဇက်၊ ဒေးဗစ်လုဇ် နဲ့ ကိုဗာဆစ်တို့ဟာ အသင်းနဲ့အတူ လိုက်ပါသွားခြင်းမရှိပါဘူး။

- လော့တပ်ချိခ် ပါဝင်နိုင်မယ်လို့ အာမမခံနိုင်ဘူးလို့ နည်းပြဆာရီက ပြောကြားထားပါတယ်။

- ဂယ်ရီကာဟေးလ် ချယ်လ်ဆီးအတွက် ပွဲထွက်ပါဝင်လာဖွယ်ရှိပါတယ်။

Photo : 90 min

 

- PAOK ကစားသမား ချူဘာအေပွန်ကတော့ အာဆင်နယ်မှာ အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ဂီရော့ဒ်နဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။

- ဒါ့အပြင် နာပိုလီမှာ ဆာရီနဲ့ လက်တွဲခဲ့ဖူးတဲ့ အိုမာအယ်လ်ကတ်ဒ်ဒူရီကတော့ ဆာရီနဲ့ ပြန်လည်ရင်ဆိုင်မှာလည်း ဖြစ်ပါတယ်။

- PAOK တိုက်စစ်မှူး ပရီဂျိုဗစ်ဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

 

အချက်အလက်များ

Photo : 90 min

 

- သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

- PAOK ဟာ အင်္ဂလန်ကလပ်တွေနဲ့ (၄)ကြိမ်ရင်ဆိုင်ဖူးပြီး ရှုံးပွဲမရှိသေးပါဘူး။

- အာဆင်နယ်၊ စပါးတို့နဲ့ ရင်ဆိုင်ဖူးပြီး နောက်ထပ်လန်ဒန်ကလပ်နဲ့ ထပ်မံရင်ဆိုင်ရမှာပါ။

Photo : 90 min

 

- PAOK ကတော့ ယူရိုပါလိဂ်မှာ ၃၂သင်းအဆင့်ကို အမြင့်ဆုံးတက်ရောက်ဖူးတာပါ။

- ချယ်လ်ဆီးကတော့ ယူရိုပါလိဂ်ဖလားကို ၂၀၁၃ တုန်းက ဆွတ်ခူးဖူးပါတယ်။

- ချယ်လ်ဆီးနည်းပြ ဆာရီဟာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေကို ၂၀၁၅-၁၆ တုန်းက နာပိုလီနဲ့အတူ ကစားခဲ့ပြီး ပွဲတိုင်းအနိုင်ရထားပါတယ်။

 

ဖြစ်နိုင်ဖွယ် ကစားကွက်

 

ချာလီရဲ့ ခန့်မှန်းချက်

 

ဟာဇက် ပါဝင်လာခြင်းမရှိတာက ချယ်လ်ဆီးကို အသွင်သစ်နဲ့ မြင်တွေ့ရမှာပါ။ လော့တပ်ချိခ်ကို နေရာပေးနိုင်ဖွယ်ရှိပြီး အင်္ဂလန်ကစားသမားဟာ ဂိုးသွင်းနိုင်ဖွယ်ရှိပါတယ်။ ဒီပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုးနည်းပါးနိုင်ပြီး ချယ်လ်ဆီးက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။


Author


က္က