• International Sports
    ရမှတ်အပြင် ကြယ်ပွင့်ကစားသမားကိုပါ ဆုံးရှုံးလိုက်ရတဲ့ ရီးရဲမက်ဒရစ်
Kyawko Ko
[Unicode Version]

ယမန်နေ့ညက မက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ပထမပိုင်းအပြီးမှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ရီးရဲမက်ဒရစ်အသင်းဟာ ဂိုးရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

bale-godin-real-madrid-atletico-madrid_1jvgxq7w25msq1xrw0y2ghxl16.jpg

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆီဗီလာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဒရစ်ဒါဘီပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိဖို့ ရည်မှန်းထားခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်းမှာ ဂါရတ်ဘေးလ်က ရီးရဲမက်ဒရစ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ချင်နေသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ကံမကောင်းစွာနဲ့ပဲ ဂါရတ်ဘေးလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာ မဖြစ်မနေ လူစားလဲလှယ်ခဲ့ရပြီး ဒုတိယပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်မပါဝင်ဘဲ ကစားခဲ့ရပါတယ်။ ဂါရတ်ဘေးလ်ဟာ ယခုရာသီမှာ ထိပ်တန်းအဆင့်ခြေစွမ်းပြသနေသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ၃ ဂိုး သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။

1538242875_152844_1538251358_noticia_normal.jpg 

ရီးရဲမက်ဒရစ်အသင်းဟာ အူအတက်ရောင်ဝေဒနာကြောင့် အစ္စကို အနားယူနေရချိန်မှာ နောက်ထပ်အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ထပ်မံဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမား ကော်တိုရစ်ဟာ အက်သလက်တီကိုနဲ့ပွဲစဉ်မှာ ဂရစ်ဇ်မန်းနဲ့ ဒီယေဂိုကော်စတာတို့ရဲ့ အပိုင်ဂိုးကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ဆီဗီလာနဲ့ပွဲစဉ်က ပေးဂိုးတွေအတွက် ပြန်လည်ပေးဆပ်ခဲ့ပါတယ်။

ဂါရတ်ဘေးလ်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ စီဘယ်လော့စ်ဟာ ဒုတိယပိုင်းပွဲကစားချိန်မှာ အထင်ကြီးလေးစားဖွယ်ခြေစွမ်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ကွင်းလယ်မှာ ပိုမိုလွှမ်းမိုးနိုင်အောင် ကစားပြနိုင်ခဲ့ပေမယ့် ဂိုးရရှိဖို့အတွက် မလုံလောက်ခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုကလည်း ဂိုးရှေ့မှာ ဂိုးသမားနဲ့ တစ်ယောက်ခင်း အပိုင်ဂိုးကန်သွင်းခွင့်ရရှိခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမား အော့ဘလက်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

ယမန္ေန႔ညက မက္ဒရစ္ဒါဘီပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ရီးရဲမက္ဒရစ္အသင္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတုိ႔ရဲ႕ပြဲစဥ္မွာ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမရွိ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။ ရီးရဲမက္ဒရစ္အသင္းရဲ႕ၾကယ္ပြင့္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ ပထမပိုင္းအၿပီးမွာ ေပါင္ၿခံဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရၿပီး ရီးရဲမက္ဒရစ္အသင္းဟာ ဂိုးရရွိဖို႔အတြက္ ရုန္းကန္ခဲ့ရပါတယ္။

bale-godin-real-madrid-atletico-madrid_1jvgxq7w25msq1xrw0y2ghxl16.jpg

ရီးရဲမက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဆီဗီလာအသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္ရံႈးနိမ့္ခဲ့ၿပီးေနာက္ မက္ဒရစ္ဒါဘီပြဲစဥ္မွာ ႏုိင္ပြဲျပန္လည္ရရွိဖို႔ ရည္မွန္းထားခဲ့တာျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းရဲ႕တသက္တာထိပ္တန္းဂိုးသြင္းရွင္ ခရစ္စတီယာႏုိေရာ္နယ္ဒို မရွိေတာ့တဲ့ေနာက္ပိုင္းမွာ ဂါရတ္ေဘးလ္က ရီးရဲမက္ဒရစ္ရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခ်င္ေနသူျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို မကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမား ၅ ဦး 

ဒါေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ပြဲစဥ္မွာ ကံမေကာင္းစြာနဲ႔ပဲ ဂါရတ္ေဘးလ္ဟာ ေပါင္ၿခံဒဏ္ရာေၾကာင့္ ပထမပိုင္းအၿပီးမွာ မျဖစ္မေန လူစားလဲလွယ္ခဲ့ရၿပီး ဒုတိယပိုင္းမွာ ရီးရဲမက္ဒရစ္အသင္းဟာ ဂါရတ္ေဘးလ္မပါဝင္ဘဲ ကစားခဲ့ရပါတယ္။ ဂါရတ္ေဘးလ္ဟာ ယခုရာသီမွာ ထိပ္တန္းအဆင့္ေျခစြမ္းျပသေနသူျဖစ္ၿပီး ရီးရဲမက္ဒရစ္အသင္းအတြက္ ၃ ဂိုး သြင္းယူထားတဲ့ကစားသမားျဖစ္ပါတယ္။

ရီးရဲမက္ဒရစ္အသင္းဟာ အူအတက္ေရာင္ေဝဒနာေၾကာင့္ အစၥကို အနားယူေနရခ်ိန္မွာ ေနာက္ထပ္အဓိကကစားသမားတစ္ဦးျဖစ္တဲ့ ဂါရတ္ေဘးလ္ကို ထပ္မံဆံုးရံႈးခဲ့ရတာျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းရဲ႕ဂိုးသမား ေကာ္တုိရစ္ဟာ အက္သလက္တီကိုနဲ႔ပြဲစဥ္မွာ ဂရစ္ဇ္မန္းနဲ႔ ဒီေယဂိုေကာ္စတာတုိ႔ရဲ႕ အပိုင္ဂိုးကန္သြင္းမႈေတြကို လက္စြမ္းျပကာကြယ္ႏုိင္ခဲ့ၿပီး ဆီဗီလာနဲ႔ပြဲစဥ္က ေပးဂိုးေတြအတြက္ ျပန္လည္ေပးဆပ္ခဲ့ပါတယ္။

ဂါရတ္ေဘးလ္ရဲ႕ေနရာမွာ လူစားဝင္ကစားခဲ့တဲ့ စီဘယ္ေလာ့စ္ဟာ ဒုတိယပိုင္းပြဲကစားခ်ိန္မွာ အထင္ႀကီးေလးစားဖြယ္ေျခစြမ္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းကုိ ကြင္းလယ္မွာ ပိုမိုလႊမ္းမိုးႏုိင္ေအာင္ ကစားျပႏုိင္ခဲ့ေပမယ့္ ဂိုးရရွိဖို႔အတြက္ မလံုေလာက္ခဲ့တာျဖစ္ပါတယ္။ အဆန္စီယိုကလည္း ဂိုးေရွ႕မွာ ဂိုးသမားနဲ႔ တစ္ေယာက္ခင္း အပိုင္ဂိုးကန္သြင္းခြင့္ရရွိခဲ့ေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ဂိုးသမား ေအာ့ဘလက္က လက္စြမ္းျပကာကြယ္ႏုိင္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏုိင္ခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs