• International Sports
    ဘလွန်းဒီအော်ဆုအတွက် ဆန်ကာတင် ပထမဆုံး ၅ ဦးစာရင်း ထွက်ပေါ်လာ
Kyawko Ko
[Unicode Version]

ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ကာရင်ဘန်ဇီးမားနဲ့ လီဗာပူးအသင်းဂိုးသမား အယ်လီဆင်တို့ဟာ ၂၀၁၈ ဘလွန်းဒီအော်ဆုအတွက် ပြင်သစ်မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ပထမဆုံး ဆန်ကာတင် ၅ ဦးစာရင်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

2e47b-15389829058164-800.jpg 

ဆန်ကာတင် ၅ ဦးစာရင်းထဲမှာ မန်ချက်စတာစီးတီးအသင်း ကြယ်ပွင့်တိုက်စစ်မှူး အဂူရို၊ ရီးရဲမက်ဒရစ်ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်၊ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီတို့လည်း ပါဝင်နေပါတယ်။ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဘန်ဇီးမားကို ဘလွန်းဒီအော်ဆုအတွက် ပထမဆုံးဆန်ကာတင် ၅ ဦးစာရင်းမှာ ထည့်သွင်းခဲ့တာကို အများက အံ့အားသင့်ခဲ့ကြပြီး မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး

ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး လာလီဂါသွင်းဂိုး ၅ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၅ သာ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့တာတစ်ခုတည်းရှိတာဖြစ်ပါတယ်။ ဘန်ဇီးမားရဲ့အသင်းဖော် ဂါရတ်ဘေးလ်ကတော့ ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ထိုက်တန်သူဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်အသင်းကို အနိုင်ရရှိစေမယ့် အဓိက သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

nominee.JPG 

မန်ချက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အဂူရိုဟာလည်း ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ စုစုပေါင်းသွင်းဂိုး ၃၀ အထိ သွင်းယူပေးခဲ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်သူဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းသွင်းဂိုး ၂၈ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုး သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဖလား၊ Coupe de France ဖလား၊ Coupe de la Ligue ဖလား၊ Trophee des Champions ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်သူဖြစ်ပါတယ်။

[Zawgyi Version]

ရီးရဲမက္ဒရစ္အသင္းရဲ႕ တုိက္စစ္မွဴး ကာရင္ဘန္ဇီးမားနဲ႔ လီဗာပူးအသင္းဂိုးသမား အယ္လီဆင္တုိ႔ဟာ ၂၀၁၈ ဘလြန္းဒီေအာ္ဆုအတြက္ ျပင္သစ္မဂၢဇင္းက ထုတ္ျပန္ခဲ့တဲ့ ပထမဆံုး ဆန္ကာတင္ ၅ ဦးစာရင္းမွာ ပါဝင္ေနတာကို ေတြ႕ရပါတယ္။ ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ရာသီက ရီးရဲမက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္ကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

2e47b-15389829058164-800.jpg 

ဆန္ကာတင္ ၅ ဦးစာရင္းထဲမွာ မန္ခ်က္စတာစီးတီးအသင္း ၾကယ္ပြင့္တုိက္စစ္မွဴး အဂူရို၊ ရီးရဲမက္ဒရစ္ၾကယ္ပြင့္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္၊ ပီအက္စ္ဂ်ီအသင္းရဲ႕ ဝါရင့္တုိက္စစ္မွဴး ကာဗာနီတုိ႔လည္း ပါဝင္ေနပါတယ္။ ရီးရဲမက္ဒရစ္တိုက္စစ္မွဴး ဘန္ဇီးမားကို ဘလြန္းဒီေအာ္ဆုအတြက္ ပထမဆံုးဆန္ကာတင္ ၅ ဦးစာရင္းမွာ ထည့္သြင္းခဲ့တာကို အမ်ားက အံ့အားသင့္ခဲ့ၾကၿပီး ေမးခြန္းထုတ္စရာေတြျဖစ္ခဲ့ၾကပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို မကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမား ၅ ဦး

ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ရာသီတစ္ေလွ်ာက္လံုး လာလီဂါသြင္းဂိုး ၅ ဂိုးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂိုး ၅ သာ သြင္းယူႏုိင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္ ကိုင္ေျမွာက္ႏုိင္ခဲ့တာတစ္ခုတည္းရွိတာျဖစ္ပါတယ္။ ဘန္ဇီးမားရဲ႕အသင္းေဖာ္ ဂါရတ္ေဘးလ္ကေတာ့ ဆန္ကာတင္စာရင္းမွာ ပါဝင္ဖုိ႔ထုိက္တန္သူျဖစ္ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲမက္ဒရစ္အသင္းကို အႏုိင္ရရွိေစမယ့္ အဓိက သြင္းဂိုး ၂ ဂိုးကို သြင္းယူေပးခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး အဂူရိုဟာလည္း ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစံုမွာ စုစုေပါင္းသြင္းဂိုး ၃၀ အထိ သြင္းယူေပးခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား၊ လိဂ္ဖလားတုိ႔ကို ကိုင္ေျမွာက္ႏုိင္ခဲ့တာေၾကာင့္ ဆန္ကာတင္စာရင္းမွာ ပါဝင္ဖို႔ ထုိက္တန္သူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ကာဗာနီဟာ ၿပီးခဲ့တဲ့ရာသီက လီဂူးဝမ္းသြင္းဂိုး ၂၈ ဂိုးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂိုး ၇ ဂိုး သြင္းယူေပးခဲ့တဲ့ကစားသမားျဖစ္ပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ လီဂူးဝမ္းဖလား၊ Coupe de France ဖလား၊ Coupe de la Ligue ဖလား၊ Trophee des Champions ဖလားတို႔ကုိ ကုိင္ေျမွာက္ႏုိင္ခဲ့တာေၾကာင့္ ဆန္ကာတင္စာရင္းမွာ ပါဝင္ဖုိ႔ ထုိက္တန္သူျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs