• International Sports
    ရီးရဲမက်ဒရစ်ရဲ့ကမ်းလှမ်းမှုကို စိတ်မဝင်စားဘူးလို့ ပြောလိုက်တဲ့ လူးကပ်စ်ဟာနန်ဒက်
Kyawko Ko
[Unicode Version]

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား လူးကပ်စ်ဟာနန်ဒက်က ၎င်းကို ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူးကပ်စ်ဟာနန်ဒက်ဟာ မြို့ခံပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခွင့်ကို ပယ်ချခဲ့ပါတယ်။

lucas-hernandez-atletico-madrid_19c7l66b2suwo1eqrbiiu383pd.jpg

Photos: Goal

 

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးကပ်စ်ဟာနန်ဒက်ရဲ့ ညီဖြစ်သူ သီယိုဟာနန်ဒက်ဟာ ပြီးခဲ့တဲ့နှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပေမယ့် လူးကပ်စ်ဟာနန်ဒက်ကတော့ အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ကို ပြန်သွားလို့မရတာ သေချာသွားပြီဖြစ်တဲ့ ပေါ့ဂ်ဘာ 

သီယိုဟာနန်ဒက်ဟာ အက်သလက်တီကိုမက်ဒရစ် ပထမအသင်းကြီးအတွက် တခါမှ ကစားပေးခဲ့ရခြင်းမရှိသေးချိန်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လူးကပ်စ်ဟာနန်ဒက်ဟာ အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပါတယ်။

1523008337_908363_1523008466_noticia_normal.jpg

Photos: AS

 

လူးကပ်စ်ဟာနန်ဒက်က ၎င်းရဲ့ညီဖြစ်သူရှိတဲ့ ဘာနေဗျူးကို ပြောင်းရွှေ့မှာမဟုတ်ကြောင်းနဲ့ အနာဂတ်မှာလည်း အက်သလက်တီကိုမက်ဒရစ်အသင်းကို စွန့်ခွာသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

"ကမ်းလှမ်းမှုကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး။ မကြာသေးခင်ကပဲ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့အသင်းအပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်"

"ကျွန်တော့်ရဲ့အေးဂျင့်က အဲဒီအကြောင်း ပြောခဲ့တာပါ။ သူက ကျွန်တော် ရီးရဲမက်ဒရစ်အသင်းကို သွားဖို့ အခွင့်အလမ်းရှိနေပြီလို့ ပြောတဲ့အချိန်မှာ ကျွန်တော်က အဲဒီလို မလုပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်"

"အက်သလက်တီကိုက အရာအားလုံးကျွန်တော့်ကို ပေးခဲ့တဲ့အသင်းပါ။ ကျွန်တော်က ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပြီး ရီးရဲမက်ဒရစ်ကို မသွားနိုင်ပါဘူး"

"ကျွန်တော်ဒီမှာ အချိန်အကြာကြီးနေနိုင်မယ်လို့ မျှော်လင့့်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အပြောင်းအလဲတွေက အရမ်းမြန်ပါတယ်။ တကယ်လို့ ကျွန်တော် မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှုမျိုးသာ ရောက်လာခဲ့မယ်ဆိုရင်တော့"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ေနာက္္ခံကစားသမား လူးကပ္စ္ဟာနန္ဒက္က ၎ကို ရီးရဲမက္ဒရစ္အသင္းက ေခၚယူဖို႔အတြက္ ကမ္းလွမ္းခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ လူးကပ္စ္ဟာနန္ဒက္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခြင့္ကို ပယ္ခ်ခဲ့ပါတယ္။

Photos: Goal

 

အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လူးကပ္စ္ဟာနန္ဒက္္ရဲ႕ ညီျဖစ္သူ သီယိုဟာနန္ဒက္ဟာ ၿပီးခဲ့တဲ့ႏွစ္က အက္သလက္တီကိုမက္ဒရစ္အသင္းကေန ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ေပမယ့္ လူးကပ္စ္ဟာနန္ဒက္ကေတာ့ အသင္းမွာပဲ ဆက္ရွိေနဖုိ႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ကို ျပန္သြားလုိ႔မရတာ ေသခ်ာသြားၿပီျဖစ္တဲ့ ေပါ့ဂ္ဘာ 

သီယိုဟာနန္ဒက္ဟာ အက္သလက္တီကိုမက္ဒရစ္ ပထမအသင္းႀကီးအတြက္ တခါမွ ကစားေပးခဲ့ရျခင္းမရွိေသးခ်ိန္မွာ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး လူးကပ္စ္ဟာနန္ဒက္ဟာ အသင္းႀကီးမွာ ပံုမွန္ပြဲထြက္ခြင့္ရရွိေနသူျဖစ္ပါတယ္။

Photos: AS

 

လူးကပ္စ္ဟာနန္ဒက္က ၎ရဲ႕ညီျဖစ္သူရွိတဲ့ ဘာေနဗ်ဴးကို ေျပာင္းေရႊ႕မွာမဟုတ္ေၾကာင္းနဲ႔ အနာဂတ္မွာလည္း အက္သလက္တီကိုမက္ဒရစ္အသင္းကို စြန္႔ခြာသြားမွာမဟုတ္ဘူးလုိ႔ ေျပာၾကားခဲ့ပါတယ္။

"ကမ္းလွမ္းမႈကို ကၽြန္ေတာ္ သိပ္စိတ္မဝင္စားပါဘူး။ မၾကာေသးခင္ကပဲ စာခ်ဳပ္သစ္ခ်ဳပ္ဆုိထားတဲ့ ကၽြန္ေတာ့္ရဲ႕အသင္းအေပၚမွာပဲ ၁၀၀ ရာခုိင္ႏႈန္း အာရံုစိုက္ထားပါတယ္"

"ကၽြန္ေတာ့္ရဲ႕ေအးဂ်င့္က အဲဒီအေၾကာင္း ေျပာခဲ့တာပါ။ သူက ကၽြန္ေတာ္ ရီးရဲမက္ဒရစ္အသင္းကို သြားဖို႔ အခြင့္အလမ္းရွိေနၿပီလို႔ ေျပာတဲ့အခ်ိန္မွာ ကၽြန္ေတာ္က အဲဒီလို မလုပ္ႏုိင္ဘူးလို႔ ေျပာခဲ့ပါတယ္"

"အက္သလက္တီကိုက အရာအားလံုးကၽြန္ေတာ့္ကို ေပးခဲ့တဲ့အသင္းပါ။ ကၽြန္ေတာ္က ရိုးသားတဲ့လူတစ္ေယာက္ျဖစ္ၿပီး ရီးရဲမက္ဒရစ္ကို မသြားႏုိင္ပါဘူး"

"ကၽြန္ေတာ္ဒီမွာ အခ်ိန္အၾကာႀကီးေနႏုိင္မယ္လို႔ ေမွ်ာ္လင့့္ပါတယ္။ ဒါေပမယ့္ ေဘာလံုးေလာကမွာ အေျပာင္းအလဲေတြက အရမ္းျမန္ပါတယ္။ တကယ္လို႔ ကၽြန္ေတာ္ မျငင္းဆန္ႏုိင္တဲ့ ကမ္းလွမ္းမႈမ်ိဳးသာ ေရာက္လာခဲ့မယ္ဆုိရင္ေတာ့"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs