• International Sports
    PSV ၊ အေဂျက်ဇ်၊ ဖီယင်နော့ဒ်တို့ရဲ့ အံ့အားသင့်စရာ လုပ်ရပ်တစ်ခု
Pyae Phyo Thein
[Unicode Version]

နယ်သာလန်ကလပ်အသင်းတွေဖြစ်ကြတဲ့ အေဂျက်ဇ်၊ PSV နဲ့ ဖီယင်နော့ဒ်အသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေကနေ ရရှိမယ့် သူတို့ရဲ့ ဝင်ငွေ ၁၀%ရာနှုန်းကို နယ်သာလန်လိဂ်က အခြားကလပ်အသင်းတွေကို ပေးအပ်သွားဖို့ သဘောတူညီလိုက်ပါတယ်။ လိဂ်အဆင့်အတန်း တိုးတက်လာဖို့အတွက် ဒီကလပ်သုံးသင်းက တစ်ဖက်တစ်လမ်းက ကူညီလိုက်တာ ဖြစ်ပါတယ်။

DpIpeEyXgAAUHWF.jpg

Photo : Sportbible

 

အေဂျက်ဇ် နဲ့ PSV အသင်းတို့ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့် ရရှိထားတာ ဖြစ်ပြီး အေဂျက်ဇ်အသင်းဆိုရင် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အေဂျက်ဇ် နဲ့ PSV တို့ဟာ ဆုကြေးငွေ ပေါင်သန်း (၂၀)စီ ရရှိကြမှာ ဖြစ်ပါတယ်။

ပေါင် (၈.၇)သန်း တန်ကြေးရှိခဲ့တဲ့ မာရှယ်ရဲ့ သွင်းဂိုး 

NINTCHDBPICT000438250513-e1538334221102.jpg

Photo : TheWorldNews.net

 

ဟော်လန်လိဂ်ရဲ့ အသင်းကြီး (၃)သင်းဟာ တစ်သင်းချင်းစီရဲ့ ဝင်ငွေ (၁၀) ရာခိုင်နှုန်းကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါဟာ ဥရောပရဲ့ လိဂ်အဆင့်အတန်းမှာ နောက်ကျကျန်ရစ်ခဲ့တဲ့ နယ်သာလန်လိဂ် ပြန်လည်ဦးမော့လာစေဖို့ ကြိုးပမ်းပေးခဲ့တာဖြစ်ပါတယ်။ ဟော်လန်အသင်း ဟာလည်း ပြီးခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲကြီး (၂)ခုမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

psv.jpg

Photo : CBS Sports

 

ဒီအခြေအနေကို ပြန်လည်ကုစားဖို့အတွက် ဒေသတွင်းလိဂ်အဆင့်အတန်း မြင့်မားမှ ဖြစ်မယ်ဆိုတဲ့ အသိအမြင်ကို အခြေခံပြီး အသင်းကြီး (၃)သင်းက ပူးပေါင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖီယင်နော့ဒ်ကတော့ ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲမှာ ကျန်ရစ်ခဲ့တာကြောင့် ဝင်ငွေ နည်းပါးမှာ ဖြစ်ပေမယ့်လည်း တခြားအသင်းများနည်းတူ (၁၀)% ပေးသွားမှာ ဖြစ်ပါတယ်။

Luuk-de-Jong-PSV-Ajax-VI-HH-1200x800.jpg

Photo : Dutch News

 

နယ်သာလန်ကလပ် အသင်းကြီးတွေရဲ့ အပြုအမူကတော့ ချီးကျူးချင်စရာပါပဲ။ လူမှုကွန်ယက်ပေါ်မှာလည်း ဒီလုပ်ရပ်အပေါ် ချီးကျူးခဲ့ကြပြီး အေဂျက်ဇ် နဲ့ PSV အသင်းတို့ကို ချန်ပီယံလိဂ်မှာ အောင်မြင်စေဖို့ ပရိသတ်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။

[Zawgyi Version]

နယ္သာလန္ကလပ္အသင္းေတြျဖစ္ၾကတဲ့ ေအဂ်က္ဇ္၊ PSV နဲ႔ ဖီယင္ေနာ့ဒ္အသင္းတို႔ဟာ ဥေရာပျပိဳင္ပြဲေတြကေန ရရွိမယ့္ သူတို႔ရဲ႕ ၀င္ေငြ ၁၀%ရာႏႈန္းကို နယ္သာလန္လိဂ္က အျခားကလပ္အသင္းေတြကို ေပးအပ္သြားဖို႔ သေဘာတူညီလိုက္ပါတယ္။ လိဂ္အဆင့္အတန္း တိုးတက္လာဖို႔အတြက္ ဒီကလပ္သံုးသင္းက တစ္ဖက္တစ္လမ္းက ကူညီလိုက္တာ ျဖစ္ပါတယ္။

Photo : Sportbible

 

ေအဂ်က္ဇ္ နဲ႔ PSV အသင္းတို႔ဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ကစားခြင့္ ရရွိထားတာ ျဖစ္ျပီး ေအဂ်က္ဇ္အသင္းဆိုရင္ ဘိုင္ယန္ျမဴးနစ္ကို အေ၀းကြင္းမွာ တစ္ဂိုးစီ သေရရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။ အုပ္စုအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ ေအဂ်က္ဇ္ နဲ႔ PSV တို႔ဟာ ဆုေၾကးေငြ ေပါင္သန္း (၂၀)စီ ရရွိၾကမွာ ျဖစ္ပါတယ္။

ေပါင္ (၈.၇)သန္း တန္ေၾကးရွိခဲ့တဲ့ မာရွယ္ရဲ႕ သြင္းဂိုး 

Photo : TheWorldNews.net

 

ေဟာ္လန္လိဂ္ရဲ႕ အသင္းၾကီး (၃)သင္းဟာ တစ္သင္းခ်င္းစီရဲ႕ ၀င္ေငြ (၁၀) ရာခိုင္ႏႈန္းကို ေပးအပ္သြားမွာျဖစ္ပါတယ္။ ဒါဟာ ဥေရာပရဲ႕ လိဂ္အဆင့္အတန္းမွာ ေနာက္က်က်န္ရစ္ခဲ့တဲ့ နယ္သာလန္လိဂ္ ျပန္လည္ဦးေမာ့လာေစဖို႔ ၾကိဳးပမ္းေပးခဲ့တာျဖစ္ပါတယ္။ ေဟာ္လန္အသင္း ဟာလည္း ျပီးခဲ့တဲ့ ႏိုင္ငံတကာျပိဳင္ပြဲၾကီး (၂)ခုမွာ က်ဆံုးမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

Photo : CBS Sports

 

ဒီအေျခအေနကို ျပန္လည္ကုစားဖို႔အတြက္ ေဒသတြင္းလိဂ္အဆင့္အတန္း ျမင့္မားမွ ျဖစ္မယ္ဆိုတဲ့ အသိအျမင္ကို အေျခခံျပီး အသင္းၾကီး (၃)သင္းက ပူးေပါင္းေပးခဲ့တာ ျဖစ္ပါတယ္။ ဖီယင္ေနာ့ဒ္ကေတာ့ ယူရိုပါလိဂ္ တတိယအဆင့္ ေျခစစ္ပြဲမွာ က်န္ရစ္ခဲ့တာေၾကာင့္ ၀င္ေငြ နည္းပါးမွာ ျဖစ္ေပမယ့္လည္း တျခားအသင္းမ်ားနည္းတူ (၁၀)% ေပးသြားမွာ ျဖစ္ပါတယ္။

Photo : Dutch News

 

နယ္သာလန္ကလပ္ အသင္းၾကီးေတြရဲ႕ အျပဳအမူကေတာ့ ခ်ီးက်ဴးခ်င္စရာပါပဲ။ လူမႈကြန္ယက္ေပၚမွာလည္း ဒီလုပ္ရပ္အေပၚ ခ်ီးက်ဴးခဲ့ၾကျပီး ေအဂ်က္ဇ္ နဲ႔ PSV အသင္းတို႔ကို ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ေစဖို႔ ပရိသတ္ေတြက ဆုေတာင္းေပးခဲ့ၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs