• International Sports
    မန်ယူအတွက် ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်တဲ့နည်းပြကို ပြောပြလိုက်တဲ့ နတ်ဘုရားကြီး
Kyawko Ko
[Unicode Version]

အယ်လ်အေဂလက်ဆီအသင်းမှာ ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ဟာ ယခုရာသီအစမှာ ရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်ခံစားနေရတဲ့ နည်းပြ မော်ရင်ဟိုကို အားပေးချီးကျူးစကား ပြောကြားခဲ့ပါတယ်။

Jose-Mourinho-Man-Utd-Inter-Milan-1029326.jpg

Photos: Daily Express

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်တဲ့သူဟာ နည်းပြမော်ရင်ဟိုသာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

အီဘရာဟီမိုဗစ်က စွမ်းဆောင်ရည်ကျဆင်းနေတဲ့အသင်းနဲ့ နည်းပြမော်ရင်ဟိုဟာ ထူးခြားဆန်းကြယ်မှုတွေ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့လည်း သတိပေးစကားပြောကြားခဲ့ပါတယ်။

jose-mourinho-zlatan-ibrahimovic_1ghyidcl20sur1ihm1mqnj4bng.jpg

Photo: Goal

 

အိုးထရက်ဖို့ဒ်မှာ ဆိုးရွားတဲ့အချိန်တွေကို ပိုင်ဆိုင်နေတဲ့ မော်ရင်ဟိုရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာတွေများစွာဖြစ်ပေါ်နေပြီး မော်ရင်ဟိုအပေါ်မှာ ကစားသမားတွေရဲ့ ယုံကြည်မှုပျောက်ဆုံးနေပြီး အနိုင်ရလဒ်ကို ရယူနိုင်ဖို့အတွက် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်က မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ အရည်အသွေးရှိတယ်လို့ ပြောကြားခဲ့ပြီး မန်ယူလိုမျိုးအသင်းအတွက် မှန်ကန်တဲ့နည်းပြဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"သူ့မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့အရည်အချင်းမျိုးရှိတယ် ထင်ပါတယ်"

"သူက အသင်းအတွက် မှန်ကန်တဲ့နည်းပြဖြစ်တယ်လို့ ထင်ပါတယ်"

"ဒါပေမယ့် နည်းပြကလည်း သူ့အသင်းကောင်းမှသာ ကောင်းမွန်နိုင်မှာပါ။ တကယ်လို့ အသင်းက သိပ်မကောင်းဘူးဆိုရင် သူလည်း ဆန်းကြယ်တဲ့အရာတွေ လုပ်နိုင်မှာမဟုတ်ပါဘူး"

"အသင်းက ကောင်းမွန်နေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဆက်လက်ရှေ့ဆက်သွားနေပြီး ပိုပြီးကောင်းမွန်လာပါပြီ"

"ဒါက သူ့အတွက် ၃ နှစ်မြောက်ကိုင်တွယ်တဲ့နှစ်ပါ။ ကစားသမားတွေကလည်း သူ ဘယ်လိုနည်းလမ်းမျိုးနဲ့ကစားချင်လဲဆိုတာကို ပိုပြီး သိလာပါပြီ။ သူ ဘာလိုချင်တယ်ဆိုတာကိုရောပေါ့။ အဲဒီတော့ ကျွန်တော် ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]


Photos: Daily Express




Photo: Goal

 









ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs