• International Sports
    ဒဏ်ရာကနေပြန်လည်သက်သာလာပြီး လေ့ကျင့်ရေးပြုလုပ်နိုင်ပြီဖြစ်တဲ့ ရီးရဲကြယ်ပွင့်
Kyawko Ko
[Unicode Version]

ရီးရဲမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ဘယ်နောက်ခံကစားသမား မာဆယ်လိုဟာ ယမန်နေ့က တတိယအကြိမ်မြောက်လေ့ကျင့်ရေးအစီအစဉ်ကို အပြီးသတ်နိုင်ခဲ့ပြီးနောက် လာမယ့်အောက်တိုဘာ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗန်တေးနဲ့ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

43054397_332990320794953_6539608150697870284_n.jpg

Photos: Instagram

မာဆယ်လိုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ နောက်ဆုံးသုံးပွဲဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်၊ စီအက်စ်ကေအေမော်စကိုနဲ့ အလာဗက်စ်အသင်းတို့ရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပါတယ်။ မာဆယ်လိုဟာ စက်တင်ဘာ ၂၆ ရက်နေ့က ဆီဗီလာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေရသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဒဏ်ရာရရှိနေတဲ့အတွက် မာဆယ်လိုဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်အတွက် လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပြီး Marca ရဲ့သတင်းအရ မာဆယ်လိုဟာ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိဖို့ လေ့ကျင့်နေပြီး နိုင်ငံတကာအားလပ်ရက်အပြီး လိဂ်ပွဲစဉ်တွေပြန်အစမှာ ပါဝင်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

process.jpg

Photos: 90min

 

ရီးရဲမက်ဒရစ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ကာဗာဂျယ်နဲ့ ဘန်ဇီးမားတို့ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာဖို့ အနည်းငယ်လိုသေးတာကြောင့် ယမန်နေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းနဲ့အတူ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ကာဗာဂျယ်ဟာ စီအက်စ်ကေအေမော်စကိုနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘန်ဇီးမားကတော့ အလာဗက်စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီး အူအတက်ခွဲစိတ်ဖြတ်ထုတ်ထားတဲ့ အစ္စကိုကလည်း ပြန်လည်သက်သာခါနီးနေပြီလို့ သိရပြီး ဘာစီလိုနာနဲ့ကစားမယ့် အယ်ကလက်စီကိုပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

[Zawgyi Version]

ရီးရဲမက္ဒရစ္အသင္းရဲ႕ ၾကယ္ပြင့္ဘယ္ေနာက္ခံကစားသမား မာဆယ္လုိဟာ ယမန္ေန႔က တတိယအႀကိမ္ေျမာက္ေလ့က်င့္ေရးအစီအစဥ္ကို အၿပီးသတ္ႏုိင္ခဲ့ၿပီးေနာက္ လာမယ့္ေအာက္တုိဘာ ၂၀ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ လီဗန္ေတးနဲ႔ပြဲစဥ္အမီ ႀကံ႕ခုိင္မႈျပည့္ဝလာဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။

43054397_332990320794953_6539608150697870284_n.jpg

Photos: Instagram

မာဆယ္လိုဟာ ရီးရဲမက္ဒရစ္အသင္းရဲ႕ ေနာက္ဆံုးသံုးပြဲျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္၊ စီအက္စ္ေကေအေမာ္စကိုနဲ႔ အလာဗက္စ္အသင္းတို႔ရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ မာဆယ္လုိဟာ စက္တင္ဘာ ၂၆ ရက္ေန႔က ဆီဗီလာအသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္ရံႈးနိမ့္ခဲဲ့တဲ့ပဲြစဥ္မွာ ၾကြက္သားဒဏ္ရာရရွိခဲ့တာေၾကာင့္ အနားယူေနရသူျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို မကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမား ၅ ဦး 

ဒဏ္ရာရရွိေနတဲ့အတြက္ မာဆယ္လုိဟာ ဘရာဇီးလ္လက္ေရြးစင္အသင္းရဲ႕ ႏုိင္ငံတကာပြဲစဥ္အတြက္ လူစာရင္းမွာလည္း ခ်န္လွပ္ခံခဲဲ့ရၿပီး Marca ရဲ႕သတင္းအရ မာဆယ္လုိဟာ ႀကံ႕ခုိင္မႈအျပည့္အဝျပန္လည္ရရွိဖို႔ ေလ့က်င့္ေနၿပီး ႏုိင္ငံတကာအားလပ္ရက္အၿပီး လိဂ္ပြဲစဥ္ေတြျပန္အစမွာ ပါဝင္ကစားေပးႏုိင္ေတာ့မယ္လုိ႔ သိရပါတယ္။

Photos: 90min

 

ရီးရဲမက္ဒရစ္အသင္းရဲ႕ အဓိကကစားသမားေတြျဖစ္တဲ့ ကာဗာဂ်ယ္နဲ႔ ဘန္ဇီးမားတို႔ဟာ ဒဏ္ရာကေန ျပန္လည္သက္သာဖုိ႔ အနည္းငယ္လုိေသးတာေၾကာင့္ ယမန္ေန႔က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ေရးအစီအစဥ္မွာ အသင္းနဲ႔အတူ ပါဝင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။

ကာဗာဂ်ယ္ဟာ စီအက္စ္ေကေအေမာ္စကိုနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ေျခသလံုးၾကြက္သား ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘန္ဇီးမားကေတာ့ အလာဗက္စ္ကို ၁ ဂုိး ဂိုးမရွိိနဲ႔ ရံႈးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ အသင္းရဲ႕အဓိကကစားသမားတစ္ဦးျဖစ္ၿပီး အူအတက္ခြဲစိတ္ျဖတ္ထုတ္ထားတဲ့ အစၥကိုကလည္း ျပန္လည္သက္သာခါနီးေနၿပီလို႔ သိရၿပီး ဘာစီလိုနာနဲ႔ကစားမယ့္ အယ္ကလက္စီကိုပြဲစဥ္မွာ ျပန္လည္ပါဝင္ဖို႔ ပစ္မွတ္ထားေနတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs