• International Sports
    အိုက်စလန်နဲ့ပွဲမှာ စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြန်တဲ့ ဘတ်ပီ
Pyae Phyo Thein
[Unicode Version]

အိုက်စလန်နဲ့ တစ်ဖက် (၂)ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဘတ်ပီဟာ စံချိန်မှတ်တမ်းတစ်ခု ထပ်မံပိုင်ဆိုင်သွားခဲ့ပါတယ်။ မိနစ် (၉၀)မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ဘတ်ပီက ကန်သွင်းရယူခဲ့ပြီးနောက် ပြင်သစ် အတွက် သူ့ရဲ့ သွင်းဂိုးဟာ (၁၀)ဂိုး ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

DpQdBJmWwAAy88r.jpg

Photo : Opta

 

Goal.com ရဲ့ ရေးသားဖော်ပြမှုအရ အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူးဟာ အသက် (၂၀)မပြည့်ခင်မှာ ပြင်သစ်အတွက် (၁၀)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲမှာလည်း ဘတ်ပီက (၁၄)မိနစ်အတွင်း (၄)ဂိုး သွင်းယူခဲ့ပြီး နှစ်ပေါင်း (၄၅)နှစ်အတွင်း တစ်ပွဲတည်းလေးဂိုးသွင်းနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

kylian-mbappe-france-iceland-friendly-11102018_oo4fijcg40s11daofkqfwrg8y.jpg

Photo : Goal.com

 

အဆိုပါမှတ်တမ်း ရရှိပြီး မကြာခင်မှာပဲ ဘတ်ပီက နောက်ထပ် မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်သွားခဲ့ပါတယ်။ အိုက်စလန်နဲ့ပွဲမှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခံနေခဲ့ရပြီး ပြင်သစ်က ချေပဂိုးတွေ လိုက်သွင်းခဲ့ရတာ ဖြစ်ပါတယ်။ အသက်အရွယ်ပိုင်းအရ ငယ်ရွယ်သေးပေမယ့် ဘတ်ပီကတော့ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

2438752-50673790-2560-1440.jpg

Photo : Eurosports

 

ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း ဘတ်ပီက ဂိုးသွင်းနိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အိုက်စလန်နဲ့ပွဲမှာတော့ ဘတ်ပီက ပြင်သစ်အသင်းသမိုင်းမှာ စံချိန်သစ်ရေးထိုးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခြားသော အချက်အလက်များအရ ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်ဟာလည်း ပြင်သစ်နဲ့အတူ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။

DpQY_3PWsAULv_7.jpg

Photo : Opta

 

ပြင်သစ်နဲ့ပွဲမှာ လိုရစ်ဟာ ပွဲချိန်အတွင်း ဂိုးပေါက်ကာကွယ်မှု (၇)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်းမှာ ပြင်သစ်ဂိုးသမားတစ်ဦးက ပွဲစဉ်တစ်ပွဲတည်းမှာ အကြိမ်အများဆုံး ကာကွယ်နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

[Zawgyi Version]

အုိက္စလန္နဲ႔ တစ္ဖက္ (၂)ဂိုးစီ သေရက်ခဲ့တဲ့ ေျခစမ္းပြဲမွာ ျပင္သစ္အတြက္ ေခ်ပဂိုးတစ္ဂိုး သြင္းယူေပးခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဘတ္ပီဟာ စံခ်ိန္မွတ္တမ္းတစ္ခု ထပ္မံပိုင္ဆိုင္သြားခဲ့ပါတယ္။ မိနစ္ (၉၀)မွာ ရရွိခဲ့တဲ့ ပယ္နယ္တီကို ဘတ္ပီက ကန္သြင္းရယူခဲ့ျပီးေနာက္ ျပင္သစ္ အတြက္ သူ႔ရဲ႕ သြင္းဂိုးဟာ (၁၀)ဂိုး ျပည့္သြားခဲ့ျပီ ျဖစ္ပါတယ္။

Photo : Opta

 

Goal.com ရဲ႕ ေရးသားေဖာ္ျပမႈအရ အသက္ (၁၉)ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ အသက္ (၂၀)မျပည့္ခင္မွာ ျပင္သစ္အတြက္ (၁၀)ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တာလည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ တစ္ပတ္က ကစားခဲ့တဲ့ ျပင္သစ္လီဂူးပြဲမွာလည္း ဘတ္ပီက (၁၄)မိနစ္အတြင္း (၄)ဂိုး သြင္းယူခဲ့ျပီး ႏွစ္ေပါင္း (၄၅)ႏွစ္အတြင္း တစ္ပြဲတည္းေလးဂိုးသြင္းႏိုင္တဲ့ ဆယ္ေက်ာ္သက္ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါေသးတယ္။

Photo : Goal.com

 

အဆိုပါမွတ္တမ္း ရရွိျပီး မၾကာခင္မွာပဲ ဘတ္ပီက ေနာက္ထပ္ မွတ္တမ္းတစ္ခုကို ေရးထိုးႏိုင္သြားခဲ့ပါတယ္။ အိုက္စလန္နဲ႔ပြဲမွာ (၂)ဂိုးျပတ္နဲ႔ ဦးေဆာင္ခံေနခဲ့ရျပီး ျပင္သစ္က ေခ်ပဂိုးေတြ လိုက္သြင္းခဲ့ရတာ ျဖစ္ပါတယ္။ အသက္အရြယ္ပိုင္းအရ ငယ္ရြယ္ေသးေပမယ့္ ဘတ္ပီကေတာ့ ကမၻာ့အဆင့္ ေျခစြမ္းေတြကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

Photo : Eurosports

 

ကမၻာ့ဖလားျပိဳင္ပြဲ ဗိုလ္လုပြဲမွာလည္း ဘတ္ပီက ဂိုးသြင္းႏိုင္ခဲ့သလို ျပိဳင္ပြဲရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားဆုကိုပါ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အိုက္စလန္နဲ႔ပြဲမွာေတာ့ ဘတ္ပီက ျပင္သစ္အသင္းသမိုင္းမွာ စံခ်ိန္သစ္ေရးထိုးသြားႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။ အျခားေသာ အခ်က္အလက္မ်ားအရ ျပင္သစ္ဂိုးသမား ဟူဂိုလိုရစ္ဟာလည္း ျပင္သစ္နဲ႔အတူ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့တယ္လို႔ သိရပါတယ္။

Photo : Opta

 

ျပင္သစ္နဲ႔ပြဲမွာ လိုရစ္ဟာ ပြဲခ်ိန္အတြင္း ဂိုးေပါက္ကာကြယ္မႈ (၇)ၾကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ၂၀၀၆ ခုႏွစ္ ကမၻာ့ဖလားျပိဳင္ပြဲ ေနာက္ပိုင္းမွာ ျပင္သစ္ဂိုးသမားတစ္ဦးက ပြဲစဥ္တစ္ပြဲတည္းမွာ အၾကိမ္အမ်ားဆံုး ကာကြယ္ႏိုင္မႈအျဖစ္ မွတ္တမ္း၀င္ခဲ့တာလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs