• International Sports
    မန်ယူရဲ့ ပစ်မှတ်ကစားသမားကို စိတ်ဝင်စားလာတဲ့ ချယ်လ်ဆီး
Pyae Phyo Thein
[Unicode Version]

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်နောက်ခံလူ ရိုမက်ဂ်နိုလီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ အေစီမီလန်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ရိုမက်ဂ်နိုလီကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူပေးဖို့ မော်ရင်ဟိုက အသင်းကို ပြောဆိုထားတာ ဖြစ်ပါတယ်။

empoli-v-ac-milan-serie-a-5bbf8cff126aa18480000001.jpg

Photo : 90 min

 

ဂတ်တူဆိုရဲ့ လက်အောက်မှာ ခြေစွမ်းပြကစားနေခဲ့တဲ့ ရိုမက်ဂ်နိုလီဟာ အေစီမီလန်နောက်တန်းမှာ ဇာပါတာ၊ မူဆက်ချီယိုတို့နဲ့ တွဲဖက်ပြီး အကောင်းဆုံးခံစစ်ကြောင်းကို ပုံဖော်နေသူ ဖြစ်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနည်းပြ ဆာရီက စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

process.jpg

Photo : 90 min

 

လက်ရှိချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှာ ရူဒီဂါ နဲ့ ဒေးဗစ်လုဇ်တို့သာ အမာခံကစားသမားများအဖြစ် ရှိနေပြီး ဝါရင့်နောက်ခံလူ ကာဟေးလ်ကလည်း အသင်းက ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာရီက မန်ချက်စတာယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ အီတလီ နောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

process (1).jpg

Photo : 90 min

ဆာရီအနေနဲ့ အသင်းမှာ ဗဟိုနောက်တန်းကစားသမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး လူငယ်နောက်ခံလူ ခရစ္စတန်ဆန်ကလည်း ပွဲကစားခွင့် ပုံမှန်မရရှိတာကြောင့် ချယ်လ်ဆီးက ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ "နာကျင်မှုတွေ အများကြီးနဲ့ မရပ်တည်ချင်တော့ဘူး၊ ကျွန်တော့့် အသက်က အခုမှ (၂၂)နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် ပွဲကစားချင်တယ်" လို့ ခရစ္စတန်ဆန်က Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

andreas-christensen-chelsea-2018-19_rz8gj01drpb61hlpzsj8ximmt.jpg

Photo : 90 min

 

မော်ရင်ဟိုက ရိုမက်ဂ်နိုလီကို ခေါ်ပေးဖို့ အသင်းကို တောင်းဆိုထားတဲ့အချိန်မှာပဲ ဆာရီကလည်း ဒီကစားသမားကို စောင့်ကြည့်နေတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဆာရီ နဲ့ မော်ရင်ဟိုတို့ရဲ့ ရိုမက်ဂ်နိုလီ လွန်ဆွဲပွဲမှာ ဘယ်သူက အသာစီးရသွားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။

[Zawgyi Version]

ခ်ယ္လ္ဆီးအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ေအစီမီလန္ေနာက္ခံလူ ရိုမက္ဂ္ႏိုလီကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနတယ္လို႔သိရပါတယ္။ ေအစီမီလန္အသင္းမွာ အေကာင္းဆံုးေျခစြမ္းျပေနခဲ့တဲ့ ရိုမက္ဂ္ႏိုလီကို ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ ေခၚယူေပးဖို႔ ေမာ္ရင္ဟိုက အသင္းကို ေျပာဆိုထားတာ ျဖစ္ပါတယ္။

Photo : 90 min

 

ဂတ္တူဆိုရဲ႕ လက္ေအာက္မွာ ေျခစြမ္းျပကစားေနခဲ့တဲ့ ရိုမက္ဂ္ႏိုလီဟာ ေအစီမီလန္ေနာက္တန္းမွာ ဇာပါတာ၊ မူဆက္ခ်ီယိုတို႔နဲ႔ တြဲဖက္ျပီး အေကာင္းဆံုးခံစစ္ေၾကာင္းကို ပံုေဖာ္ေနသူ ျဖစ္ပါတယ္။ အသက္ (၂၃)ႏွစ္အရြယ္ ကစားသမားကို ေခၚယူဖို႔အတြက္ ခ်ယ္လ္ဆီးနည္းျပ ဆာရီက စိတ္၀င္စားေနတယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

Photo : 90 min

 

လက္ရွိခ်ယ္လ္ဆီးအသင္းရဲ႕ ဗဟိုခံစစ္မွာ ရူဒီဂါ နဲ႔ ေဒးဗစ္လုဇ္တို႔သာ အမာခံကစားသမားမ်ားအျဖစ္ ရွိေနျပီး ၀ါရင့္ေနာက္ခံလူ ကာေဟးလ္ကလည္း အသင္းက ထြက္ခြာဖြယ္ ရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆာရီက မန္ခ်က္စတာယူႏိုက္တက္အသင္း စိတ္၀င္စားေနတဲ့ အီတလီ ေနာက္ခံလူကို ေခၚယူဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။

Photo : 90 min

ဆာရီအေနနဲ႔ အသင္းမွာ ဗဟုိေနာက္တန္းကစားသမား ရွားပါးမႈနဲ႔ ရင္ဆုိင္ေနရျပီး လူငယ္ေနာက္ခံလူ ခရစၥတန္ဆန္ကလည္း ပြဲကစားခြင့္ ပံုမွန္မရရွိတာေၾကာင့္ ခ်ယ္လ္ဆီးက ထြက္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။ "နာက်င္မႈေတြ အမ်ားၾကီးနဲ႔ မရပ္တည္ခ်င္ေတာ့ဘူး၊ ကၽြန္ေတာ့့္ အသက္က အခုမွ (၂၂)ႏွစ္ပဲ ရွိပါေသးတယ္၊ ကၽြန္ေတာ္ ပြဲကစားခ်င္တယ္" လို႔ ခရစၥတန္ဆန္က Sky Sports နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

Photo : 90 min

 

ေမာ္ရင္ဟိုက ရိုမက္ဂ္ႏိုလီကို ေခၚေပးဖို႔ အသင္းကို ေတာင္းဆိုထားတဲ့အခ်ိန္မွာပဲ ဆာရီကလည္း ဒီကစားသမားကို ေစာင့္ၾကည့္ေနတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္ ဆာရီ နဲ႔ ေမာ္ရင္ဟိုတို႔ရဲ႕ ရိုမက္ဂ္ႏိုလီ လြန္ဆြဲပြဲမွာ ဘယ္သူက အသာစီးရသြားမလဲဆိုတာ စိတ္၀င္စားစရာ ျဖစ္လာခဲ့ပါျပီ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs