အောက်တိုဘာ ၁၆မှာကစားမယ့် အက်ဝါတီနာနဲ့ပွဲမတိုင်ခင် နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဆွာဇီလန်နဲ့ပွဲမှာ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကို အကြောင်းပြပြီး မိခင်ကလပ် လီဗာပူးအသင်းထံ ပြန်သွားတယ်လို့ သတင်းတွေက ဖော်ပြလာပါ တယ်။


ပြီးခဲ့တဲ့ သောကြာနေ့က ဆွာဇီလန်အသင်းကို ၄-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ကြွက်သားဒဏ်ရာရခဲ့တဲ့ အီဂျစ် တိုက်စစ်မှူး မိုဟာမက်ဆာလာအနေနဲ့ ဒီ ကနေ့မှာတော့ လက်ရွေးစင်အသင်းနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ အက်စ်ဝါတီနီအသင်းနဲ့ အာဖရိကနေရှင်း ခြေစစ်ပွဲ ကစားဖို့ရှိနေသေးပေမယ့်လည်း မိုဟာမက်ဆာ လာကတော့ ဒဏ်ရာကို အကြောင်းပြပြီး နှုတ်ထွက်လာတာလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ ဆာလာအနေနဲ့ ဆွာဇီလန်အသင်းဖက်ကို ၄ ဂိုးမြောက်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီဂိုးကိုတော့ ညာ ထောင့်ကန်ဘောကို ဘယ်ခြေနဲ့ တိုက်ရိုက်ကန်သွင်းရယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကန်ခဲ့လို့ ကြွက်သား အနည်းငယ် ထိခိုက်ဒဏ်ရာရသွားတယ်လို့ အဆိုပါ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်နည်းပြက မီဒီယာကို ထုတ်ဖော်ပြောခဲ့ပြီး အနားယူကုသဖို့လိုမယ်လို့လည်း ပြောခဲ့တာ သိရပါတယ်။

" အသင်းဆရာဝန်ရဲ့ ကနဦး ဆေးစစ်ချက်တွေအရ ကြွက်သား နာကျင်တဲ့ ဝေဒနာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဆုတ်ပြဲတာတော့ မဟုတ်ပါ ဘူး။ဒါကြောင့် အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး။"လို့ အီဂျစ် လက်ထောက်နည်းပြ ရမ်ဇီက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆာလာတစ်ယောက် မိခင်ကလပ် လီဗာပူးအသင်းကို ပြန်သွားပြီလို့ သတင်းတွေက ဖော်ပြနေကြပြီး ဒဏ်ရာရဲ့ နောက် ဆက်တွဲ အခြေအနေကိုတော့ မသိရပါဘူး။

လီဗာပူးအသင်းအနေနဲ့ လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဟက်ဒါဖီးလ်အသင်းနဲ့ ကစားဖို့ရှိနေပြီး ဆာလာ ပါဝင်နိုင်ဖို့ ရှိမရှိကတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က