အသင်းအတွက် ဂုဏ်ယူစွာ ပြောခဲ့တာပါ။

ဘယ်ကစားသမားတစ်ဦးတစ်ယောက်ကမှ ကလပ်အသင်းထက် ခမ်းနားကြီးကျယ်မှုမရှိဘူးလို့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လိုက ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်အတွက် (၂)ပွဲဆက်တိုက် ဂိုးသွင်းပေးခဲ့ပြီး ခြေစွမ်းပြနေတဲ့ မာဆယ်လိုက အသင်းက ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာလို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။



Photo : AS

 

ရော်နယ်ဒို ထွက်ခွာခဲ့ပြိးနောက်ပိုင်း ရလာဒ်တွေ ဆိုးဝါးနေခဲ့တဲ့ အသင်းအပေါ်ကိုလည်း မာဆယ်လိုက ကာကွယ်ပြောဆိုခဲ့ပြီး အသင်းရဲ့ ခမ်းနားကြီးကျယ်မှုကို ဝံ့ကြွားစွာနဲ့ ပြောဆိုခဲ့ပါတယ်။ မာဆယ်လိုဟာ ဒဏ်ရာကြောင့် အနားယူရာကနေ ပြန်လည်သက်သာလာပြီးနောက် အယ်ကလက်စီကိုပွဲမတိုင်ခင် ပုံမှန်ခြေစွမ်းပြသနေပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ဆန်းချက်ဇ် စောင့်မျှော်နေပြီ 

Photo : AS

 

"ရီးရဲလ်က ခမ်းနားကြီးကျယ်တဲ့ အသင်းတစ်သင်းပါ၊ ရော်နယ်ဒိုကလည်း ဒီအတိုင်းပါပဲ၊ ဒါပေမယ့် ဘယ်လိုကစားသမားထက်မဆို ကလပ်အသင်းက ပိုပြီး ကြီးကျယ်ခမ်းနားပါတယ်၊ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းကြောင်းအစဉ်အလာက အထင်ကြီးလေးစားဖွယ် ရှိခဲ့ပြီးသားပါ၊ ဒီအပေါ်မှာ ရော်နယ်ဒိုက အစိတ်အပိုင်းအနည်းငယ်ကို ဖြည့်စွက်ခဲ့တာပါ၊ ရီးရဲလ်က ရပ်တန့်လို့ မရပါဘူး"

Photo : AS

 

"ကစားသမားတွေ အသင်းပြောင်းသွားတယ်၊ ကစားသမားဘဝက အနားယူသွားတယ်၊ ရီးရဲလ်အတွက် ကစားပေးခြင်းကနေ ရပ်တန့်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အသင်းက တည်တံ့နေဆဲပါ" လို့ မာဆယ်လိုက ပြောခဲ့ပါတယ်။ ဘာစီလိုနာနဲ ရင်ဆိုင်ရမယ့် အယ်ကလက်စီကိုပွဲစဉ်အတွက်လည်း မာဆယ်လိုက အခုလိုပြောခဲ့ပါသေးတယ်။

Photo : AS

 

"နူးကမ်းမှာ အသင်းရဲ့အမှတ်တံဆိပ်ကို ကိုယ်စားပြုပြီး ကစားရမှာပါ၊ သူတို့ပရိသတ်ရှေ့မှောက်မှာ ရိးရဲလ်ရဲ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုကစားရမယ့် ခံစားချက်က လှပသိမ်မွေ့ပါတယ်၊ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း တွန်းအားဖြစ်စေပါတယ်၊ ဒီပွဲမှာ အမှားအယွင်း လုပ်မိတဲ့အသင်းက ရှုံးပွဲကြုံမှာဖြစ်ပြီး အမှားအယွင်းနည်းတဲ့အသင်းက အနိုင်ရမှာပါပဲ" လို့ မာဆယ်လိုက ထပ်ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က