အလဇန္ဒါးလှပ်ဘ်က ဝန်ခံခဲ့တာပါ။
Pyae Phyo Thein

အာဆင်နယ်၊ ဘာစီလိုနာ ကစားသမားဟောင်း အလက်ဇန္ဒါးဟက်ဘ်က Telegraph နဲ့ အင်တာဗျူးအစီအစဉ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ အပေါ် နောင်တရမိတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ အကြိးမားဆုံး မှားယွင်းမှုဖြစ်ပြီး ကစားသမားဘ၀ အကောင်းဆံုံး အချိန်တွေကို အဓိပ္ပာယ်မဲ့ ကုန်ဆုံးခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။



Photo : Marca

 

ဘီလာရုစ်ကစားသမား လှပ်ဘ်ဟာ အာဆင်နယ်မှာ (၃)ရာသီကြာ ကစားခဲ့ပြီးနောက် ဘာစီလိုနာကို ၂၀၀၈ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် စုစုပေါင်း ပွဲ (၁၃၀) ကျော် ကစားပေးခဲ့တဲ့ လှပ်ဘက်ဟာ အသင်းအတွက် (၁၀) ဂိုး သွင်းယူပေးခဲ့ပြီး အာစင်ဝင်းဂါးရဲ့ စိတ်ကြိုက်ကွင်းလယ်ကစားသမား ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ဆန်းချက်ဇ် စောင့်မျှော်နေပြီ 

Photo : Squawka

 

"အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ မှားယွင်းခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘ၀ အကောင်းဆုံး နှစ်တွေကို ပျောက်ဆုံးစေခဲ့တာပါ၊ အမှားအယွင်းတွေကို ကျွန်တော် ကျူးလွန်မိခဲ့တာဖြစ်ပြီး အကောင်းဆုံးခြေစွမ်းကို ဘာစီလိုနာမှာ မပြသ နိုင်ခဲ့ပါဘူး" လို့ လှပ်ဘ်က ပြောခဲ့ပါတယ်။

Photo : Yahoo News UK

 

လက်ရှိမှာ BATE ဘိုရီဆော့ဗ်အသင်းမှာ ကစားနေတဲ့ လှပ်ဘက်က အသင်းဖော်ဖြစ်ခဲ့တဲ့ အွန်နရီနဲ့ နည်းပြ ဂွာဒီယိုလာတို့နဲ့ ဆက်ဆံရေး ကိုလည်း အခုလို ပြောပါတယ်။ "အွန်နရီက သူ့အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်၊ ကျွန်တော်တို့ အာဆင်နယ်ပွဲတွေကို အတူတူ ကြည့်ခဲ့ကြပါတယ်၊ ကျွန်တော်က အသင်းအတွက် ကစားပေးချင်ခဲ့တယ်၊ ဒါပေမယ့် ဂွာဒီယိုလာကြောင့် ကျွန်တော် ပွဲကစားခွင့်မရခဲ့ပါဘူး"

Photo : Evening Standard

 

"ဒါတွေက ကျွန်တော့်အမှားကြောင့်ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရပါတယ်" လို့ အလက်ဇန္ဒါးလှပ်ဘ်က ပြောဆိုခဲ့ပါတယ်။ လှပ်ဘ်ဟာ ဘာစီလိုနာမှာ (၄)နှစ်ကြာ ကစားခဲ့ပေမယ့် ပထမဆုံးရာသီမှာပဲ ပွဲပေါင်း (၃၆)ပွဲ ကစားခဲ့ရပြီး ကျန်တဲ့ (၃)ရာသီလုံးကို တစ်ပွဲမှ မကစားခဲ့ ရပါဘူး ဘာစီလိုနာအတွက် သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ အဲဒီနောက်မှာတော့ စတုဂတ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က