ရာမို့စ်ကို ဆဲဆိုနေတဲ့ပရိသတ်တွေကို တားမြစ်ခဲ့တာပါ။
Kyaw Ko Ko Sint

တနင်္ဂနွေနေ့ညက အယ်လ်ကလ်စီကိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်အတွက် အရှုံးရလဒ်က ခါးသီးခဲ့ပေမယ့် ပီကေးရဲ့ မမျှော်လင့်တဲ့လုပ်ရပ်ကြောင့် သင်ခန်းစာတစ်ခုရရှိခဲ့ပါတယ်။

5525970-6328429-Real_Madrid_defender_Sergio_Ramos_was_taunted_by_Barcelona_suppo-a-35_1540805818297.jpg

Photos: Daily Mail

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းပရိသတ်တွေရဲ့ အဓိကပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ဘာစီလိုနာပရိသတ်တွေက ဆာဂျီယိုရာမို့စ်ကို ကျိန်စာတိုက်ပြီး ခွေးမသားလို့ အော်ဟစ်ဆဲရေးခဲ့ကြပါတယ်။

[No available link text] 

Give Me Sport ရဲ့ရေးသားချက်အရ ဆာဂျီယိုရာမို့စ်ဟာ အံ့အားသင့်ဖွယ် ကမ္ဘာ့ရန်ဘက်အသင်းလို့ ပြောလို့ရတဲ့ ဘာစီလိုနာအသင်း ကစားသမားတစ်ဦးရဲ့ ထောက်ခံအားပေးမှုကို လက်ခံရရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ဂျရတ်ပီကေးက ဘာစီလိုနာပရိသတ်တွေကို လက်ညှိုးဝှေ့ယမ်းပြခဲ့ပြီး အော်ဟစ်ကြွေးကြော်နေမှုတွေကို ဆက်လက်မပြုလုပ်ဘဲ ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။

Photos: Daily Mail

 

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုရဲ့ ပထမပိုင်း ၁၁ မိနစ် အဖွင့်ဂိုးနဲ့ ရီးရဲမက်ဒရစ်အသင်းကို ပွဲစစချင်းကတည်းက ဦးဆောင်နိုင်ခဲ့ပြီး ဆွာရက်ဇ်ရဲ့ ဟက်ထရစ်၊ ဗီဒယ်ရဲ့ခေါင်းတိုက်သွင်းဂိုးတို့ကြောင့် ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲတွေ့ကြုံခဲ့ရပြီဖြစ်ပြီး နည်းပြ လော့ပတယ်ဂီကလည်း ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ပီကေးရဲ့ အားကစားစိတ်ဓာတ်ပြည့်ဝတဲ့ လုပ်ရပ်ကို သတိမထားမိခဲ့ပေမယ့် ပွဲကြည့်ရှုနေတဲ့ ပရိသတ်တွေက မြင်တွေ့ခဲ့ကြပြီး လူမှုကွန်ရက်မှာ ရီးရဲမက်ဒရစ်ပရိသတ်တွေကပါ ပီကေးကို ချီးကျူးဂုဏ်ပြုနေကြပါတယ်။ ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ပီကေးဟာ ပြိုင်ဘက်အသင်းရဲ့ကစားသမားအပေါ် လေးစားမှုအပြည့်ရှိကြောင်းကို စကားနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က