မာဖီးယားတွေနဲ့ ပတ်သက်ပြီး သေနတ်ကိုင်ဆောင်ထားခဲ့တာပါ။
Pyae Phyo Thein

အီတလီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း အယ်ကွင်တာဟာ တရားမဝင် သေနတ်ကိုင်ဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ် (၂)နှစ် ကျခံရမယ့် အရေးနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အယ်ကွင်တာကို မာဖီးယားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ယူဆနေပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ်။



Photo : Corriere della Calabria

 

Sportbible သတင်းဌာနရဲ့ ဖော်ပြချက်မှာ ဗုဒ္ဓဟူးနေ့က အယ်ကွင်တာဆီကနေ သေနတ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး သူနဲ့ မာဖီးယားတွေကြားမှာ ဘယ်လိုပတ်သက်မှုတွေ ရှိလဲဆိုတာကိုပါ ထပ်ပြီး စုံစမ်းနေတယ်လို့ ပါရှိပါတယ်။ အယ်ကွင်တာအနေနဲ့ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်တယ်လို့ ပေါ်ပေါက်ခဲ့ရင်တော့ ဒီထက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာလည်း ဖြစ်ပါတယ်။

ရာသီကုန်မှာ ရမ်ဆေးအသင်းက ထွက်ခွာနိုင်တယ်လို့ အာဆင်နယ် အတည်ပြု 

Photo : Sportbible

 

အယ်ကွင်တာရဲ့ ဖခင်ဖြစ်သူ ဂွီဆက်ပီဟာလည်း မာဖီးယားဂိုဏ်းတွေနဲ့ ပတ်သက်မှုတွေရှိနေခဲ့ပြီးနောက်မှာ အီတလီအစိုးရက ထောင်ဒဏ် (၁၉)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သားအဖနှစ်ယောက်စလုံးဟာ တူညီတဲ့ အကြောင်းအရာတွေနဲ့ ထောင်ဒဏ်အသီးသီးကို ခံစားသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။

Photo : Sportbible

 

အသက် (၃၈)နှစ်အရွယ် အယ်ကွင်တာဟာ အီတလီမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို တည်ဆောက်ခဲ့ပြီး အူဒီးနီးအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ ၂၀၁၃ စီးရီးအေဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက်တော့ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ရရှိခဲ့ပါတယ်။

အီတလီလက်ရွေးစင်အသင်းအတွက် အယ်ကွင်တာက ပွဲပေါင်း (၄၀)အထိ ကစားပေးခဲ့ပြီး (၆)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက်တော့ စုစုပေါင်း (၁၀၉)ပွဲကို (၆)နှစ်တာကာလအတွင်း ကစားပေးခဲ့ပြီး သွင်းဂိုး (၄၀) ပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က