ဆူဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြန်ပါပြီ။
Pyae Phyo Thein

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Sport Mediaset Italia ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အေစီမီလန် အသင်းရဲ့ တိုက်စစ်အားသန်ကစားသမား ဆူဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် (၂၄)နှစ်အရွယ် စပိန်ကစားသမားဟာ အေစီမီလန်မှာ တောင်ပံတိုက်စစ်မှူးအဖြစ် ကစားနေပြီး အသင်းအတွက် (၄)ဂိုးသွင်းကာ (၇)ကြိမ် ဖန်တီးပေးထားသူ ဖြစ်ပါတယ်။



Photo : Marca

 

ဂတ်တူဆိုရဲ့ အားအထားရဆုံး ကစားသမားအဖြစ် ဆူဆိုက သတ်မှတ်ခံထားရပြီး ကစားသမားရဲ့ တန်ကြေးဟာ ယူရိုသန်း (၄၀)ခန့် ရှိတယ်လို့ သိရပါတယ်။ ဆူဆို နဲ့ အေစီမီလန်တို့ကြားမှာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးပြောဆိုမှုတွေ ရှိနေပေမယ့် ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က ကစားသမားကို ဘာနေဗျူးအရောက် ခေါ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့လည်း အီတလီသတင်းစာက ဖော်ပြခဲ့ပါတယ်။

စံချိန်မှတ်တမ်းသစ် (၂)ခုကို ရရှိဖို့ အခွင့်အရေးကောင်းနေတဲ့ ရော်နယ်ဒို 

Photo : Goal.com

 

"ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးတို့လို အသင်းမျိုးတွေဆီက ခေါ်ယူချင်တယ်ဆိုတဲ့ သတင်းတွေကို ကြားရတာက ဂုဏ်ယူစရာပါ၊ ဒါပေမယ့် မီလန်ကလည်း ကြီးကျယ်ခမ်းနားတဲ့အသင်းကြီး တစ်သင်းပါ၊ အခြား အီတလီကလပ်တွေကိုတော့ ကျွန်တော် ပြောင်းရွှေ့မှာ မဟုတ်ပါဘူး" လို့ ဆူဆိုက Tuttosport နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

 

ဆူဆိုဟာ အီတလီစီးရီးအေမှာ ဂျီနိုအာ၊ အေစီမီလန်အသင်းတို့မှာ ကစားခဲ့ဖူးပြီး စုစုပေါင်း (၁၀၁)ပွဲ အထိကစားပေးထားပြီး (၂၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းကတော့ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။ ဒီနှစ်ဘောလုံးရာသီအစမှာ ဆူဆိုကို ခေါ်ယူဖို့ ရီးရဲလ်နည်းပြဟောင်း လော့ပ်တယ်ဂီက စိတ်ဝင်စားခဲ့ဖူးပါတယ်။

Photo : Fox Sports

 

ရော်နယ်ဒို ထွက်ခွာသွားပြိးနောက်ပိုင်း တိုက်စစ်ပိုင်းအခက်တွေ့နေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆူဆိုကို ခေါ်ယူဖို့ ပြန်လည်စဉ်းစားလာတာ ဖြစ်ပါတယ်။ အသင်းတိုက်စစ်မှာ အဆန်စီယို၊ ဘန်ဇီမာ၊ လူးကပ်စ်ဗက်ကွက်ဇ် နဲ့ မာရီယာနိုဒီယက်ဇ်၊ ဂါရတ်ဘေးလ်တို့ ရှိနေခဲ့ပေမယ့်လည်း ရီးရဲလ်ဟာ ဒီရာသီမှာ အဆိုးဝါးဆုံး ဂိုးမိုးခေါင်မှုနဲ့ ရင်ဆိုင်ခဲ့ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က