ပြိုင်ဘက်တိုက်စစ်မှူးကို ချီးကျူးစကားပြောဆိုခဲ့တာပါ။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဂ်ဘာက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုအတွက် ဂိုးသွင်းရတာဟာ ရေသောက်သလို လွယ်ကူနေတယ်လို့ ဂျူဗင်တပ်စ် နဲ့ မန်ယူတို့ရဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ အရွှန်းဖောက် ပြောကြားလိုက်ပါတယ်။ အသက် (၃၃)နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ ဂျူဗင်တပ်စ်မှာလည်း ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားဖြစ်ပါတယ်။



Photo : Fotmob

 

လက်ရှိအချိန်ထိ ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၁၃)ပွဲ ပါဝင်ကစားပေးထားတဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် (၇)ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း သွင်းဂိုးပေါင်း (၁၂၀) သွင်းယူထားပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ရော်နယ်ဒိုဟာ ဂျူဗီအတွက် ချန်ပီယံလိဂ်သွင်းဂိုးတော့ မရရှိသေးပါဘူး။

EPL ရဲ့ တစ်ပတ်တာအကောင်းဆုံးအသင်းအဖြစ် လက်စတာအသင်းကို ရွေးချယ်ခဲ့တဲ့ အလန်ရှီးယား 

Photo : Goal.com

 

ဗုဒ္ဓဟူးနေ့ (ဒီနေ့)က တူရင်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါ့ဂ်ဘာက ရော်နယ်ဒိုအပေါ် ချီးကျူးပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ "ရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့လို ကစားသမားတွေနဲ့ အတူတူ တွဲဖက်ကစားခွင့်ရမယ်ဆိုရင် ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်၊ ဂျူဗင်တပ်စ်မှာလည်း ရော်နယ်ဒိုက အကောင်းဆုံး ခြေစွမ်းပြနေတယ်လို့ ကျွန်တော် မြင်ပါတယ်" လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

"သူ့ကိုကြည့်ရတာ ဂျူဗင်တပ်စ်မှာ အရမ်းပျော်ရွှင်နေပုံရပြီး ဂျူဗင်တပ်စ်အတွက်လည်း ခမ်းနားတဲ့ အောင်မြင်မှုတွေကို သူ ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ သူ့အတွက်ကတော့ ဂိုးတွေသွင်းရတာက ရေသောက်ရသလို လွယ်ကူနေမှာပါ" လို့ ပေါ့ဂ်ဘာက ချီးကျူးပြောဆိုသွားခဲ့ပြီး အရွှန်းဖောက်ခဲ့ပါတယ်။

Photo : ESPN

 

ပေါ့ဂ်ဘာ နဲ့ ရော်နယ်ဒိုတို့ကတော့ အသင်းဟောင်းတွေနဲ့ အသီးသီး ပြန်လည်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း မန်ယူမှာ အောင်မြင်ကျော်ကြားတဲ့ ကစားသမားဖြစ်ခဲ့သလို ပေါ့ဂ်ဘာကလည်း မန်ယူကနေ ဂျူဗီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဂျူဗင်တပ်စ်မှာ ကစားသမားဘဝရဲ့ နာမည်ကျော်ကြားမှုတွေကို စတင်ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က