• International Sports
    ချန်ပီယံလိဂ်မှာ မန်ယူကို ရှုံးခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒို
Pyae Phyo Thein
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းက နောက်ကျအနိုင်ဂိုးတွေနဲ့ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရရှိသွားတဲ့ အပေါ်မှာ ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒိုက မကျေမနပ် ဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဦးဆောင်ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ ဦးဆောင်နေခဲ့ပေမယ့်လည်း မန်ယူအသင်းက ပွဲပြီးခါနီး (၅)မိနစ်အတွင်းမှာ (၂)ဂိုးဆက်တိုက်သွင်းခဲ့ပြီး အိုးလေဒီတို့ကို ရှုံးပွဲကြုံစေခဲ့ပါတယ်။

5be35a8d6fa19.jpeg 

ရော်နယ်ဒိုက မန်ယူဟာ ဒီပွဲကို အနိုင်ရသွားစရာအကြောင်း ဘာမှမရှိဘူးလို့ ပြောဆိုသွားခဲ့ပြီး ပြဇာတ်ဆန်ဆန် အနိုင်ယူသွားခဲ့တဲ့အပေါ်မှာ သုံးသပ်ခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ (၆၅)မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် မန်ယူအတွက် လူစားဝင်လာတဲ့ မာတာက ဖရီးကစ်ကတဆင့် ချေပခဲ့ပြီး ဆန်ဒရိုက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ မန်ယူ အနိုင်ရရှိသွားခဲ့ပါတယ်။

7937730_ad765a28-e2d7-11e8-b11c-1194bd3a1df8-1.jpg 

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက မန်ယူရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံက အထင်ကြီးစရာမရှိပဲ ဂျူဗင်တပ်စ်အနေနဲ့ ဒီပွဲကို အနိုင်ရရှိသင့်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ " မိနစ် ကိုးဆယ်လုံးလုံး ပွဲကို ကျွန်တော်တို့ လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီး ရရှိခဲ့ပါတယ်၊ သူတို့ကို သတ်ပစ်ဖို့ အခွင့်အရေး သုံးလေးကြိမ် ရှိခဲ့ပေမယ့် ကျွန်တော်တို့ အသုံးမချနိုင်ခဲ့လို့ ပြန်အပြစ်ပေးခံခဲ့ရပါတယ်" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်က ဒီပွဲကို အနိုင်ရစရာ ဘာမှမရှိခဲ့ပါဘူး၊ ကံတရားအကြောင်း ခင်ဗျားပြောလို့လည်း မရပါဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားကိုယ်တိုင်က ခင်ဗျားရဲ့ ကံကို ရှာဖွေရမှာဖြစ်ပြီး ဒီရှုံးပွဲက သူတို့ကို ကျွန်တော်တို့ လက်ဆောင်ပေးလိုက်ရသလိုပါပဲ၊ အခုတော့ ကျွန်တော်တို့ ခေါင်းကို မော့ထားရုံပဲ ရှိပါတယ်၊ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်တယ်၊ အုပ်စုထိပ်ဆုံးမှာ ရှိနေတုန်းပါပဲ" လို့ ရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။

download.jpg 

ဂျူဗင်တပ်စ်ဟာ အုပ်စုတွင်းမှာ ရမှတ် (၉)မှတ်နဲ့ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပြီး မန်ယူကတော့ ဂျူဗီနောက်မှာ (၂)မှတ်အကွာနဲ့ ရပ်တည်နေခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် ဂျူဗီ၊ မန်ယူ နဲ့ ဗလန်စီယာတို့ဟာ အပြိုင်အဆိုင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏိုက္တက္အသင္းက ေနာက္က်အႏိုင္ဂိုးေတြနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို အႏိုင္ရရွိသြားတဲ့ အေပၚမွာ ဂ်ဴဗီတိုက္စစ္မွဴး ေရာ္နယ္ဒိုက မေက်မနပ္ ျဖစ္ေနခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ဦးေဆာင္ဂိုးနဲ႔ ဂ်ဴဗင္တပ္စ္တို႔ ဦးေဆာင္ေနခဲ့ေပမယ့္လည္း မန္ယူအသင္းက ပြဲျပီးခါနီး (၅)မိနစ္အတြင္းမွာ (၂)ဂိုးဆက္တိုက္သြင္းခဲ့ျပီး အိုးေလဒီတို႔ကို ရံႈးပြဲၾကံဳေစခဲ့ပါတယ္။

ေရာ္နယ္ဒိုက မန္ယူဟာ ဒီပြဲကို အႏိုင္ရသြားစရာအေၾကာင္း ဘာမွမရွိဘူးလို႔ ေျပာဆိုသြားခဲ့ျပီး ျပဇာတ္ဆန္ဆန္ အႏိုင္ယူသြားခဲ့တဲ့အေပၚမွာ သံုးသပ္ခဲ့ပါတယ္။ ေပၚတူဂီတိုက္စစ္မွဴးဟာ (၆၅)မိနစ္မွာ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းေပးခဲ့ေပမယ့္ မန္ယူအတြက္ လူစား၀င္လာတဲ့ မာတာက ဖရီးကစ္ကတဆင့္ ေခ်ပခဲ့ျပီး ဆန္ဒရိုက ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့လို႔ မန္ယူ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ ေရာ္နယ္ဒိုက မန္ယူရဲ႕ ပြဲအေပၚ ခ်ဥ္းကပ္ပံုက အထင္ၾကီးစရာမရွိပဲ ဂ်ဴဗင္တပ္စ္အေနနဲ႔ ဒီပြဲကို အႏိုင္ရရွိသင့္ခဲ့တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ " မိနစ္ ကိုးဆယ္လံုးလံုး ပြဲကို ကၽြန္ေတာ္တို႔ လႊမ္းမိုးႏိုင္ခဲ့ျပီး အခြင့္အေရးေတြလည္း အမ်ားၾကီး ရရွိခဲ့ပါတယ္၊ သူတို႔ကို သတ္ပစ္ဖို႔ အခြင့္အေရး သံုးေလးၾကိမ္ ရွိခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ အသံုးမခ်ႏိုင္ခဲ့လို႔ ျပန္အျပစ္ေပးခံခဲ့ရပါတယ္" လို႔ ေရာ္နယ္ဒိုက ေျပာခဲ့ပါတယ္။

"မန္ခ်က္စတာယူႏိုက္တက္က ဒီပြဲကို အႏိုင္ရစရာ ဘာမွမရွိခဲ့ပါဘူး၊ ကံတရားအေၾကာင္း ခင္ဗ်ားေျပာလို႔လည္း မရပါဘူး၊ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားကိုယ္တိုင္က ခင္ဗ်ားရဲ႕ ကံကို ရွာေဖြရမွာျဖစ္ျပီး ဒီရံႈးပြဲက သူတို႔ကို ကၽြန္ေတာ္တို႔ လက္ေဆာင္ေပးလိုက္ရသလိုပါပဲ၊ အခုေတာ့ ကၽြန္ေတာ္တို႔ ေခါင္းကို ေမာ့ထားရံုပဲ ရွိပါတယ္၊ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္တယ္၊ အုပ္စုထိပ္ဆံုးမွာ ရွိေနတုန္းပါပဲ" လို႔ ေရာ္နယ္ဒိုက ေျပာသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ အုပ္စုတြင္းမွာ ရမွတ္ (၉)မွတ္နဲ႔ ထိပ္ဆံုးက ရွိေနဆဲျဖစ္ျပီး မန္ယူကေတာ့ ဂ်ဴဗီေနာက္မွာ (၂)မွတ္အကြာနဲ႔ ရပ္တည္ေနခဲ့ပါတယ္။ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔အတြက္ ဂ်ဴဗီ၊ မန္ယူ နဲ႔ ဗလန္စီယာတို႔ဟာ အျပိဳင္အဆုိင္ ၾကိဳးစားရေတာ့မွာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs