• International Sports
    (၃)ပွဲဆက် ပေးဂိုးမရှိ၊ (၃)ပွဲဆက်အနိုင်နဲ့ ဆိုလာရီရဲ့ ရီးရဲလ်
Pyae Phyo Thein
[Unicode Version]

ယာယီနည်းပြသစ်လက်ထက်မှာ (၂)ပွဲဆက် အနိုင်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အဝေးကွင်းမှာ ဗစ်တိုရီးယားပယ်လ်ဇန်ကို (၅)ဂိုးအထိ သွင်းယူပြီး ဂိုးပြတ်နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ ရီးရဲလ်အတွက် ဂိုးတွေကို ဘန်ဇီမာက (၂)ဂိုး၊ ကက်စ်မဲရိုး၊ ဘေးလ် နဲ့ ခရူးစ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

toni-kroos-vinicius-viktoria-plzen-real-madrid-champions-league-07112018_4hio3qsc2n0919bteavjfm5k3.jpg

Photo : Goal.com

 

ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးနေတဲ့ ဆိုလာရီလက်ထက်မှာ ရီးရဲလ်မက်ဒရစ်ဟာ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဲဒီ (၃)ပွဲစလုံးမှာ ပေးဂိုးမရှိခဲ့ပဲ ရဂိုး (၁၁)ဂိုးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် လော့ပ်တယ်ဂီလက်ထက်မှာ ရလာဒ်တွေ ဆိုးရွားနေခဲ့တဲ့ ရီးရဲလ်ရဲ့ ခံစစ်ဟာ အံ့အားသင့်စရာကောင်းလောက်အောင်ကို ပေးဂိုးကင်းမဲ့ခဲ့တာပါ။

real-madrid-pilsen-07112018_gm7bgbyugsil15zwcimyc8868.jpg

Photo : Goal.com

 

ရီးရဲလ်အတွက် (၂)ဂိုးသွင်းပေးခဲ့တဲ့ ဘန်ဇီမာဟာလည်း အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀၀) ပြည့်မြောက်ခဲ့တဲ့ (၇)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပယ်လ်ဇန်နဲ့ပွဲမှာ ဆိုလာရီက အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပြီး မိုဒရစ် နဲ့ အဆန်စီယိုတို့ကို ချန်လှပ်ခဲ့ကာ ဗက်ကွက်ဇ် နဲ့ စီဘယ်လော့စ်တို့ကို ထည့်သွှင်းကစားခဲ့ပါတယ်။

1541624203447.jpg

Photo : El Periódico

 

ပထမပိုင်းမှာကတည်းက ရီးရဲလ်အသင်း (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ တစ်ဂိုးသာ ထပ်သွင်းနိုင်ခဲ့လို့ ဒီထက်ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်ခဲ့တဲ့ တိုနီခရူးစ်က ရရှိသွားခဲ့ပြီး အသင်းအတွက် နှစ်ဂိုးဖန်တီးပေးပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

1541627765_828124_1541627839_noticia_normal.jpg

Photo : AS

 

ဒီအုပ်စုမှာတော့ ရီးရဲလ်မက်ဒရစ်က (၄)ပွဲကစားပြီးချိန်မှာ (၃)ပွဲအနိုင်ရခဲ့ပြီး ရိုးမားအသင်းနဲ့ ရမှတ်တူနေကာ ဂိုးကွာခြားချက် (၂)ဂိုးအသာနဲ့ အုပ်စုထိပ်ဆုံးကနေ ဦးဆောင်ပါတယ်။ တတိယနေရာမှာတော့ စီအက်စ်ကေအေက (၄)မှတ်နဲ့ ရပ်တည်နေပြီး ရီးရဲလ် နဲ့ ရိုးမားတို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေအကောင်းဆုံးဖြစ်သွားခဲ့ပါတယ်။

[Zawgyi Version]

ယာယီနည္းျပသစ္လက္ထက္မွာ (၂)ပြဲဆက္ အႏိုင္ရရွိထားတဲ့ ရီးရဲလ္မက္ဒရစ္ဟာ မေန႔ညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း အေ၀းကြင္းမွာ ဗစ္တိုရီးယားပယ္လ္ဇန္ကို (၅)ဂိုးအထိ သြင္းယူျပီး ဂိုးျပတ္ႏိုင္ပြဲ ရရွိသြားခဲ့ပါတယ္။ ရီးရဲလ္အတြက္ ဂိုးေတြကို ဘန္ဇီမာက (၂)ဂိုး၊ ကက္စ္မဲရိုး၊ ေဘးလ္ နဲ႔ ခရူးစ္တို႔က တစ္ဂိုးစီ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

Photo : Goal.com

 

ယာယီနည္းျပအျဖစ္ တာ၀န္ယူကိုင္တြယ္ေပးေနတဲ့ ဆိုလာရီလက္ထက္မွာ ရီးရဲလ္မက္ဒရစ္ဟာ (၃)ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့တာ ျဖစ္ျပီး အဲဒီ (၃)ပြဲစလံုးမွာ ေပးဂိုးမရွိခဲ့ပဲ ရဂိုး (၁၁)ဂိုးအထိ ပိုင္ဆိုင္ခဲ့ပါတယ္။ ခံစစ္ပိုင္းအားနည္းမႈေတြေၾကာင့္ ေလာ့ပ္တယ္ဂီလက္ထက္မွာ ရလာဒ္ေတြ ဆိုးရြားေနခဲ့တဲ့ ရီးရဲလ္ရဲ႕ ခံစစ္ဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ကို ေပးဂိုးကင္းမဲ့ခဲ့တာပါ။

Photo : Goal.com

 

ရီးရဲလ္အတြက္ (၂)ဂိုးသြင္းေပးခဲ့တဲ့ ဘန္ဇီမာဟာလည္း အသင္းအတြက္ ျပိဳင္ပြဲစုံ သြင္းဂိုး (၂၀၀) ျပည့္ေျမာက္ခဲ့တဲ့ (၇)ဦးေျမာက္ ကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ျပီ ျဖစ္ပါတယ္။ ပယ္လ္ဇန္နဲ႔ပြဲမွာ ဆိုလာရီက အသင္းရဲ႕ လူစာရင္းကို အေျပာင္းအလဲ အနည္းငယ္ ျပဳလုပ္ခဲ့ျပီး မိုဒရစ္ နဲ႔ အဆန္စီယိုတို႔ကို ခ်န္လွပ္ခဲ့ကာ ဗက္ကြက္ဇ္ နဲ႔ စီဘယ္ေလာ့စ္တို႔ကို ထည့္သြႊင္းကစားခဲ့ပါတယ္။

Photo : El Periódico

 

ပထမပိုင္းမွာကတည္းက ရီးရဲလ္အသင္း (၄)ဂိုးအထိ သြင္းယူႏိုင္ခဲ့ျပီး ဒုတိယပိုင္းမွာ တစ္ဂိုးသာ ထပ္သြင္းႏိုင္ခဲ့လို႔ ဒီထက္ဂိုးမျပတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ အသင္းရဲ႕ ကြင္းလယ္ကို အေကာင္းဆံုး ထိန္းေက်ာင္းေပးႏိုင္ခဲ့တဲ့ တိုနီခရူးစ္က ရရွိသြားခဲ့ျပီး အသင္းအတြက္ ႏွစ္ဂိုးဖန္တီးေပးျပီး တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

Photo : AS

 

ဒီအုပ္စုမွာေတာ့ ရီးရဲလ္မက္ဒရစ္က (၄)ပြဲကစားျပီးခ်ိန္မွာ (၃)ပြဲအႏိုင္ရခဲ့ျပီး ရိုးမားအသင္းနဲ႔ ရမွတ္တူေနကာ ဂိုးကြာျခားခ်က္ (၂)ဂိုးအသာနဲ႔ အုပ္စုထိပ္ဆံုးကေန ဦးေဆာင္ပါတယ္။ တတိယေနရာမွာေတာ့ စီအက္စ္ေကေအက (၄)မွတ္နဲ႔ ရပ္တည္ေနျပီး ရီးရဲလ္ နဲ႔ ရိုးမားတို႔ ေနာက္တစ္ဆင့္ တက္ဖို႔ အေျခအေနအေကာင္းဆံုးျဖစ္သြားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs