• International Sports
    ပယ်နယ်တီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်လူကြီး နဲ့ ရှက်တာဒိုးနတ်ကို တောင်းပန်ခဲ့တဲ့ စတာလင်
Pyae Phyo Thein
[Unicode Version]

ရှက်တာဒိုးနတ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အငြင်းပွားဖွယ် ပယ်နယ်တီသွင်းဂိုးနဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား စတာလင်က ကွင်းလယ်ဒိုင်နဲ့ ရှက်တာဒိုးနတ်အသင်းကို တောင်းပန်စကားပြောဆိုလိုက်ပါတယ်။ မန်စီးတီးက ရှက်တာဒိုးနတ်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အငြင်းပွားဖွယ် ပယ်နယ်တီ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

65e17b4fb498fdf250f71f18dfc074fa.jpg

Photo : Daily Telegraph

 

အင်္ဂလန်တိုက်စစ်ကစားသမားဟာ ဂိုးသွင်းယူဖို့အတွက် ကြိုးစားနေစဉ်မှာ ဂိုးဧရိယာအတွင်း လဲကျခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ စတာလင်ဟာ ဘယ်သူနဲ့မှ ထိခိုက်မိခြင်းမရှိဘဲ လဲကျခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပယ်နယ်တီကို ဂါဘရီရယ်ဂျီးဆပ်က ကန်သွင်းယူခဲ့ပြီး မန်စီးတီးတို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

sterling-cropped_17ip5ca8xkrpa191j5to4o6qqe.jpg

Photo : Stadium Astro

 

"ကျွန်တော်က ဘောလုံးကိုပဲ ထိန်းသိမ်းပြီး အရယူဖို့ အာရုံစူးစိုက်နေခဲ့တာပါ၊ အဲဒီနောက်တော့ ဘယ်လိုတွေ ဖြစ်သွားခဲ့လဲမသိလိုက်ပါဘူး၊ ကျွန်တော်က ဧရိယာထဲမှာ လဲကျနေခဲ့ပြီးနောက် ပြန်ထလာခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်နဲ့ သွားရောက်ပြီး ဆက်သွယ်ပြောဆိုဖို့ လိုမယ်လို့ ကျွန်တော် မတွေးမိခဲ့တာပါ၊ ဒါက ကျွန်တော့်ရဲ့ အမှားပါ"

ucl-071118l.jpg

Photo : Evening Standard

 

"တကယ်ဆိုရင် ဒါက ပယ်နယ်တီမဟုတ်ဘူးလို့ ကျွန်တော် သွားရောက်ပြောဆိုခဲ့ရမှာ ဖြစ်ပေမယ့် မပြုလုပ်ခဲ့မိပါဘူး၊ အဲဒီအတွက် ကွင်းလယ်ဒိုင် နဲ့ ရှက်တာဒိုးနတ်အသင်းကို ကျွန်တော် တောင်းပန်ပါတယ်" လို့ စတာလင်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ စတာလင်ကတော့ ရှက်တာဒိုးနတ်နဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။

"အရေးကြိးတဲ့ နိုင်ပွဲတစ်ပွဲပါ၊ ကျွန်တော်တို့အနေနဲ့ ဘောလုံးတွေသာ ဆုံးရှုံးခဲ့မယ်ဆိုရင် သူတို့ရဲ့ အပြစ်ပေးခြင်းကို ခံသွားရမှာပါ" လို့ စတာလင်က ထပ်ပြောသွားခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း စတာလင်ရဲ့ ဖြစ်ရပ်ဟာ ပယ်နယ်တီမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပြီး ဒီလိုအနေအထားကနေ ရရှိတဲ့ သွင်းဂိုးကို မနှစ်သက်ဘူးလို့ ပြောသွားခဲ့ပါသေးတယ်။

[Zawgyi Version]

ရွက္တာဒိုးနတ္အသင္းနဲ႔ ပြဲစဥ္မွာ ရရွိခဲ့တဲ့ အျငင္းပြားဖြယ္ ပယ္နယ္တီသြင္းဂိုးနဲ႔ ပတ္သက္ျပီး မန္စီးတီးအသင္းရဲ႕ တိုက္စစ္ကစားသမား စတာလင္က ကြင္းလယ္ဒိုင္နဲ႔ ရွက္တာဒိုးနတ္အသင္းကို ေတာင္းပန္စကားေျပာဆိုလိုက္ပါတယ္။ မန္စီးတီးက ရွက္တာဒိုးနတ္ကို ေျခာက္ဂိုးျပတ္နဲ႔ အႏိုင္ရရိွခဲ့တဲ့ ပြဲမွာ အျငင္းပြားဖြယ္ ပယ္နယ္တီ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

Photo : Daily Telegraph

 

အဂၤလန္တိုက္စစ္ကစားသမားဟာ ဂိုးသြင္းယူဖို႔အတြက္ ၾကိဳးစားေနစဥ္မွာ ဂိုးဧရိယာအတြင္း လဲက်ခဲ့တာ ျဖစ္ျပီး ကြင္းလယ္ဒိုင္က ပယ္နယ္တီအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာ စတာလင္ဟာ ဘယ္သူနဲ႔မွ ထိခိုက္မိျခင္းမရွိဘဲ လဲက်ခဲ့တာ ျဖစ္ျပီး ကြင္းလယ္ဒိုင္လူၾကီးက မွားယြင္းစြာ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီပယ္နယ္တီကို ဂါဘရီရယ္ဂ်ီးဆပ္က ကန္သြင္းယူခဲ့ျပီး မန္စီးတီးတို႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

Photo : Stadium Astro

 

"ကၽြန္ေတာ္က ေဘာလံုးကိုပဲ ထိန္းသိမ္းျပီး အရယူဖို႔ အာရံုစူးစိုက္ေနခဲ့တာပါ၊ အဲဒီေနာက္ေတာ့ ဘယ္လိုေတြ ျဖစ္သြားခဲ့လဲမသိလိုက္ပါဘူး၊ ကၽြန္ေတာ္က ဧရိယာထဲမွာ လဲက်ေနခဲ့ျပီးေနာက္ ျပန္ထလာခဲ့ပါတယ္၊ ကြင္းလယ္ဒိုင္နဲ႔ သြားေရာက္ျပီး ဆက္သြယ္ေျပာဆိုဖို႔ လိုမယ္လို႔ ကၽြန္ေတာ္ မေတြးမိခဲ့တာပါ၊ ဒါက ကၽြန္ေတာ့္ရဲ႕ အမွားပါ"

Photo : Evening Standard

 

"တကယ္ဆိုရင္ ဒါက ပယ္နယ္တီမဟုတ္ဘူးလို႔ ကၽြန္ေတာ္ သြားေရာက္ေျပာဆိုခဲ့ရမွာ ျဖစ္ေပမယ့္ မျပဳလုပ္ခဲ့မိပါဘူး၊ အဲဒီအတြက္ ကြင္းလယ္ဒိုင္ နဲ႔ ရွက္တာဒိုးနတ္အသင္းကို ကၽြန္ေတာ္ ေတာင္းပန္ပါတယ္" လို႔ စတာလင္က ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။ စတာလင္ကေတာ့ ရွက္တာဒိုးနတ္နဲ႔ပြဲမွာ အသင္းအတြက္ တစ္ဂိုးသြင္းယူေပးခဲ့ပါေသးတယ္။

"အေရးၾကိးတဲ့ ႏိုင္ပြဲတစ္ပြဲပါ၊ ကၽြန္ေတာ္တို႔အေနနဲ႔ ေဘာလံုးေတြသာ ဆံုးရံႈးခဲ့မယ္ဆိုရင္ သူတို႔ရဲ႕ အျပစ္ေပးျခင္းကို ခံသြားရမွာပါ" လိဳ႔ စတာလင္က ထပ္ေျပာသြားခဲ့ပါတယ္။ မန္စီးတီးနည္းျပ ဂြာဒီယိုလာကလည္း စတာလင္ရဲ႕ ျဖစ္ရပ္ဟာ ပယ္နယ္တီမဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့ျပီး ဒီလိုအေနအထားကေန ရရွိတဲ့ သြင္းဂိုးကို မႏွစ္သက္ဘူးလို႔ ေျပာသြားခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs