• International Sports
    ဖရီးကစ်က ဆက်ဇနီအတွက် ခက်ခဲခဲ့မယ်လို့ ယုံကြည်ခဲ့တဲ့ မာတာ
Pyae Phyo Thein
[Unicode Version]

ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် အရေးပါတဲ့ ချေပဂိုးကို ဖရီးကစ်ကတဆင့် လှလှပပ သွင်းယူပေးခဲ့တဲ့ ဟွမ်မာတာက သူ့အနေနဲ့ ဖရီးကစ်ကန်သွင်းချိန်မှာ ဘယ်လိုခံစားခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပွဲပြီးဆုံးဖို့အတွက် (၅)မိနစ်သာ ကျန်ရှိနေတာ့တဲ့ အချိန်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး မန်ယူက အနိုင်ရရှိသွားခဲ့ပါတယ်။

1.JPG

Photo : manutd.com

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် မာတာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ဖရီးကစ်ကို ကန်သွင်းခွင့်ပေးဖို့ အက်ရှ်လေယန်းကို ကျွန်တော် ပြောခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ လူတံတိုင်းကို ကျော်ပြီး ကန်သွင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေခဲ့ပါတယ်၊ အဲဒီအချိန်မှာ ဂိုးရအောင် သွင်းနိုင်မယ်လို့လည်း ကျွန်တော့်မှာ ယုံကြည်ချက်ရှိပါတယ်" လို့ မာတာက ပြောပါတယ်။

3.JPG

Photo : manutd.com

"အဲဒီအချိန်က ဂိုးသမားအတွက် အရမ်းခက်ခဲပါတယ်၊ လူတံတိုင်းကာရံထားတဲ့အတွက် သူ ဘောလုံးကို ကောင်းကောင်းမမြင်နိုင်ပါဘူး၊ ဒီလို ကန်သွင်းနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာပါ၊ လက်တွေ့လေ့ကျင့်ခဲ့ရတာပါ၊ တစ်ဖက်တစ်ဂိုးစီ သရေကျဖို့ အရေးပါတဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်၊ အဲဒီနောက်မှာ ၁-၂ ဖြစ်သွားပါတယ်"

ချန်ပီယံလိဂ်မှာ မန်ယူကို ရှုံးခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒို 

"ကျွန်တော့်ရဲ့ သွင်းဂိုးတွေထဲက အကောင်းဆုံးသွင်းဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်၊ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲကနေ ပြန်လာနိုင်ခဲ့ပါတယ်၊ အရမ်းကောင်းတဲ့ အသင်းတစ်သင်းကို ဖိအားတွေအများကြီးနဲ့ ကစားခဲ့ရလို့ တကယ်ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် အန္တရာယ်ပေးနိုင်တဲ့ ဖရီးကစ် နှစ်လုံးကနေ ကျွန်တော်တို့ ဂိုးတွေရခဲ့ပြီး နောက်ဆုံး (၅)မိနစ်အတွင်းမှာ လုပ်နိုင်ခဲ့တာပါ" လို့ မာတာက ပြောသွားခဲ့ပါတယ်။

5.JPG

Photo : manutd.com

 

မာတာကတော့ ကစားသမားဘဝမှာ အလွတ်တည်ကန်ဘောတွေက ဂိုးအများအပြား သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း အသင်းရရှိတဲ့ ဖရီးကစ်၊ ထောင့်ကန်ဘောတွေကို မာတာကပဲ တာဝန်ယူပြီး ကန်သွင်းပေးနေတာဖြစ်ပြီး ဖရီးကစ်စပါယ်ရှယ်လစ်လို့လည်း အားလုံးက သတ်မှတ်ထားကြပါတယ်။

[Zawgyi Version]

ဂ်ဴဗင္တပ္စ္နဲ႔ ကစားခဲ့တဲ့ ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ အေရးပါတဲ့ ေခ်ပဂိုးကို ဖရီးကစ္ကတဆင့္ လွလွပပ သြင္းယူေပးခဲ့တဲ့ ဟြမ္မာတာက သူ႔အေနနဲ႔ ဖရီးကစ္ကန္သြင္းခ်ိန္မွာ ဘယ္လိုခံစားခဲ့ရလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ပြဲျပီးဆံုးဖို႔အတြက္ (၅)မိနစ္သာ က်န္ရွိေနတာ့တဲ့ အခ်ိန္မွာ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြသြင္းျပီး မန္ယူက အႏုိင္ရရွိသြားခဲ့ပါတယ္။

Photo : manutd.com

 

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုက္ကတဆင့္ မာတာက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ "ဖရီးကစ္ကို ကန္သြင္းခြင့္ေပးဖို႔ အက္ရွ္ေလယန္းကို ကၽြန္ေတာ္ ေျပာခဲ့ပါတယ္၊ ဘာလို႔လဲဆိုေတာ့ လူတံတိုင္းကို ေက်ာ္ျပီး ကန္သြင္းႏိုင္မယ္လို႔ ကၽြန္ေတာ္ ယံုၾကည္ေနခဲ့ပါတယ္၊ အဲဒီအခ်ိန္မွာ ဂိုးရေအာင္ သြင္းႏိုင္မယ္လို႔လည္း ကၽြန္ေတာ့္မွာ ယံုၾကည္ခ်က္ရွိပါတယ္" လို႔ မာတာက ေျပာပါတယ္။

Photo : manutd.com

"အဲဒီအခ်ိန္က ဂိုးသမားအတြက္ အရမ္းခက္ခဲပါတယ္၊ လူတံတိုင္းကာရံထားတဲ့အတြက္ သူ ေဘာလံုးကို ေကာင္းေကာင္းမျမင္ႏိုင္ပါဘူး၊ ဒီလို ကန္သြင္းႏိုင္ဖို႔ ေလ့က်င့္ေရးကြင္းမွာ ကၽြန္ေတာ္ အၾကိမ္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့တာပါ၊ လက္ေတြ႕ေလ့က်င့္ခဲ့ရတာပါ၊ တစ္ဖက္တစ္ဂိုးစီ သေရက်ဖို႔ အေရးပါတဲ့ သြင္းဂိုးလည္း ျဖစ္ပါတယ္၊ အဲဒီေနာက္မွာ ၁-၂ ျဖစ္သြားပါတယ္"

ခ်န္ပီယံလိဂ္မွာ မန္ယူကို ရံႈးခဲ့လို႔ မေက်မနပ္ျဖစ္ေနတဲ့ ေရာ္နယ္ဒို 

"ကၽြန္ေတာ့္ရဲ႕ သြင္းဂိုးေတြထဲက အေကာင္းဆံုးသြင္းဂိုးတစ္ဂိုးလည္း ျဖစ္ပါတယ္၊ ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲကေန ျပန္လာႏိုင္ခဲ့ပါတယ္၊ အရမ္းေကာင္းတဲ့ အသင္းတစ္သင္းကို ဖိအားေတြအမ်ားၾကီးနဲ႔ ကစားခဲ့ရလို႔ တကယ္ခက္ခဲခဲ့ပါတယ္၊ ဒါေပမယ့္ အႏၱရာယ္ေပးႏိုင္တဲ့ ဖရီးကစ္ ႏွစ္လံုးကေန ကၽြန္ေတာ္တို႔ ဂိုးေတြရခဲ့ျပီး ေနာက္ဆံုး (၅)မိနစ္အတြင္းမွာ လုပ္ႏိုင္ခဲ့တာပါ" လို႔ မာတာက ေျပာသြားခဲ့ပါတယ္။

Photo : manutd.com

 

မာတာကေတာ့ ကစားသမားဘ၀မွာ အလြတ္တည္ကန္ေဘာေတြက ဂိုးအမ်ားအျပား သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာလည္း အသင္းရရွိတဲ့ ဖရီးကစ္၊ ေထာင့္ကန္ေဘာေတြကို မာတာကပဲ တာ၀န္ယူျပီး ကန္သြင္းေပးေနတာျဖစ္ျပီး ဖရီးကစ္စပါယ္ရွယ္လစ္လို႔လည္း အားလံုးက သတ္မွတ္ထားၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs