• International Sports
    မီလန်ဟာဗယ်ကို ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် အရေးယူမခံခဲ့ရတဲ့ ရာမို့စ်
Kyawko Ko
[Unicode Version]

ယမန်နေ့ညက ရီးရဲမက်ဒရစ်အသင်းက ဗစ်တိုးရီးယားပလာဇန်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ပလာဇန်အသင်းရဲ့ကစားသမား ဟာဗယ်ကို နောက်ထပ်ဆိုးရွားတဲ့ပြစ်ဒဏ်ကျူးလွန်မှုတစ်ခု ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ပါတယ်။

0_Viktoria-Plzen-vs-Real-Madrid-Czech-Republic-07-Nov-2018.jpg

Photos: Mirror

ရီးရဲမက်ဒရစ်အသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက ဗစ်တိုးရီးယားပလာဇန်အသင်းကို လွှမ်းမိုးနိုင်ခဲ့ပြီး ၂၁ မိနစ်မှာ ဘန်ဇီးမားက ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ၂၃ မိနစ်မှာ ကက်စမဲရိုး၊ ၃၇ မိနစ်မှာ ဘန်ဇီးမားကပဲ နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ပထမပိုင်း ၁၄ မိနစ်မှာ ဆာဂျီယိုရာမို့စ်က ဟာဗယ်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခဲ့ပြီး ကြမ်းတမ်းစွာကစားတတ်တဲ့ပုံစံကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ဟာဗယ်နဲ့ ရာမို့စ်တို့ဟာ ဘောလုံးကို အတူတူလိုက်ခဲ့ကြပြီး ရာမို့စ်က ဟာဗယ်ကို ဘောလုံးဆီမရောက်နိုင်အောင် ပိတ်ဆို့ခဲ့ရာမှာ ဟာဗယ်ရဲ့မျက်နှာကို တံတောင်နဲ့ တွတ်မိခဲ့တာဖြစ်ပါတယ်။

sergio-ramos-elbow-c74a.jpg

Photos: Metro

 

ယင်းဖြစ်စဉ်အပြီး ချက်ချင်းပဲ ဟာဗယ်ရဲ့နှာခေါင်းကနေ သွေးတွေစီးကျလာခဲ့တာကြောင့် ပွဲကို ခေတ္တရပ်နားပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဟာဗယ်ရဲ့နှာခေါင်းရိုးဟာ ကျိုးသွားလား၊ မကျိုးသွားဘူးလားဆိုတာတော့ မသေချာပေမယ့် ဟာဗယ်ဟာ ၃၈ မိနစ်မှာ လူစားလဲမခံရခင်အချိန်အထိ ဆက်လက်ကစားပေးသွားခဲ့ပါတယ်။

[No available link text] 

ဟာဗယ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ ကွင်းလယ်ဒိုင်ရဲ့ အရေးယူခြင်းကို မခံခဲ့ရဘဲ ပလာဇန်အသင်းရဲ့ပရိသတ်တွေဟာ ရာမို့စ်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။ ဟာဗယ်ရဲ့မျက်နှာကို တံတောင်နဲ့ ရည်ရွယ်ချက်ရှိရှိ တွတ်ခဲ့တဲ့ ရာမို့စ်ရဲ့ရုပ်သံဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ဘောလုံးပရိသတ်တွေအများအပြားက ပြစ်တင်ဝေဖန်နေကြပါတယ်။

[Zawgyi Version]

ယမန္ေန႔ညက ရီးရဲမက္ဒရစ္အသင္းက ဗစ္တိုးရီးယားပလာဇန္အသင္းကို ၅ ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ရီးရဲမက္ဒရစ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္ဟာ ပလာဇန္အသင္းရဲ႕ကစားသမား ဟာဗယ္ကို ေနာက္ထပ္ဆုိးရြားတဲ့ျပစ္ဒဏ္က်ဴးလြန္မႈတစ္ခု ရည္ရြယ္ခ်က္ရွိရွိ ျပဳလုပ္ခဲ့ပါတယ္။

Photos: Mirror

ရီးရဲမက္ဒရစ္အသင္းဟာ ပထမပုိင္းစတင္ခ်ိန္ကတည္းက ဗစ္တိုးရီးယားပလာဇန္အသင္းကို လႊမ္းမိုးႏုိင္ခဲ့ၿပီး ၂၁ မိနစ္မွာ ဘန္ဇီးမားက ရီးရဲမက္ဒရစ္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲဲ့ၿပီး ၂၃ မိနစ္မွာ ကက္စမဲရိုး၊ ၃၇ မိနစ္မွာ ဘန္ဇီးမားကပဲ ေနာက္ထပ္ဦးေဆာင္ဂိုးေတြ ထပ္မံသြင္းယူေပးခဲ့ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

ပထမပိုင္း ၁၄ မိနစ္မွာ ဆာဂ်ီယိုရာမို႔စ္က ဟာဗယ္ကို ေသြးထြက္သံယိုျဖစ္ေအာင္ ျပဳလုပ္ခဲ့ၿပီး ၾကမ္းတမ္းစြာကစားတတ္တဲ့ပံုစံကို ဆက္လက္ထိန္းသိမ္းခဲ့ပါတယ္။ ဟာဗယ္နဲ႔ ရာမို႔စ္တို႔ဟာ ေဘာလံုးကို အတူတူလုိက္ခဲ့ၾကၿပီး ရာမို႔စ္က ဟာဗယ္ကို ေဘာလံုးဆီမေရာက္ႏုိင္ေအာင္ ပိတ္ဆို႔ခဲ့ရာမွာ ဟာဗယ္ရဲ႕မ်က္ႏွာကို တံေတာင္နဲ႔ တြတ္မိခဲ့တာျဖစ္ပါတယ္။

Photos: Metro

 

ယင္းျဖစ္စဥ္အၿပီး ခ်က္ခ်င္းပဲ ဟာဗယ္ရဲ႕ႏွာေခါင္းကေန ေသြးေတြစီးက်လာခဲ့တာေၾကာင့္ ပြဲကို ေခတၱရပ္နားၿပီး ေဆးကုသမႈခံယူခဲဲ့ရပါတယ္။ ဟာဗယ္ရဲ႕ႏွာေခါင္းရိုးဟာ က်ိဳးသြားလား၊ မက်ိဳးသြားဘူးလားဆုိတာေတာ့ မေသခ်ာေပမယ့္ ဟာဗယ္ဟာ ၃၈ မိနစ္မွာ လူစားလဲမခံရခင္အခ်ိန္အထိ ဆက္လက္ကစားေပးသြားခဲ့ပါတယ္။

[No available link text] 

ဟာဗယ္ကို ရည္ရြယ္ခ်က္ရွိရွိ ထိခုိက္ဒဏ္ရာရရွိေအာင္ ျပဳလုပ္ခဲ့တဲ့ ဆာဂ်ီယိုရာမို႔စ္ဟာ ကြင္းလယ္ဒုိင္ရဲ႕ အေရးယူျခင္းကို မခံခဲ့ရဘဲ ပလာဇန္အသင္းရဲ႕ပရိသတ္ေတြဟာ ရာမို႔စ္ကို ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ဟာဗယ္ရဲ႕မ်က္ႏွာကို တံေတာင္နဲ႔ ရည္ရြယ္ခ်က္ရွိရွိ တြတ္ခဲ့တဲ့ ရာမို႔စ္ရဲ႕ရုပ္သံဗီဒီယိုဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနၿပီး ေဘာလံုးပရိသတ္ေတြအမ်ားအျပားက ျပစ္တင္ေဝဖန္ေနၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs