• International Sports
    ဖယ်လိုင်နီက မန်ယူအသင်းအတွက် ကွဲပြားမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ ယုံကြည်နေတဲ့ အယ်လီဂရီ
Kyawko Ko
[Unicode Version]

ဂျူဗင်တပ်အသင်းရဲ့နည်းပြ မက်စီမီလီယာနိုအယ်လီဂရီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ကွဲပြားခြားနာမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့သူဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

0_GettyImages-1064745676.jpg

ဂျူဗင်တပ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ဟာ ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုက ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို မာတာက အလွတ်တည်ကန်ဘောကနေ လှလှပပ သွင်းယူပေးခဲ့ပြီး မိနစ် ၉၀ မှာ အဲလက်စ်ဆန်ဒရိုရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တဲ့ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၇၉ မိနစ်မှာ ဟာရဲရားရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဖယ်လိုင်နီဟာ ဒုတိယပိုင်း မိနစ် ၉၀ မှာ အက်ရှ်လေယန်း ပြစ်ဒဏ်ဘောကနေတစ်ဆင့် ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို ခေါင်းတိုက်အဆုံးသတ်နိုင်လုနီးပါးအခြေအနေအထိ ရောက်ခဲ့ပြီး ဖယ်လိုင်နီဆီက လွတ်ထွက်လာတဲ့ ဘောလုံးကို ဂျူဗင်တပ်နောက်တန်းတွေက လိုက်လံဖျက်ထုတ်ရာမှာ ဂိုးသမားနဲ့နားလည်မှုလွဲပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

a23d4-15416446246489-800.jpg 

ဂျူဗင်တပ်အသင်းရဲ့နည်းပြ အယ်လီဂရီက Group H ရဲ့ပြင်းထန်တဲ့ပွဲစဉ်မှာ ဖယ်လိုင်နီက အဆုံးအဖြတ်ပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး မန်ယူအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က ဖယ်လိုင်နီ မပါဝင်မှုက ဂျူဗင်တပ်အသင်းအတွက် အခွင့်ကောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

"ပထမပွဲစဉ်တုန်းက သူတို့အသင်းမှာ ဖယ်လိုင်နီကို ထည့်ပြီးမကစားနိုင်ခဲ့ပါဘူး။ သူ မပါဝင်နိုင်မှုကို ကျွန်တော်တို့က အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချနိုင်ခဲ့ပါတယ်"

"ဒီညမှာတော့ သူ ကစားခဲ့တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာပါဝင်မှုက ချက်ချင်းပဲ ခံစားခဲ့ရပါတယ်။ သူ အမြင့်ဘောတချို့ကို ထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့က အနိမ့်ဘောတွေမှာ တခါတရံ ကောင်းမွန်ခဲ့ပေမယ့်လည်းပေါ့"

"အလွတ်တည်ကန်ဘောတွေ ပေးခဲ့ရတာက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအမှားပဲ။ အဲဒါက ဖြစ်ပျက်ခဲ့ပြီး ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါပြီ"

"အဲဒီကနေ ကျွန်တော်တို့ လေ့လာသင်ယူရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ဂ်ဴဗင္တပ္အသင္းရဲ႕နည္းျပ မက္စီမီလီယာႏုိအယ္လီဂရီက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဖယ္လိုင္နီဟာ ကြဲျပားျခားနာမႈေတြ ျပဳလုပ္ခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းကို ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိေအာင္ ကူညီေပးခဲ့သူျဖစ္တယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

0_GettyImages-1064745676.jpg

ဂ်ဴဗင္တပ္အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ရဲ႕ပြဲစဥ္ဟာ ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈအျပည့္ ေပးႏုိင္ခဲ့ၿပီး ဒုတိယပိုင္း ၆၅ မိနစ္မွာ ခရစ္စတီယာႏုိေရာ္နယ္ဒိုက ဂ်ဴဗင္တပ္အသင္းအတြက္ အဖြင့္ဂုိးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ေခ်ပဂိုးကို မာတာက အလြတ္တည္ကန္ေဘာကေန လွလွပပ သြင္းယူေပးခဲ့ၿပီး မိနစ္ ၉၀ မွာ အဲလက္စ္ဆန္ဒရိုရဲ႕ ကိုယ့္ဂိုးကုိယ္ျပန္သြင္းခဲ့တဲ့ဂိုးေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္အသင္း ၂ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။

၇၉ မိနစ္မွာ ဟာရဲရားရဲ႕ေနရာမွာ လူစားဝင္ကစားခဲ့တဲ့ ဖယ္လိုင္နီဟာ ဒုတိယပိုင္း မိနစ္ ၉၀ မွာ အက္ရွ္ေလယန္း ျပစ္ဒဏ္ေဘာကေနတစ္ဆင့္ ျဖတ္တင္ေပးပို႔လုိက္တဲ့ေဘာလံုးကို ေခါင္းတုိက္အဆံုးသတ္ႏုိင္လုနီးပါးအေျခအေနအထိ ေရာက္ခဲ့ၿပီး ဖယ္လိုင္နီဆီက လြတ္ထြက္လာတဲ့ ေဘာလံုးကို ဂ်ဴဗင္တပ္ေနာက္တန္းေတြက လိုက္လံဖ်က္ထုတ္ရာမွာ ဂိုးသမားနဲ႔နားလည္မႈလြဲၿပီး ကိုယ့္ဂိုးကုိယ္ျပန္သြင္းမိသလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ႕နည္းျပ အယ္လီဂရီက Group H ရဲ႕ျပင္းထန္တဲ့ပြဲစဥ္မွာ ဖယ္လိုင္နီက အဆံုးအျဖတ္ေပးႏုိင္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ၿပီး မန္ယူအသင္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့စဥ္က ဖယ္လိုင္နီ မပါဝင္မႈက ဂ်ဴဗင္တပ္အသင္းအတြက္ အခြင့္ေကာင္းတစ္ခုျဖစ္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

"ပထမပြဲစဥ္တုန္းက သူတို႔အသင္းမွာ ဖယ္လိုင္နီကို ထည့္ၿပီးမကစားႏုိင္ခဲ့ပါဘူး။ သူ မပါဝင္ႏုိင္မႈကို ကၽြန္ေတာ္တို႔က အခြင့္ေကာင္းတစ္ခုအျဖစ္ အသံုးခ်ႏုိင္ခဲ့ပါတယ္"

"ဒီညမွာေတာ့ သူ ကစားခဲ့တယ္။ သူ႔ရဲ႕ ရုပ္ပိုင္းဆုိင္ရာပါဝင္မႈက ခ်က္ခ်င္းပဲ ခံစားခဲ့ရပါတယ္။ သူ အျမင့္ေဘာတခ်ိဳ႕ကို ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ ကၽြန္ေတာ္တို႔က အနိမ့္ေဘာေတြမွာ တခါတရံ ေကာင္းမြန္ခဲ့ေပမယ့္လည္းေပါ့"

"အလြတ္တည္ကန္ေဘာေတြ ေပးခဲ့ရတာက ကၽြန္ေတာ္တို႔ရဲ႕ အႀကီးမားဆံုးအမွားပဲ။ အဲဒါက ျဖစ္ပ်က္ခဲ့ၿပီး ကၽြန္ေတာ္တုိ႔ ေပးဆပ္ခဲ့ရပါၿပီ"

"အဲဒီကေန ကၽြန္ေတာ္တုိ႔ ေလ့လာသင္ယူရပါမယ္"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs