• International Sports
    ဘောလုံးသမိုင်းစာမျက်နှာကို ပြန်ပြင်ရေးချင်တယ်လို့ ပြောကြားခဲ့တဲ့ ဘန်ဇီးမား
Kyawko Ko
[Unicode Version]

ယမန်နေ့ညက ဗစ်တိုးရီးယားပလာဇန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် သွင်းဂိုး ၂၀၀ ကျော်လွန်ခဲ့ပြီးနောက် ဘန်ဇီးမားက သမိုင်းတစ်ခု ရေးထိုးခဲ့ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘန်ဇီးမားက ၎င်းရဲ့စွမ်းဆောင်ရည်ကို လူတွေက နားလည်မှုလွဲနေတယ်လို့ ယုံကြည်နေပြီး သမိုင်းစာအုပ်ကို ပြန်ပြင်ရေးချင်နေတာဖြစ်ပါတယ်။

karim-benzema-real-madrid_12l26tg3shite1h0rxkyzl6z90.jpg

Photos: Goal.com

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဇီးမားဟာ ဗစ်တိုးရီးယားပလာဇန်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းအတွက် ၂၀၀ မြောက်သွင်းဂိုးနဲ့ ၂၀၁ ဂိုးမြောက်သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဝေဖန်မှုတွေများစွာခံနေရတဲ့ ဘန်ဇီးမားဟာ ယခုရာသီမှာ ၁၇ ပွဲကစားပြီး ၉ ဂိုးသွင်းယူထားခဲ့ပြီးဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ဘန်ဇီးမားက ၎င်းရဲ့အားထုတ်မှုဟာ တစ်ခါတရံမှာ လူတွေအတွက် နားမလည်နိုင်စရာဖြစ်ခဲ့တယ်လို့ ခံစားနေရတာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ရှေ့ဆက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပံ့ပိုးပေးသွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Karim-Benzema-maximo-goleador-frances-en-Europa.png

Photos: Goal.com

 

"ကျွန်တော် ဘောလုံးကစားနေတာက သမိုင်းစာအုပ်ကို ပြန်ပြင်ရေးဖို့ပါ။ တစ်ခါတရံမှာ လူတွေက ကျွန်တော် ပွဲစဉ်အတွင်းမှာ ဘာတွေလုပ်နေလဲဆိုတာကို နားမလည်နိုင်ကြပါဘူး"

"ကျွန်တော် အဲဒီမှာ အသင်းဖော်တွေကို ကူညီဖို့နဲ့ ကျွန်တော့်မှာရှိသမျှ အရာအားလုံးကို ပေးဖို့အတွက် ရှိနေတာပါ။ ကျွန်တော် တစ်ခါတရံမှာ ဂိုးသွင်းတယ်။ တခြားအချိန်တွေမှာ ကျွန်တော် မသွင်းနိုင်ဘူး။ ဒါပေမယ့် အရေးကြီးတဲ့အရာက ကျွန်တော်တို့တွေ ဆုဖလားကိုင်မြှောက်နိုင်ဖို့ပဲ"

"ကျွန်တော် အခု အသက် ၃၀ ရှိပါပြီ။ ကျွန်တော့်ရဲ့သွင်းဂိုးတွေအတွက် ဂုဏ်ယူမိပါတယ်။ အဲဒီသွင်းဂိုးတွေဟာ ကြီးမားတဲ့အရေအတွက်တစ်ခုဖြစ်ပြီး ရှေ့ဆက်သွားဖို့နဲ့ ဂိုးတွေ ပိုသွင်းဖို့အတွက် ကျွန်တော့်ကို ယုံကြည်မှုတွေ ပေးပါတယ်။ ဂိုးတွေသွင်းဖို့ချည်းပဲ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ဖို့အတွက် ကောင်းမွန်တဲ့ဘောလုံးသမားဖြစ်ဖို့လည်း လိုပါတယ်"

"ကျွန်တော် ပွဲစဉ်အတွင်းမှာ ပါဝင်ကစားရတဲ့အခါမှာ ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးဖန်တီးမှု၊ ခံစစ်ကိုလည်း ကူညီပေးချင်ပါတယ်။ ခံစစ်၊ တိုက်စစ်ကတော့ တိုက်စစ်မှူးတွေ လုပ်ရမယ့်အလုပ်ပါ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ယမန္ေန႔ညက ဗစ္တုိးရီးယားပလာဇန္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ရီးရဲမက္ဒရစ္အသင္းအတြက္ သြင္းဂိုး ၂၀၀ ေက်ာ္လြန္ခဲ့ၿပီးေနာက္ ဘန္ဇီးမားက သမုိင္းတစ္ခု ေရးထိုးခဲ့ခ်င္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဘန္ဇီးမားက ၎ရဲ႕စြမ္းေဆာင္ရည္ကို လူေတြက နားလည္မႈလြဲေနတယ္လုိ႔ ယံုၾကည္ေနၿပီး သမုိင္းစာအုပ္ကို ျပန္ျပင္ေရးခ်င္ေနတာျဖစ္ပါတယ္။

Photos: Goal.com

 

အသက္ ၃၀ အရြယ္ရွိၿပီျဖစ္တဲ့ ဘန္ဇီးမားဟာ ဗစ္တုိးရီးယားပလာဇန္အသင္းကို ၅ ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ရီးရဲမက္ဒရစ္အသင္းအတြက္ ၂၀၀ ေျမာက္သြင္းဂိုးနဲ႔ ၂၀၁ ဂိုးေျမာက္သြင္းဂိုးေတြကို သြင္းယူႏုိင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။ ေဝဖန္မႈေတြမ်ားစြာခံေနရတဲ့ ဘန္ဇီးမားဟာ ယခုရာသီမွာ ၁၇ ပြဲကစားၿပီး ၉ ဂိုးသြင္းယူထားခဲ့ၿပီးျဖစ္ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

ဘန္ဇီးမားက ၎ရဲ႕အားထုတ္မႈဟာ တစ္ခါတရံမွာ လူေတြအတြက္ နားမလည္ႏုိင္စရာျဖစ္ခဲ့တယ္လုိ႔ ခံစားေနရတာျဖစ္ၿပီး ရီးရဲမက္ဒရစ္အသင္းအတြက္ ေရွ႕ဆက္ၿပီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ပံ့ပိုးေပးသြားခ်င္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Photos: Goal.com

 

"ကၽြန္ေတာ္ ေဘာလံုးကစားေနတာက သမုိင္းစာအုပ္ကို ျပန္ျပင္ေရးဖို႔ပါ။ တစ္ခါတရံမွာ လူေတြက ကၽြန္ေတာ္ ပြဲစဥ္အတြင္းမွာ ဘာေတြလုပ္ေနလဲဆုိတာကို နားမလည္ႏုိင္ၾကပါဘူး"

"ကၽြန္ေတာ္ အဲဒီမွာ အသင္းေဖာ္ေတြကို ကူညီဖို႔နဲ႔ ကၽြန္ေတာ့္မွာရွိသမွ် အရာအားလံုးကို ေပးဖို႔အတြက္ ရွိေနတာပါ။ ကၽြန္ေတာ္ တစ္ခါတရံမွာ ဂိုးသြင္းတယ္။ တျခားအခ်ိန္ေတြမွာ ကၽြန္ေတာ္ မသြင္းႏုိင္ဘူး။ ဒါေပမယ့္ အေရးႀကီးတဲ့အရာက ကၽြန္ေတာ္တုိ႔ေတြ ဆုဖလားကိုင္ေျမွာက္ႏုိင္ဖုိ႔ပဲ"

"ကၽြန္ေတာ္ အခု အသက္ ၃၀ ရွိပါၿပီ။ ကၽြန္ေတာ့္ရဲ႕သြင္းဂိုးေတြအတြက္ ဂုဏ္ယူမိပါတယ္။ အဲဒီသြင္းဂိုးေတြဟာ ႀကီးမားတဲ့အေရအတြက္တစ္ခုျဖစ္ၿပီး ေရွ႕ဆက္သြားဖို႔နဲ႔ ဂိုးေတြ ပိုသြင္းဖို႔အတြက္ ကၽြန္ေတာ့္ကို ယံုၾကည္မႈေတြ ေပးပါတယ္။ ဂိုးေတြသြင္းဖုိ႔ခ်ည္းပဲ မဟုတ္ပါဘူး။ ေကာင္းမြန္တဲ့တုိက္စစ္မွဴးတစ္ေယာက္ျဖစ္ဖို႔အတြက္ ေကာင္းမြန္တဲ့ေဘာလံုးသမားျဖစ္ဖို႔လည္း လုိပါတယ္"

"ကၽြန္ေတာ္ ပြဲစဥ္အတြင္းမွာ ပါဝင္ကစားရတဲ့အခါမွာ ဂိုးေတြသြင္းခ်င္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ဂိုးဖန္တီးမႈ၊ ခံစစ္ကိုလည္း ကူညီေပးခ်င္ပါတယ္။ ခံစစ္၊ တုိက္စစ္ကေတာ့ တုိက္စစ္မွဴးေတြ လုပ္ရမယ့္အလုပ္ပါ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs