• International Sports
    ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ခ်
Pyae Phyo Thein
[Unicode Version]

မနေ့ညက ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ခ်ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပါတယ်။ ဘောလုံးရယူဖို့ ကြိုးစားရင်းနဲ့ ဝဲလ်ဘက်ခ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး ပုံမှာမြင်တွေ့မှုအရ ထိတ်လန့်စရာ ဒဏ်ရာအနေအထား ဖြစ်ခဲ့မယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဝဲလ်ဘက်ခ်ဟာ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရမယ်လို့ သိရပါတယ်။

5951208-6369347-image-a-71_1541711573993.jpg

Photo : Daily Mail

 

ဝဲလ်ဘက်ခ်ရဲ့ ခြေကျင်းဝတ်ဟာ လည်ထွက်သွားခဲ့ပြီး တော်တော်လေးဆိုးဝါးတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် (၂၅)မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝဲလ်ဘက်ခ်ရဲ့ အခြေအနေကို မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒေါင်ဇီဆိုရင် တော်တော်လေး ထိတ်လန့်သွားခဲ့တဲ့ အမူအယာဖြစ်ခဲ့ပါတယ်။

5951232-6369347-image-a-66_1541711513970.jpg

Photo : Daily Mail

 

ဝဲလ်ဘက်ခ်ကို လူနာထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပြီး ဆေးရုံးကို ချက်ချင်းပို့ဆောင် ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာအနေအထားကို အတိအကျမသိရသေးပေမယ့် အာဆင်နယ်နည်းပြ အမ်မရီကတော့ ဝဲလ်ဘက်ခ်ရဲ့ ဒဏ်ရာက တော်တော်လေးပြင်းထန်တယ်လို့ အတည် ပြုပြောဆိုသွားခဲ့ပါတယ်။

5949998-6369347-image-a-54_1541709572654.jpg

Photo : Daily Mail

 

"သူ့ဒဏ်ရာက သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ တော်တော်လေး ကြီးမားလွန်းပါတယ်၊ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဒဏ်ရာအသေးစိတ်ကို သိရဖို့ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်" လို့ အူနိုင်းအမ်မရီက ပြောဆိုသွားခဲ့ပါတယ်။ ဝဲလ်ဘက်ခ်ဟာ ကစားသမားဘဝမှာ မကြာခဏ ဒဏ်ရာ ရရှိတတ်တဲ့ ကစားသမား ဖြစ်ပါတယ်။

5951290-6369347-image-m-78_1541711634422.jpg

Photo : Daily Mail

 

အာဆင်နယ်မှာ ပုံမှန်ကစားခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပြီး အင်္ဂလန်အသင်းမှာလည်း ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေတဲ့ ဝဲလ်ဘက်ခ်အတွက် စိတ်ပျက်စရာ ဒဏ်ရာဆိုး ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဂိုးသမား ပီတာချက်ကလည်း ဝဲလ်ဘက်ခ်ရဲ့ ဒဏ်ရာက စိုးရိမ်စရာကောင်းတယ်လို့ ပြောဆိုခဲ့ပြီး မြင်တွေ့ရမှုက စိတ်မချမ်းမြေ့ဖွယ်ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

[Zawgyi Version]

မေန႔ညက ကစားခဲ့တဲ့ စပို႔တင္းလစၥဘြန္းနဲ႔ပြဲစဥ္မွာ အာဆင္နယ္တိုက္စစ္မွဴး ဒန္နီ၀ဲလ္ဘက္ခ္ဟာ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရရွိသြားခဲ့ပါတယ္။ ေဘာလံုးရယူဖို႔ ၾကိဳးစားရင္းနဲ႔ ၀ဲလ္ဘက္ခ္ဟာ ေျခက်င္း၀တ္ဒဏ္ရာ ရရွိခဲ့ျပီး ပံုမွာျမင္ေတြ႕မႈအရ ထိတ္လန္႔စရာ ဒဏ္ရာအေနအထား ျဖစ္ခဲ့မယ္ဆိုတာ ထင္ရွားခဲ့ပါတယ္။ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ၀ဲလ္ဘက္ခ္ဟာ ဒဏ္ရာေၾကာင့္ ကာလအတန္ၾကာ အနားယူရမယ္လို႔ သိရပါတယ္။

Photo : Daily Mail

 

၀ဲလ္ဘက္ခ္ရဲ႕ ေျခက်င္း၀တ္ဟာ လည္ထြက္သြားခဲ့ျပီး ေတာ္ေတာ္ေလးဆိုး၀ါးတဲ့ အေနအထားျဖစ္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ (၂၅)မိနစ္မွာ ျဖစ္ပြားခဲ့တာျဖစ္ျပီး ၀ဲလ္ဘက္ခ္ရဲ႕ အေျခအေနကို ျမင္ေတြ႕ခဲ့ရတဲ့ အာဆင္နယ္ကြင္းလယ္လူ ဂြမ္ေဒါင္ဇီဆိုရင္ ေတာ္ေတာ္ေလး ထိတ္လန္႔သြားခဲ့တဲ့ အမူအယာျဖစ္ခဲ့ပါတယ္။

Photo : Daily Mail

 

၀ဲလ္ဘက္ခ္ကို လူနာထမ္းစင္နဲ႔ ေခၚထုတ္သြားခဲ့ရျပီး ေဆးရံုးကို ခ်က္ခ်င္းပို႔ေဆာင္ ကုသေပးခဲ့ရတယ္လို႔ သိရပါတယ္။ ဒဏ္ရာအေနအထားကို အတိအက်မသိရေသးေပမယ့္ အာဆင္နယ္နည္းျပ အမ္မရီကေတာ့ ၀ဲလ္ဘက္ခ္ရဲ႕ ဒဏ္ရာက ေတာ္ေတာ္ေလးျပင္းထန္တယ္လို႔ အတည္ ျပဳေျပာဆိုသြားခဲ့ပါတယ္။

Photo : Daily Mail

 

"သူ႔ဒဏ္ရာက သူ႔အတြက္ေရာ၊ ကၽြန္ေတာ္တို႔အတြက္ပါ ေတာ္ေတာ္ေလး ၾကီးမားလြန္းပါတယ္၊ ေဆးရံုကို ပို႔ေဆာင္ေပးခဲ့ရျပီး ဒဏ္ရာအေသးစိတ္ကို သိရဖို႔ ကၽြန္ေတာ္တို႔ ေစာင့္ဆိုင္းေနပါတယ္" လို႔ အူႏိုင္းအမ္မရီက ေျပာဆိုသြားခဲ့ပါတယ္။ ၀ဲလ္ဘက္ခ္ဟာ ကစားသမားဘ၀မွာ မၾကာခဏ ဒဏ္ရာ ရရွိတတ္တဲ့ ကစားသမား ျဖစ္ပါတယ္။

Photo : Daily Mail

 

အာဆင္နယ္မွာ ပံုမွန္ကစားခြင့္ရဖို႔ ၾကိဳးစားေနတာ ျဖစ္ျပီး အဂၤလန္အသင္းမွာလည္း ပါ၀င္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနတဲ့ ၀ဲလ္ဘက္ခ္အတြက္ စိတ္ပ်က္စရာ ဒဏ္ရာဆိုး ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္ဂိုးသမား ပီတာခ်က္ကလည္း ၀ဲလ္ဘက္ခ္ရဲ႕ ဒဏ္ရာက စိုးရိမ္စရာေကာင္းတယ္လို႔ ေျပာဆိုခဲ့့့ျပီး ျမင္ေတြ႕ရမႈက စိတ္မခ်မ္းေျမ့ဖြယ္ျဖစ္တယ္လို႔ ေျပာခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs