• International Sports
    အစ္စတန်ဘူလ်ဒါဘီက ရန်ပွဲအတွက် ပေးဆပ်ခဲ့ရတဲ့ ဆိုဒါဒိုလ်
Pyae Phyo Thein
[Unicode Version]

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရောဘတ်တို ဆိုဒါဒိုလ်ဟာ ဂါလာတာစာရေး နဲ့ ဖီနာဘာချီတို့ရဲ့ ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ခဲ့လို့ (၆)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အသက် (၃၃)နှစ်အရွယ် ဖီနာဘာချီတိုက်စစ်မှူးဟာ ပြိုင်ဘက်ကစားသမားကို လည်ပင်းညှစ်ခဲ့တာ ဖြစ်ပါတယ်။

DrBirGTW4AAAurv-e1541190918635.jpg

Photo : Gazete TAMAM

 

တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ အစ္စတန်ဘူလ်ဒါဘီပွဲစဉ်ဟာ ပွဲအပြီးမှာ ပွဲကြမ်းခဲ့တာ ဖြစ်ပြီး နှစ်ဖက်ကစားသမားတွေကြား အပြန်အလှန်ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖီနာဘာချီကစားသမား ဂျေးလ်ဆန်ဟာ ဂါလာတာစာရေး ကစားသမားတွေရဲ့လိုက်လံထိုးကြိတ်မှုကနေလွတ်အောင် ရှောင်ပြေးခဲ့ရပြီး အဝတ်လဲခန်းအတွင်း ပြေးဝင်ခဲ့ရပါတယ်။

ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ခ် 

maxresdefault.jpg 

နှစ်ဖက်အသင်းက စုစုပေါင်း ကစားသမား (၅)ဦးကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဆိုဒါဒိုလ်က တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းရဲ့ နည်းပြ ဖိတ်တာရမ်ကတော့ (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးကို စော်ကားပြောဆိုမှုတွေအပြင် ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စကားအသုံးအနှုန်းတွေကြောင့် ပွဲပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

2453690-50972510-2560-1440.jpg

Photo : Euro Sports

 

လက်ထောက်နည်းပြ ဟာဆန်ဆက်စ်ကတော့ (၈)ပွဲ အပယ်ခံခဲ့ရပြီး ပြိုင်ဘက်အသင်းက ကစားသမားတွေကို ကိုယ်ထိလက်ရောက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းရဲ့ ကွင်းလယ်လူ မန်ဒက်စ်ရိုဒရီဂွက်စ်က (၆)ပွဲ၊ ရွိုင်ယန်ဒွန့်ခ်က (၃)ပွဲစီ အသီးသီး ပွဲပယ်ခံခဲ့ရတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။

5bdd6c9d66a97cf374eb860e.jpg

Photo : Fanatik

 

နှစ်ဖက်အသင်းစလုံးကိုလည်း ဒဏ်ငွေတပ်ရိုက်ခဲ့ပြီး ပြင်းထန်တဲ့ သတိပေးမှုတွေ တူရကီဘောလုံးအဖွဲ့ချုပ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂါလာတာစာရေးအသင်းက (၂)ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း ဖီနာဘာချီအသင်းက ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့လို့ သရေပွဲဖြစ်ခဲ့ပြီးနောက် ရန်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ တိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ေရာဘတ္တို ဆိုဒါဒိုလ္ဟာ ဂါလာတာစာေရး နဲ႔ ဖီနာဘာခ်ီတို႔ရဲ႕ ပြဲမွာ ျဖစ္ပြားခဲ့တဲ့ ရန္ပြဲမွာ ပါ၀င္ခဲ့လို႔ (၆)ပြဲပယ္ ျပစ္ဒဏ္ကို ခ်မွတ္ခံလိုက္ရျပီ ျဖစ္ပါတယ္။ အသက္ (၃၃)ႏွစ္အရြယ္ ဖီနာဘာခ်ီတိုက္စစ္မွဴးဟာ ျပိဳင္ဘက္ကစားသမားကို လည္ပင္းညွစ္ခဲ့တာ ျဖစ္ပါတယ္။

Photo : Gazete TAMAM

 

တစ္ဖက္ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ အစၥတန္ဘူလ္ဒါဘီပြဲစဥ္ဟာ ပြဲအျပီးမွာ ပြဲၾကမ္းခဲ့တာ ျဖစ္ျပီး ႏွစ္ဖက္ကစားသမားေတြၾကား အျပန္အလွန္ထိုးၾကိတ္မႈေတြ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ဖီနာဘာခ်ီကစားသမား ေဂ်းလ္ဆန္ဟာ ဂါလာတာစာေရး ကစားသမားေတြရဲ ႕လိုက္လံထိုးၾကိတ္မႈကေနလြတ္ေအာင္ ေရွာင္ေျပးခဲ့ရျပီး အ၀တ္လဲခန္းအတြင္း ေျပး၀င္ခဲ့ရပါတယ္။

ျပင္းထန္တဲ့ ဒဏ္ရာရရွိသြားခဲ့တဲ့ အာဆင္နယ္တိုက္စစ္မွဴး ၀ဲလ္ဘက္ခ္ 

 

ႏွစ္ဖက္အသင္းက စုစုေပါင္း ကစားသမား (၅)ဦးကို ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ျပီး ဆိုဒါဒိုလ္က တစ္ဦးအပါအ၀င္ ျဖစ္ခဲ့ပါတယ္။ ဂါလာတာစာေရးအသင္းရဲ႕ နည္းျပ ဖိတ္တာရမ္ကေတာ့ (၇)ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရျပီး ကြင္းလယ္ဒိုင္လူၾကီးကို ေစာ္ကားေျပာဆိုမႈေတြအျပင္ ပြဲအျပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တဲ့ စကားအသုံးအႏႈန္းေတြေၾကာင့္ ပြဲပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Photo : Euro Sports

 

လက္ေထာက္နည္းျပ ဟာဆန္ဆက္စ္ကေတာ့ (၈)ပြဲ အပယ္ခံခဲ့ရျပီး ျပိဳင္ဘက္အသင္းက ကစားသမားေတြကို ကိုယ္ထိလက္ေရာက္ ၀င္ေရာက္တိုက္ခိုက္္ခဲ့လို႔ ျဖစ္ပါတယ္။ ဂါလာတာစာေရးအသင္းရဲ႕ ကြင္းလယ္လူ မန္ဒက္စ္ရိုဒရီဂြက္စ္က (၆)ပြဲ၊ ရြိဳင္ယန္ဒြန္႔ခ္က (၃)ပြဲစီ အသီးသီး ပြဲပယ္ခံခဲ့ရတယ္လို႔ BBC က ေဖာ္ျပခဲ့ပါတယ္။

Photo : Fanatik

 

ႏွစ္ဖက္အသင္းစလံုးကိုလည္း ဒဏ္ေငြတပ္ရိုက္ခဲ့ျပီး ျပင္းထန္တဲ့ သတိေပးမႈေတြ တူရကီေဘာလံုးအဖြဲ႕ခ်ဳပ္က ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဂါလာတာစာေရးအသင္းက (၂)ဂိုးအသာနဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္လည္း ဖီနာဘာခ်ီအသင္းက ေခ်ပဂိုးေတြ ျပန္လည္သြင္းယူခဲ့လို႔ သေရပြဲျဖစ္ခဲ့ျပီးေနာက္ ရန္ပြဲျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs