• International Sports
    ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပထမဆုံးဂိုး ရရှိခဲ့တဲ့ ဂီရော့ဒ်
Pyae Phyo Thein
[Unicode Version]

မနေ့ညက ကစားခဲ့တဲ့ ဘိုရီဆော့ဗ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဂီရော့ဒ်က သွင်းယူပေးခဲ့ပါတယ်။ နိုင်ပွဲရရှိခဲ့တဲ့ ချယ်လ်ဆီးဟာလည်း ယူရိုပါလိဂ်ရဲ့ (၃၂)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပြီး အုပ်စုတွင်းမှာ လေးပွဲကစားအပြီး လေးပွဲစလုံးကို အနိုင်ရရှိခဲ့ပါတယ်။

i.jpg 

ပွဲကစားချိန် (၅၂)မိနစ်မှာ ဂီရော့ဒ်က အနိုင်ဂိုးကို အီမာဆင်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂီရော့ဒ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ဂီရော့ဒ်အတွက် ဒီနှစ်မှာ ချယ်လ်ဆီးအတွက် ပထမဆုံးသွင်းဂိုး ဖြစ်လာခဲ့ပြီး နည်းပြဆာရီရဲ့ လက်အောက်မှာ သူ့အတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

0010f6e1-1600.jpg

ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ((၁၂)ပွဲ ကစားပေးထားပြီး သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတဲ့ ဂီရော့ဒ်ဟာ ယူရိုပါလိဂ်ပွဲမှာ ဂိုးပေါက်ရှာတွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အဓိကကစားသမားတွေဖြစ်တဲ့ ရူဒီဂါ၊ ဒေးဗစ်လုဇ်၊ အလွန်ဆိုတို့ကို အနားပေးခဲ့ပြီး အရန်ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ကန်တေကို အနားပေးခဲ့တာ ဖြစ်ပါတယ်။

olivier-giroud-ap-1541730119.jpg

ဆာရီလက်ထက် ရှုံးပွဲမရှိစံချိန်ကိုလည်း ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ချယ်လ်ဆီးက ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲမှာ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဆာရီအတွက်လည်း ယူရိုပါလိဂ်အုပ်စုပွဲစဉ် (၁၀)ပွဲ ကိုင်တွယ်ခဲ့ရာမှာ (၁၀)ပွဲလုံးကို အနိုင်ရရှိခဲ့ပြီး စုစုပေါင်း (၂၈)ဂိုး သွင်းယူနိုင်ခဲ့ကာ (၄)ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအတွက် ပါဝင်ကစားပေးခဲ့တဲ့ ဘာကလေ၊ ကာဟေးလ်၊ နဲ့ လော့တပ်ချိခ် တို့ ဟာလည်း ၂၀၁၄ နောက်ပိုင်း ချယ်လ်ဆီးရဲ့ ဥရောပပြိုင်ပွဲတစ်ခုမှာ အင်္ဂလန်ကစားသမား (၃)ယောက် တစ်ပြိုင်နက်တည်း ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ မှတ်တမ်းကို ရရှိခဲ့ပါတယ်။

[Zawgyi Version]

မေန႔ညက ကစားခဲ့တဲ့ ဘိုရီေဆာ့ဗ္အသင္းနဲ႔ ပြဲစဥ္မွာ ခ်ယ္လ္ဆီးအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို တိုက္စစ္မွဴး ဂီေရာ့ဒ္က သြင္းယူေပးခဲ့ပါတယ္။ ႏိုင္ပြဲရရွိခဲ့တဲ့ ခ်ယ္လ္ဆီးဟာလည္း ယူရိုပါလိဂ္ရဲ႕ (၃၂)သင္းအဆင့္ကို တက္ေရာက္သြားခဲ့ျပီ ျဖစ္ျပီး အုပ္စုတြင္းမွာ ေလးပြဲကစားအျပီး ေလးပြဲစလံုးကို အႏိုင္ရရွိခဲ့ပါတယ္။

ပြဲကစားခ်ိန္ (၅၂)မိနစ္မွာ ဂီေရာ့ဒ္က အႏိုင္ဂိုးကို အီမာဆင္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ဂီေရာ့ဒ္က ေခါင္းတိုက္သြင္းယူေပးခဲ့ပါတယ္။ ဒါဟာ ဂီေရာ့ဒ္အတြက္ ဒီႏွစ္မွာ ခ်ယ္လ္ဆီးအတြက္ ပထမဆံုးသြင္းဂိုး ျဖစ္လာခဲ့ျပီး နည္းျပဆာရီရဲ႕ လက္ေအာက္မွာ သူ႔အတြက္ ပထမဆံုး ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီရာသီမွာ ခ်ယ္လ္ဆီးအတြက္ ျပိဳင္ပြဲစုံ ((၁၂)ပြဲ ကစားေပးထားျပီး သြင္းဂိုးတစ္ဂိုးမွ မရရွိေသးတဲ့ ဂီေရာ့ဒ္ဟာ ယူရိုပါလိဂ္ပြဲမွာ ဂိုးေပါက္ရွာေတြ႕သြားခဲ့ျပီ ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးဟာ အဓိကကစားသမားေတြျဖစ္တဲ့ ရူဒီဂါ၊ ေဒးဗစ္လုဇ္၊ အလြန္ဆိုတို႔ကို အနားေပးခဲ့ျပီး အရန္ကစားသမားေတြကို ပြဲထုတ္ခဲ့ပါတယ္။ ကြင္းလယ္မွာလည္း ကန္ေတကို အနားေပးခဲ့တာ ျဖစ္ပါတယ္။

ဆာရီလက္ထက္ ရံႈးပြဲမရွိစံခ်ိန္ကိုလည္း ဆက္ထိန္းထားႏိုင္ဆဲျဖစ္ျပီး ဥေရာပထိပ္တန္းလိဂ္ (၅)ခုမွာ ရံႈးပြဲမရွိေသးတဲ့ တစ္ခုတည္းေသာ အသင္းအျဖစ္ ခ်ယ္လ္ဆီးက ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ဥေရာပျပိဳင္ပြဲမွာ ေလးပြဲဆက္တိုက္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

 

ဆာရီအတြက္လည္း ယူရိုပါလိဂ္အုပ္စုပြဲစဥ္ (၁၀)ပြဲ ကိုင္တြယ္ခဲ့ရာမွာ (၁၀)ပြဲလံုးကို အႏိုင္ရရွိခဲ့ျပီး စုစုေပါင္း (၂၈)ဂိုး သြင္းယူႏိုင္ခဲ့ကာ (၄)ဂိုးသာ ျပန္လည္ခြင့္ျပဳခဲ့ရတယ္လို႔ သိရပါတယ္။ ခ်ယ္လ္ဆီးအတြက္ ပါ၀င္ကစားေပးခဲ့တဲ့ ဘာကေလ၊ ကာေဟးလ္၊ နဲ႔ ေလာ့တပ္ခ်ိခ္ တို႔ ဟာလည္း ၂၀၁၄ ေနာက္ပိုင္း ခ်ယ္လ္ဆီးရဲ႕ ဥေရာပျပိဳင္ပြဲတစ္ခုမွာ အဂၤလန္ကစားသမား (၃)ေယာက္ တစ္ျပိဳင္နက္တည္း ပထမဆံုးပါ၀င္ကစားေပးခဲ့တဲ့ မွတ္တမ္းကို ရရွိခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs