အူဒီးနီးစ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ဘက်တစ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ဟီဂွါအင် မပါဝင်နိုင်ခဲ့ပါဘူး။

ဂျူဗင်တပ်နဲ့ပွဲမတိုင်ခင် အေစီမီလန်အသင်းမှာ တိုက်စစ်မှူး ဟီဂွါအင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပေမယ့် နောက်ခံလူ မူဆက်ချီယိုကတော့ ဒဏ်ရာကြောင့် (၂)လလောက်နားရတော့မှာဖြစ်ပါတယ်။

45754080_192532878289938_3170438952603615232_n.jpg

ဟီဂွါအင်



ပြီးခဲ့တဲ့ နွေရာသီကမှ ဂျူဗင်တပ်ကနေ အေစီမီလန်ကို ပြောင်းခဲ့တဲ့ ဟီဂွါအင်ဟာ ဂျူဗင်တပ်အသင်းပိုင် ကစားသမားတစ်ဦး ဖြစ်နေသေးပေမယ့် စီးရီးအေ စည်းမျဉ်းတွေအရတော့ ပါဝင်ကစားခွင့်ရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အူဒီးနီးစ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ကြားရက်မှာကစားခဲ့တဲ့ ဘက်တစ်နဲ့ ယူရိုပါလိဂ်ပွဲကို မပါနိုင်ခဲ့ပါဘူး။

အေစီမီလန်အသင်းဟာ ဒီနောက်ပိုင်း ရလဒ်တွေ ပြန်ကောင်းခဲ့ပေမယ့် အသင်းမှာတော့ ဒဏ်ရာရကစားသမားတွေ များနေပါတယ်။ လူကပ်စ်ဘီဂလီယာ၊ ကယ်လ်ဒါရာနဲ့ ဘိုနာဗန်ကျူရာတို့ အပြင် ကာလာဘရီယာ၊ မူဆက်ချီယို၊ ကယ်ဟန်နော့ဂ်လူးနဲ့ ကာထရိုနီတို့လည်း ဒဏ်ရာရနေပါတယ်။

ကယ်လ်ဒါရာ



ဒါကြောင့် ဟီဂွါအင် ဒဏ်ရာပြန်လည်သက်သာလာတဲ့သတင်းက အေစီမီလန်နည်းပြ ဂတ်တူဆိုအတွက် တကယ့်ကို အားတက်စရာ ဖြစ်ခဲ့ပါတယ်။ အေစီမီလန်ရဲ့ ဒဏ်ရာရကစားသမားစာရင်းတွေထဲမှာ ကယ်ဟန်နော့ဂ်လူးနဲ့ ကာထရိုနီတို့ကတော့ ဂျူဗင်တပ်နဲ့ပွဲကို ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။

ဒါပေမယ့် အာဂျင်တီးနားနောက်ခံလူ မူဆက်ချီယိုအပါအဝင် ဘီဂလီယာ၊ ကယ်လ်ဒါရာနဲ့ ဘိုနာဗန်ကျူရာတို့ကတော့ ပါနိုင်မှာမဟုတ်တော့ပါဘူး။ မူဆက်ချီယိုဟာ ဒူးဒဏ်ရာတစ်ရပ်ကြောင့် (၂)လအထိ နားရဖို့ရှိပါတယ်။ ကြာသပတေးနေ့က ဘက်တစ်နဲ့ပွဲမှာ ကစားဖော် ကက်ဆီးနဲ့ ခိုက်မိပြီး အဆိုပါ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က