ပေါ်တူဂီဂိုးသွင်းစက်ဟာ ဆန်စီရိုကွင်းမှာ (၅)ကြိမ်လာရောက်ကစားခဲ့ဖူးပါတယ်။
Wai Lin Kyaw

ပြိုင်ဘက်ဂိုးပေါက်ထဲကို အဆုံးသတ်ရာမှာ ထူးချွန်တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆန်စီရိုကွင်းကြီးမှာ (၅)ကြိမ်ရင်ဆိုင်ခဲ့ဖူးပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိတာက ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဆန်စီရိုမှာ လေးကြိမ်ကစားဖူးပြီး တစ်ဂိုးမှမရသေးတာပါ။



Cris-Cris-696x451.jpg

Photo: The Sun

 

ဒီနေ့ည၊ အေစီမီလန်နဲ့ကစားမယ့် စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ဆန်စီရိုကွင်းမှာ ဂိုးမသွင်းဖူးသေးတဲ့ မှတ်တမ်းကို ချေဖျက်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဆန်စီရိုကွင်းမှာ ဂိုးမသွင်းဖူးဘူးဆိုလို့ ဒီကွင်းမှာ စီရော်နယ်ဒိုအနေနဲ့ တစ်ကြိမ်မှမကစားခဲ့ဖူးတာတော့မဟုတ်ပါဘူး။ အဆိုပါပေါ်တူဂီဂိုးသွင်းစက်ဟာ ဆန်စီရိုကွင်းမှာ (၅)ကြိမ်လာရောက်ကစားခဲ့ဖူးပါတယ်။ ကစားသမားဘဝတစ်လျောက် ဂိုးပေါင်း(၆၅၀)သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဆန်စီရိုကွင်းမှာ အေစီမီလန်အသင်းနဲ့ (၃)ကြိမ်၊ အင်တာမီလန်နဲ့(၁)ကြိမ်၊ အက်သလက်တီကိုနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ(၁)ကြိမ် ကစားခဲ့ဖူးပါတယ်။

Photo: The Sun

မက်ဂူရီယီနဲ့ မက်ဒီဆင်တို့ ဦးဆောင်ဆင်နွှဲခဲ့ကြတဲ့ လက်စတာ လမ်းလျှောက်ဂုဏ်ပြုပွဲ 

ရော်နယ်ဒိုဟာ မန်ယူမှာကစားခဲ့စဉ်က ဆန်စီရိုကွင်းကို (၂)ကြိမ်လာရောက်ကစားခဲ့ဖူးပြီး အေစီမီလန်နဲ့(၂)ကြိမ်ရင်ဆိုင်ခဲ့ရာ မှာ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ရီးရဲလ်မှာကစားခဲ့တုန်းကလည်ဆန်စီရိုကွင်းမှာ အေစီမီလန်နဲ့(၁)ကြိမ်၊ အင်တာမီလန်နဲ့(၁)ကြိမ်ကစားခဲ့စဉ်ကလည်း ရော်နယ်ဒိုဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ၂၀၁၆ ခုနှစ်က အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ဆန်စီရိုကွင်းမှာ ကစားခဲ့စဉ်က ရီးရဲလ်အတွက် အဆုံးအဖြတ်ပင်နယ်တီကို ရော်နယ်ဒို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပေမယ့် သာမန်ပွဲကစားချိန်အတွင်းမှာတော့ ဂိုးသွင်းဖို့ရုန်းကန်ခဲ့ရပါတယ်။

The Sun

 

တိုက်စစ်မှူးရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ရီးရဲလ်ကနေ ဂျူဗင်တပ်အသင်းကို (၄)နှစ်စာချုပ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းမှာလည်း ရော်နယ်ဒိုခြေစွမ်းပြကစားနိုင်ခဲ့ပြီး အခုရာသီပြိုင်ပွဲစုံ(၁၄)ပွဲမှာ (၈)ဂိုးသွင်းယူထားပါတယ်။ ရော်နယ်ဒိုဟာ  သူ့ရဲ့ကစားသမားဘဝတစ်လျောက် အောင်မြင်မှုများစွာရရှိခဲ့ဖူးပြီး Ballon d'Or ဆုကို (၅)ကြိမ်ရရှိထားသူလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က