မက်ဆီဟာ ဆီဗီလာနဲ့ပွဲက လက်ဖျံရိုးကျိုးခဲ့ပြီးနောက် (၃)ပတ်လောက်အထိ အနားယူခဲ့ရတာပါ။
Wai Lin Kyaw

ဒဏ်ရာကြောင့် အနားယူနေရတဲ့ မက်ဆီတစ်ယောက်ဘောလုံးပြန်ကစားဖို့အသင့်ဖြစ်နေပါပြီ။ ဘာစီလိုနာအသင်းအတွက်တော့ သတင်းကောင်းဖြစ်ပြီး ဘက်တစ်နဲ့ကစားမယ့်ပွဲမှာ မက်ဆီကို ပြန်မြင်ရဖို့ရှိနေပါတယ်။



46043978_2166899233575901_6967178656309313536_n.jpg

Photo: AS

 

လက်ဖျုံးရိုးကျိုးခဲ့တဲ့ မက်ဆီ အပါအဝင် ဘာစီလိုနာအသင်းရဲ့ဒဏ်ရာရကစားသမားအများစုဟာ ဒီတစ်ပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ဆီဗီလာနဲ့ပွဲက လက်ဖျံရိုးကျိုးခဲ့ပြီးနောက် (၃)ပတ်လောက်အထိ အနားယူခဲ့ရတာပါ။ အခုအခါ ဒဏ်ရာသက်သာလာပြီဖြစ်လို့   ဘက်တစ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Photo: AS

မက်ဂူရီယီနဲ့ မက်ဒီဆင်တို့ ဦးဆောင်ဆင်နွှဲခဲ့ကြတဲ့ လက်စတာ လမ်းလျှောက်ဂုဏ်ပြုပွဲ 

ဒဏ်ရာရကစားသမားအများစု ပြန်သက်သာလာပေမယ့် လူငယ်ကစားသမား ဒမ်ဘီလီကတော့ အသင်းစည်းကမ်းချိုးဖောက် မှုကြောင့် ဘက်တစ်နဲ့ကစားမယ့် ဘာစီလိုနာအသင်းရဲ့(၁၉)ယောက်စာရင်းမှာမပါခဲ့ပါဘူး။ ဒမ်ဘီလီဟာ ကြာသပတေးနေ့က အစာအိမ်ဝေဒနာကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်တဲ့အကြောင်းကို အသင်းတာဝန်ရှိသူတွေဆီ သတင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

Photo: AS

 

ဘာစီလိုနာအသင်းမှာ မက်ဆီအပြင် နောက်ခံလူ အမ်တီတီနဲ့ ဂိုးသမား တာစတီဂန်တို့လည်း ဒဏ်ရာသက်သာလာပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ အမ်တီတီဟာ ဒူးဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက နားခဲ့ရတာပါ။ ဒါပေမယ့် ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကတော့ မက်ဆီရော အမ်တီတီပါ ဘက်တစ်နဲ့ပွဲကို ဝင်ကစားနိုင်တဲ့ကြံ့ခိုင်မှုအပြည့်ရနေပြီလို့ ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က