မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့ပြီး လာလီဂါမှာလည်း (၃၄)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
William Y

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ မာကာသတင်းစာကချီးမြှင့်တဲ့ ၂၀၁၇-၁၈ ရာသီအတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံးဆုတို့ကို ပြီးခဲ့တဲ့တနင်္လာနေ့ကဘာစီလိုနာမြို့မှာကျင်းပတဲ့အခမ်းအနားမှာ လက်ခံရရှိခဲ့ပါတယ်။



Photo : Getty Images

 

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအနေနဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု(ဒီစတီဖာနို)ကို (၆)ကြိမ်ရရှိခဲ့ပြီး ဂိုးသွင်းအများဆုံးဆု(ပီချီချီ)ကို (၅)ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့ပြီး လာလီဂါမှာလည်း (၃၄)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဆုလက်ခံရရှိခဲ့ပြီးတဲ့နောက် ယခုရာသီလာလီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့အပေါ် ကျေနပ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo : Marca

 

မက်ဆီက “အရင်ကတွေထက် လာလီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်နေတာက ကောင်းပါတယ်။ ဒီမှာလွယ်ကူတဲ့ပွဲစဉ်တွေ မရှိပါဘူး။ ဘယ်အသင်းမဆို အနိုင်ရနိုင်ပါတယ်။ ဒါက ပရိသတ်တွေအတွက်ကောင်းမွန်ပါတယ်။ ဒီလိုမျိုးဆက်လက်ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် (၁၂)ပွဲကစားအပြီးမှာ ရမှတ်(၂၄)မှတ်နဲ့အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့် ဆီဗီလာ၊ အက်သလက်တီကို၊ အလာဗက်စ်တို့နဲ့(၁)မှတ်သာကွာဟနေပါတယ်။ ဒါ့အပြင် ရီးရဲလ်အသင်းကလည်း ရမှတ်(၂၀)နဲ့အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ဘာစီလိုနာနဲ့(၄)မှတ်သာကွာဟနေတာပါ။

အက်သလက်တီကိုဂိုးသမားဂျန်အော့ဘလက်ကလည်း ပြီးခဲ့တဲ့ရာသီလာလီဂါအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆယ်တာဗီဂိုတိုက်စစ်မှူးအက်ပက်စ်က လာလီဂါမှာ ဂိုးသွင်းအများဆုံးစပိန်ကစားသမားဆုနဲ့ ဗလင်စီယာနည်းပြမာဆယ်လီနိုကလည်း လာလီဂါအကောင်းဆုံးနည်းပြဆုတို့ကို ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က