၂၀၁၇ အတွင်းက ဖြစ်ပွားခဲ့တာပါ။

၂၀၁၇ ခုနှစ်အတွင်းက ဒေါ့မွန်အသင်းရဲ့ ဘတ်စ်ကားကို ဗုံးဖောက်ခွဲဖို့ ကြိုးပမ်းခဲ့တဲ့ အသက် (၂၉)နှစ်အရွယ် ဆာဂွီဝါနာဂိုးလ်ဟာ ထောင်ဒဏ် (၁၄)နှစ် ကျခံသွားရပြီလို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။  ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် မိုနာကို နဲ့ ဒေါ့မွန်တို့ ကစားမယ့် ပွဲမတိုင်ခင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။



Photo : Gist Junction

 

ဧပြီလအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါ့မွန်ကစားသမား ဘာထရာ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။ ဘာထရာ လက်ကောက်ဝတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်မောင်းမှာလည်း အရာဝတ္ထုထိမှန်မှုတွေကြောင့် ထိခိုက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ ဒေါ့မွန်အသင်းရဲ့ ဈေးကွက်ရှယ်ယာတွေလည်း ကျဆင်းခဲ့ရပြီး အသင်းအတွက် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

Photo : AS

 

"ဟိုတယ်ကနေ ၁၉း၄၅ နာရီမှာ ထွက်ခွာလာခဲ့ပြီး မိန်းလမ်းမကြီးပေါ်ကို ကားက တက်ဖို့ ပြုလုပ်ခဲ့စဉ်မှာပဲ ပေါက်ကွဲခဲ့တာပါ၊ ကျွန်တော်က ဘာထရာရဲ့နောက်မှာ ထိုင်နေတာဖြစ်ပြီး သူကတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ပြတင်းပေါက်နားမှာပါ၊ ပေါက်ကွဲသံကြားပြီး ကျွန်တော်တို့အားလုံး ကြမ်းပြင်ပေါ် ဝပ်နေခဲ့ရပါတယ်၊ ဘာတွေဖြစ်ခဲမှန်းကို မသိတော့သလို အဲဒီအချိန်မှာ ဘောလုံးကစားဖို့လည်း မတွေးတောနိုင်တော့ပါဘူး" လို့ ဒေါ့မွန်အသင်းရဲ့ ဂိုးသမား ရိုမန်ဘလစ်က ပေါက်ကွဲမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

Photo : AS

 

ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့ပြီးနောက် တရားခံဖြစ်သူ ဆာဂွီဝါနာဂိုးလ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး (၁)နှစ်ခန့်အကြာမှာ အပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝါနာဂိုးလ်အနေနဲ့ သူ့ရဲ့ လုပ်ရပ်အတွက် ရှည်လျားများပြားတဲ့ ထောင်ဒဏ်ကို ခံစားရတော့မှာလည်း ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲကစားခဲ့တဲ့ အခါမှာတော့ ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ မိုနာကိုအသင်းကို ၂-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

 

ထိတ်လန့်စရာအဖြစ်ကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ဒေါ့မွန်အသင်းတာဝန်ရှိသူတွေ အပါအဝင် ရဲတပ်ဖွဲ့ကပါ တရားခံကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့အတွက် စွမ်းစွမ်းတမံကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ Iduna ပန်းခြံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝါနာဂိုးလ်အနေနဲ့ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် စီရင်ချက်ချမှတ်ခံခဲ့ရပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က