မနှစ်က ရိုးမားအသင်းနဲ့အတူ လိဂ် ၃၇ ပွဲပါဝင်ကစားခဲ့ရာမှာ ၁၇ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒီဆုကို ရခဲ့သလို ပြောင်းရွှေ့ စရိတ်အမြင့်ဆုံး ဂိုးသမားလည်း ဖြစ်ခဲ့ပါတယ်။
Photo - Getty Images
လီဗာပူးအသင်းရဲ့ ဘရာဇီးဂိုးသမား အယ်လီဆင်ကတော့ မနေ့ညက ပေးအပ်ခဲ့တဲ့ အီတလီ စီးရီးအေ တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့ပါ တယ်။
အဂူရိုနဲ့ဟာဇက်ကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဆာလာ
ဒီဆုကို ဂျူဗင်တပ် ဂိုးသမား ဘူဖွန်က ၄ နှစ်ဆက်တိုက်လောက် ရယူထားတာဖြစ်ပြီး ဒီစံချိန်ကို အယ်လီဆင်က ချိုးဖျက်နိုင်ခဲ့တာပါ။
Photo - Getty Images
အယ်လီဆင်အနေနဲ့ ဒီဆုကို ရရှိခဲ့ခြင်းမှာ ပြီးခဲ့တဲ့ ရာသီက ရိုးမားအသင်းနဲ့အတူ ၃၇ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၁၇ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလက်စွမ်းကြောင့်လည်း တန်ဖိုးအမြင့်ဆုံး ဂိုးသမား တစ်ဦးအဖြစ် လီဗာပူးအသင်းက သတ်မှတ်ပြီး ပြောင်းရွှေ့စရိတ် ပေါင် ၆၅ သန်းနဲ့ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ခဲ့တာပါ။
Photo - IPA
ဂျူဗင်တပ် နည်းပြ အယ်လီဂရီနီကလည်း ယခင် နာပိုလီ နည်းပြဟောင်း ဆာရီကို ကျော်ဖြတ်ပြီး ၄ကြိမ်ဆက် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် တစ်နှစ်တာ အကောင်းဆုံ းနည်းပြဆုကိုရခဲ့ပါတယ်။
အင်တာမီလန်အသင်းက အိုင်ကာဒီကတော့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအပြင် တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကိုပါ ရရှိခဲ့ ပါတယ်။
Photo - Getty Images
ဒီပွဲကိုတော့ အီတလီ ဂန္တဝင်တွေဖြစ်ကြတဲ့ တော့တီနဲ့ ပီယာလိုတို့လည်း တက်ရောက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။